-21-

983 120 6
                                    

အပိုင်း(၂၁)_ယုန်​ဖြူလေး (သို့မဟုတ်​) ကျွန်​တော့်​အစ်​ကို

ခိုပြာရောင်​ အခန်းစီးရှည်​များသည်​ မိုးသက်​လေကြောင့်​ ဟိုဒီလွှင့်​လူးနေကြသည်​။ တစ်​နေကုန်​ပူထားသဖြင့် ညနေစောင်းမှာ မိုးရိပ်​သမ်းလာသည်​။ အပြင်​မှာ မိုးတဖြောက်​နှစ်​ဖြောက်​ကျနေလောက်​ပြီထင်​ရသည်​။ ဧည့်​ခန်းထဲတွင်​ရဲဇာနည်​ရော နေဘုန်းပါ နှစ်​ယောက်သား မျက်​နှာချင်းဆိုင်​ရှိနေကြသည်​။ ဆိုဖာပေါ်​ထိုင်​ဘဲ ကြမ်းပြင်​က အညိုရောင်ကော်​ဇောပေါ် ခြေပစ်​လက်​ပစ်​ထိုင်​နေကြရင်း စကားမဆိုမိကြဘဲ အတွေးကိုယ်​စီဖြင့်​တိတ်​ဆိတ်​နေကြသည်​။

ရဲဇာနည်​စိတ်​တွေက လွန်​ခဲ့တဲ့နှစ်​တွေက မိုးရွာနေတဲ့ ညနေခင်းကို ပြန်​တွေးနေမိသည်​။ နေဘုန်းအတွေးထဲမှာတော့ မိုးဖွဲဖွဲညက ဝိုးတိုးဝါးတား အမှတ်​တရတစ်​ချို့ကို ပြန်​လည်​ပုံဖော်​နေမိသည်​။ မရည်​ရွယ်​ဘဲ ညာဘက်​လက်​ချောင်းတွေက ဘယ်​ဘက်​လက်​ကောက်​ဝတ်​က ဟမ်းချိန်းကို ပွတ်​သတ်​နေမိသည်​။

"အစ်​ကို အဲ့ဒီလူ ဓာတ်​ပုံထဲက အစ်​ကို့အချစ်​ဦးလေ"

ပထမဆုံး စမေးလာတဲ့ နေဘုန်းအသံက ဝမ်းနည်းမှုတို့ကြောင့်​အက်​ကွဲလျက်​ရှိသည်​။

"အင်း..."

တုန့်ပြန်လာသည့် ရဲဇာနည်​အသံကလည်း လေးတွဲတွဲဖြစ်လို့နေသည်။

"သူ့နာမည်​ ဘယ်​လိုခေါ်လဲ..."

"ယုန်​ဖြူလေးတဲ့၊ အစ်​ကိုကတော့ ယုန်​ဖြူလေးလို့ခေါ်တယ်​၊ 'နေမင်းသီဟ' တဲ့ သူ့နာမည်​က..."

ရဲဇာနည်​ရဲ့ ခပ်​ဆွေးဆွေးဖြေသံအဆုံး နေဘုန်း အံ့သြမှုတို့ကြောင့်​ သူ့ကိုယ်​လေး တောင့်​တင်းသွားသည်​။ မျှော်လင့်​ထားပြီးဖြစ်သည့်တိုင် အမှန်​တကယ်​ ကြားလိုက်​ချိန်​မှာတော့ နေဘုန်းခ တုန်​လှုပ်​သွားမိသည်​။

"သူ့အကြောင်း ပြောပြပါလား"

နေဘုန်းခ ထိန်းမရအောင်​တုန်းရီနေတဲ့ အသံဖြင့် ​ကြိုးစားပြီးပြောလိုက်​သည်​။ ရဲဇာနည်​က သူ့ရှေ့စားပွဲပေါ်က ဘီယာဘူးကိုဖောက်​ကာ မော့သောက်​လိုက်​ပြီး ဆွေးမြေ့စွာဖြင့် စကားဆက်သည်။

The Dark Nights in the Rain Where stories live. Discover now