Unicode

1.6K 103 5
                                    

"Ya!!! ဟန်ဂျီဝူး မပြေးမသွားနဲ့ချော်လဲနေမယ်..."
အနောက်က လီဆွန်း လှမ်းအော်တာကို လက်တစ်ဖက်ထောင်ပြပြီးဆက်ပြေးလာလိုက်တယ်။ ကျောင်း၀န်းထဲကထွက်လာပြီး bus stop အရောက်ဘယ်ဘက်လက်ကနာရီကိုပင့်ကြည့်မိတော့ 3:30PM ဘုရားမလို့ကားမပိတ်ပါစေနဲ့။
စီးရမယ့် bus လာတော့ အပြေးတစ်ပိုင်းခုန်တက်ပစ်လိုက်သည်။ ကျောင်းဆင်းချိန်မို့ ကားကထိုင်စရာခုံမရှိ။ သုံးမှတ်တိုင်လောက်ပဲစီးရမှာမို့ အဆင်းပေါက်နားကိုခပ်သုတ်သုတ်တိုးရပ်ပစ်လိုက်သည်။ လက်နာရီကို ထပ်မံ‌မြှောက်ကြည့်တော့ 3:40PM ။ 5 မိနစ်လောက်နဲ့တော့ ထ,မပြန်လောက်ပါဘူး။
ကိုယ့်ကိုကိုယ်ဖြေသိမ့်နေရင်း အတွေးထဲ၀င်လာတဲ့
မျက်စံညိုများ.....။ တွေးကြည့်ရုံနဲ့တင်ရင်ခုန်စေသည်။Korean ပေမယ့်ဖြူစွတ်မနေပဲခပ်လတ်လတ်အသားအရည်။ မျက်ခုံးတန်းသွယ်သွယ်နဲ့ ဖြောင့်စင်းနေတဲ့နှာတံ။ အရပ်မြင့်မြင့်နဲ့ ကြွေရုပ်လိုချောတဲ့ထိုအမျိုးသား၏အထူးခြားဆုံးကနှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်တိုင်း ဖြစ်ပေါ်လာတဲ့ လေးထောင့်ဆန်ဆန် BoxySmile ။ ထိုအပြုံးလေးကိုမြင်ယောင်လာတော့ကိုယ်ပါရမ်းယောင်ပြုံးမိလိုက်သည်။နင်တော့ ဆေးမရှိတော့ဘူး
ဟန်ဂျီဝူး....။
. . . . . . . .
ဆင်းရမယ့်နေရာရောက်တော့ ကရောကပါးပြေးဆင်းရသည်။
အေးအေးလူလူလမ်းလျှောက်နေကြတဲ့လူတွေကြားချွေးထွက်အောင်ပြေးနေသည်မှာသူမတစ်ယောက်တည်း။
Jeongdok Library ဆိုသောလမ်းညွှန်ဆိုင်းဘုတ်ကိုမြင်မှ ပြေးနေတဲ့အရှိုန်ကိုလျော့ချလိုက်သည်။ သစ်သားလှေကားလေးကနေတက်ကာတံတားလေး‌ကိုကျော်၊ လမ်းအနည်းငယ်လျှောက်ပြီးတော့ ချယ်ရီတွေဝေနေတဲ့ အ၀င်လမ်းလေးကခရီးဦးကြိုတယ်...။အမောတွေတောင်ပြေသွားသလို....။

။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
VANTE (one shot 💘)Where stories live. Discover now