-28-

1.1K 144 6
                                    

အပိုင်း(၂၈)_ သတင်းထောက်ကို ရှာတွေ့ပြီ

နေဘုန်းခတစ်​ယောက်​ နာရီလက်​တံရွေ့သံ တချောက်​ချာက်​ကို နားထောင်​ရင်း လက်​ပေါ်မေးထောက်​ကာ ထိုင်​နေမိသည်​။ အကြည့်​တွေက မှန်​တစ်​ထပ်​ သံတိုင်​တစ်​ထပ်​ကာရံထားသည့်​ တစ်​ဖက်​ခြမ်းရှိ နံရံဖြူဖြူဆီကို ပို့လွှတ်​ထားလျက်​ရှိသည်​။ သူရောက်​နေသည့်​နေရာကား ထောင်​ဝင်​စာတွေ့သည့်​ အခန်းငယ်​လေးတစ်​ခု အတွင်းတွင်​ ဖြစ်​လေသည်​။

ထိုအခိုက်​ သံတံခါးဆွဲဖွင့်​သံ ကြားလိုက်​ရသဖြင့်​ ကိုယ်​နေဟန်​ထားကို ပြင်​လိုက်​သည်​။ မရှေးမနှောင်းပင်​ ထောင်​ဝန်ထမ်းတစ်​ယောက်​နှင့်​အတူ ဝတ်​စုံပြာဝတ်​ထားသည့်​ ထောင်​သားတစ်​ယောက်ထွက်​လာသည်​။ နံပါတ် ​- ၂၄၄၄။ အသက်​သုံးဆယ်ဝန်းကျင်​ခန့်​ရှိပြီဖြစ်သော ထိုအမျိုးသားသည်​ ညာဘက်​ပါးပြင်​ပေါ်တွင်​ခြစ်​ရာကဲ့သို့ အမာရွတ်​တစ်​ခုရှိလေသည်​။

"ဟေး မတွေ့တာကြာပြီနော်​"

"ငါတော့မင်းနဲ့ ခဏ ခဏ မတွေ့ချင်​ဘူး နေဘုန်းခ"

တစ်​ဖက်​ကလူက အမြင်​မကြည်ဟန်​ရှိသော်​လည်း နေဘုန်းခကတော့ ဂရုစိုက်ခြင်းမပြုဘဲ ပြုံး၍ပင် နှုတ်ဆက်လိုက်သေးသည်။

"ဘာလို့လဲ၊ ငါလာမှ မင်းအကျိုးအမြတ်​ရမှာကို"

"Cobra အကြောင်းတော့ ငါတကယ်​မသိဘူးနော်​"

"Awl...Awl...ဆိုတဲ့ လူအကြောင်း သိချင်​တာ..."

ထိုသူမှာ ဒုစရိုက်​လောကထဲ သတင်းမုဆိုးအဖြစ်​ နာမည်​ကြီးသည့် ထိုင်းကပြားလူမျိုးတစ်ယောက် ဖြစ်လေသည်။ ယခုတော့ ထောင်​သားနံပါတ်​(၂၄၄၄) အဖြစ်ပြောင်းလဲခဲ့ရပြီဖြစ်လေသည်။ ဒီနေရာကို အရောက်​ပို့လိုက်​သူကလည်း တခြားမဟုတ်​။ သူ့ရှေ့တည့်​တည့်​တွင်ထိုင်နေသည့် နေဘုန်းခပင်​ဖြစ်သည်။

"လွှတ်ငြိမ်းခွင့်​၊ လုပ်​ပေးနိုင်​လား"

ထိုလူက အပေးအယူအတွက် သူ့တောင်းဆိုချက်ကို အရင်ဦးစွာပြောလာ၏။

"အဲ့ဒါတော့ မရဘူး"

"မရရင်​ပြန်​တော့..."

ထိုလူက ထိုင်​နေရာထဖို့ဟန်​ပြင်​သည်​။ နေဘုန်းခ အပြုံးမပျက်ထိုင်ကြည့်နေရာမှ ရုတ်တရက်ပြောလိုက်သည်။

The Dark Nights in the Rain Tempat cerita menjadi hidup. Temukan sekarang