아홉

9.2K 991 17
                                    

Unicode >>>>>

တိတ်ဆိတ်နေသော အခန်းထဲဝယ်
ငိုသံယဲ့ယဲ့လေး ထွက် ကာငိုနေတဲ့
တစ်ချိန်က မာကျောခဲ့တဲ့ ထယ်ယောင်း

" ငါ့ကို ငါ့အမ နဲ့ပေး တွေ့ခွင့်ပေးပါ
ဂျောင်ကု.... "

ဂျောင်ကု ရဲ့ ခြေထောက်တွေ ကို
အားကိုးတကြီးဖတ်တွယ်ကာ
တောင်းဆိုနေတဲ့ ထယ်ယောင်း...

" အိုးးး အဖိုးတန်လေး ရယ်
မင်းက တစ်ချိန်က ထယ်ယောင်း ရော ဟုတ်သေးရဲ့လား "

ထယ်ယောင်း ရဲ့ မေးစေ့ကို အတင်း
ဆွဲကာ ဖျစ်ချလိုက်တဲ့ ဂျောင်ကု

" မင်း ထွက်ပြေးချင်သေးလား.. "

ထယ်ယောင်း သူ မျက်ရည်တွေကို
သုတ်လိုက်သည် ဒေါသထွက်နေသာ
မျက်ဝန်းတွေဖြင့်

" ထွက်ပြေးချင်သေးတယ် မင်း အနားကနေ
ထွက် ပြေးချင်တယ် "

ဂျောင်ကု သူ့ အိတ်ထဲက အိတ်ဆောင် ဓားကိုပေးလိုက်သည်

" ငါသေမှဘဲ ရမယ်

ရော့ သိပ်ထွက်ပြေးချင်နေရင်
အဲ့ ဓားနဲ့ ငါ့ နှလုံးသားကို ထိုးသွား
လိုက် ပြီးရင် မင်းသွားတော့.... "

ဂျောင်ကု သူ့လက်ထဲသို့ ဓားကို ထိုးပေးလိုက်သည်

" ထိုးလိုက် ထယ်ယောင်း.... "

လက်တွေ က တုန်ရီနေသည် သူ့ကို
ထယ်ယောင်း မသတ်နိုင်ပါ

အသိစိတ်က သတ်ဖို့တောင်းဆိုနေလဲ နှလုံးသားက ဂျောင်ကု ကို
သတ်ဖို့မလိုလားပေ....

" မင်း အစ်မကို အဲ့လောက်သိပ်ချစ်တာလား?

ငါ့ကိုရော... ငါ့ကို ရော မင်း
မချစ်ဘူးလား.... "

" မင်းကိုလဲ မချစ်ဘူး ငါ့ကိုယ်
ငါလဲ မချစ်ဘူး ဘယ် သူမှကို
ငါ မချစ်ဘူး.... "

ထယ်ယောင်း ပြောလဲပြောရင်း
ဂျောင်ကု ပေးထားတဲ့ ဓားဖြင့်
သူ့လက်ကောက်ဝတ်ကိုလှီးချလိုက်သည်

" ကင်ထယ်ယောင်း!!!.... "

မြင်မကောင်းအောင် ကျလာတဲ့
သွေးတွေကို ဂျောင်ကု သူ့လက်ဖြင့်သွေးတိတ်အောင် ဖိပေးလိုက်သည်

𝑹𝒆𝒅 𝑪𝒂𝒏𝒅𝒚 [ Completed ]Where stories live. Discover now