Final

3.7K 411 26
                                    

Unicode

"ကော်ဖီရပါပြီ သာယာတဲ့နေ့လေးဖြစ်ပါစေ "

ရိပေါ် ခုဆို ကော်ဖီဆိုင်လေး တစ်ဆိုင်မှာ အချိန်ပိုင်းဝင်လုပ်ဖြစ်နေတယ်
တက္ကသိုလ်လည်း တက်ရင်း ပိုက်ဆံလည်းရှာရင်း
သူ့ရည်မှန်းချက်အတွက်လည်း သင်ယူရင်းပေါ့။

သူကတော့ အထက်တန်းပြီးတဲ့နောက် ရိုးရိုးတက္ကသိုလ်တစ်ခုကိုပဲဝင်ခွင့်ရခဲ့တယ်

ကျောင်းသွားတယ် ကျောင်းကအပြန်ကော်ဖီဆိုင်မှာ အချိန်ပိုင်းလုပ်တယ် ကော်ဖီဆိုင်ပိုင်ရှင် အဖိုးဆီက ကော်ဖီဖျော်နည်းတွေသင်ယူတယ်
လူတစ်ယောက်ကိုလွမ်းတယ်
နေ့စဥ်ဘဝပါပဲ
သူကတော့ဒီအခြေအနေမှာ အသားတကျကို ပျော်ရွှင်နေပြီ။

"ရိပေါ် ရေ စာရောက်တယ်နော် "

သူ ရှောင်းကျန့်ထွက်သွားပြီး တစ်နှစ်အကြာမှာ စာအဆက်အသွယ်ရတယ် ။

ရှောင်းကျန့်က သူ့ဆီကို ၃ လတစ်ခါ ၄ လတစ်ခါလောက် စာပို့ဖြစ်တယ်။

ခုလည်း ရှောင်းကျန့်ဆီကပဲ ဖြစ်မှာပဲ လကုန်ရက်ဆို သူ့ဆီကလာနေကျ။

To Yibo

နေကောင်းတယ်မလား ရိပေါ် ။ ကျောင်းတက်ရတာကော အဆင်ပြေရဲ့လား ။အရင်လိုဂျစ်ကျပြီး စာကိုပြီးစလွယ်လုပ်နေတုန်းပဲလား ။ ငါတကယ်မင်းကိုလွမ်းတယ် မင်းရော လွမ်းနေပါ့ဦးမလား?
ငါ့ဆီ တစ်ခါတစ်လေမှ စာပြန်တဲ့မင်းကို ငါ့ကိုရောသတိရပါ့ဦးမလား အတွေးဝင်မိတာအမှန်ပဲ..

စောင့်နေပေးပါဦးရိပေါ် အတ္တကြီးမယ်မှန်းသိပေမဲ့လည်း
ဆက်တောင်းဆိုမယ် ။သိပ်မကြာတော့တာမို့ မင်းစောင့်နေမယ်ဆိုတာလည်းယုံကြည်နေတယ်။

မင်းရဲ့ကော်ဖီအရသာလေးတကယ်ကိုလွမ်းနေပြီ

......

ရိပေါ် ရဲ့ဒီနှစ်တွေအတွင်းပျော်ရွှင်ချိန်တွေဟာ ရှောင်းကျန့်ရဲ့ စာတွေဖတ်နေရတဲ့ အချိန်တွေထပ်တိုးလာတယ်။
လူကိုလွမ်းပေမဲ့ လက်ရေးလေးတွေကြည့်ပြီးပဲ အလွမ်းဖြေနေရတယ်

ရိပေါ်ကတော့ရှောင်းကျန့်လို အနုပညာမဆန်တော့ လွမ်းကြောင်းတွေတသီတသန်း မဖွဲ့နွဲ့ပြတတ်ဘူး။
ဒါပေမဲ့ မင်းကိုတစ်ရက်မှမမေ့သေး ကြောင်း
ညဘက်ဆို ကြယ်လေးတွေကြည့်ရင်း
ငါ့ချစ်ခြင်းမေတ္တာတွေ ပြောပြဖြစ်သေးကြောင်း
မင်းပြန်လာမှ အတိုးချပြောမယ် ။
လွမ်းတယ် ရှောင်းကျန့်ရေ!

You've reached the end of published parts.

⏰ Last updated: Dec 21, 2020 ⏰

Add this story to your Library to get notified about new parts!

IF we Meet again Where stories live. Discover now