4

2.6K 338 8
                                    

Unicode

ရိပေါ်တို့ စာမေးပွဲတွေတောင် ဖြေလို့ပြီးပြီ
စာမေးပွဲပြီး ရင်ရှောင်းကျန့်ကို စက်ဘီစီးသင်ပေးမယ်လို့
သူကတိပေးထားတယ်။

ဒီနေ့ ရှောင်းကျန့်နဲ့ ကမ်းခြေဘက်မှာ စက်ဘီးစီးသွားသင်ဖို့
သူတို့ဆုံနေကျကားမှတ်တိုင်မှာပဲ ချိန်းထားတယ်။

သူရောက်လာတော့ ရှောင်းကျန့်ကရောက်နေနှင့်ပြီ
အင်္ကျီ အပြာ နဲ့ ဖိနပ် အဖြူလေး နဲ့ရှောင်းကျန့်က ရိပေါ် ပိုင်တဲ့ ပင်လယ်ပြာလေး ။

'ဒီနေ့တော့ စောသားပဲ '

'ငါက အချိန်တိကျပါတယ် ကွာ ဟိုတခါက ကိစ္စရှိလို့ပါ '

'အင်းပါလာ သွားရအောင် '

....

ရိပေါ်တို့ အခုရောက်နေတာ ကမ်းခြေ ဘေးကပတ်လမ်းလေးမှာ

'ရှောင်းကျန့် လာဟိုဘက်မှာ စက်ဘီးဌား တယ် '

ရှောင်းကျန့် လက်ကို ဦးဆောင် ဆွဲသွားတဲ့ ရိပေါ်နောက် အပြေးလိုက်နေရတယ်။

ငါဒီလက်ကို မလွှတ်တမ်း ဆွဲကိုင်ချင်တယ် ရိပေါ်ရယ်..

'ရော့ ..လာ တက် '

'မင်းသေချာ ကိုင်ထားနော် '

'အေးပါ မင်းအနာတရ ဖြစ်အောင်လုပ်ပါ့မလား '

ရှောင်းကျန့်စက်ဘီးကို ခွလိုက်ပြီး
ဘေးကရိပေါ် က စက်ဘီးလက်ကိုင်ကနေ
ရှောင်းကျန့်လက်တစ်ဖက်ကိုအုပ်ကိုင်ပြီး နောက်က စက်ဘီးထိုင်ခုံကို ကိုင်လျက်

'လက်ကိုင်ကို သေချာတည့်တည့်ထိန်းထား..
အင်း မယိုင်နဲ့လေ..... အင်းဟုတ်ပြီ '

'ငါ အခု နောက်က ကိုင်ပေးထားမယ် အဓိက က လက်ကိုင်ကိုမင်းထိန်း နိုင်ရင် စီးလို့ရပြီ ..နင်းတော့ '

ရှောင်းကျန့် နည်းနည်း အဆင်ပြေလာတာနဲ့ ရိပေါ်လည်း လွှတ်ပေးလိုက်သည်။

'ရိပေါ်.. ကိုင်ထားလား '

ဘာသံမှမကြား..
သူလှည့်ကြည့်တော့ ရိပေါ် ကသူနဲ့ ဝေးဝေးမှာ ကျန်ခဲ့ပြီ

သူ့ကို ထိန်းထားတဲ့ရိပေါ်မရှိဘူးစိတ်နဲ့ ကြောက်လန့်တကြား ဖြစ်ပြီး စက်ဘီးကယိုင်ထိုးကာ...

IF we Meet again Hikayelerin yaşadığı yer. Şimdi keşfedin