Part-3

1.5K 218 5
                                    

#Zawgyi

"Magic Island"ဆိုတဲ့ဂိမ်းကရုပ်ထွက်ကောင်းသည့်အပြင်ကာရိုက်တာဒီဇိုင်းများလှပသောကြောင့် Reviewsကောင်းများစွာနဲ့ အတူနံမည်အကြီးဆုံးဂိမ်းအဖြစ်ရပ်တည်နေသည်။

Jungkook အခုလိုဂိမ်းထဲရောက်လာတဲ့အခါမှာတော့ ဒီဂိမ်းကအခုထက်တောင်ပိုပြီးနံမည်ကြီးသင့်တယ်လို့ 
တွေးမိသည်။မျက်မြင်တွေ့ ရတဲ့အခါမှာနေရာတွေက
ပိုပြီးတော့တောင်လှပနေသေးသည်။

အခုသူနဲ့ Jimin နဲ့ ကဒီGameရဲ့ centerနေရာဖြစ်တဲ့ဈေးထဲကိုရောက်နေကြတာဖြစ်သည်။
ဒီဈေးကတကယ့်ကိုအပြင်လောကနဲ့ တစ်ပုံစံထဲနီးပါးကိုတူလေသည်။ရောင်းချသည့်ပစ္စည်းအလိုက်ဈေးဆိုင်တန်းလေးတွေလဲခွဲထားသေးသည်။

ဒီဈေးမှာဆိုရင်တော့မင်းကမှော်ဆေးရည် မှော်လက်နက် အပြင်အဝတ်အစားများ နဲ့ အခြားလိုအပ်တဲ့ပစ္စည်းမျိုးစုံကိုဝယ်လို့ ရသည်။
ဒါပေါ့ပိုက်ဆံအလုံအလောက်ရှိဖို့ တော့လိုတာပေါ့။

"ရောက်ပြီ ဒီဆိုင်မှာမင်းအတွက်အသုံးဝင်မယ့်လက်နက်
တစ်ခုခုတော့ရှာတွေ့ မယ်ထင်တာဘဲ"

လမ်းလျှောက်နေရင်းရုတ်တရပ်ကြီးရပ်လိုက်တဲ့ Jimin ကြောင့်Jungkook jimin ရဲ့ကျောကိုဝင်တိုက်
မိတော့သည့်။
လခွမ်းဘဲဂိမ်းဆိုပေမယ့်တကယ်နာတယ်ဟ။ Jungkook နာသွားတဲ့သူ့ နှဖူးကိုပွတ်ရင်း Jimin ပြောတဲ့ဆိုင်ကိုမော့ကြည့်လိုက်သည်။

'MoonLight weapon shop'
သူမယုံနိုင်စွာ jimin ကိုလှည့်ကြည့်လိုက်သည်။

"မင်းနောက်နေတာလား ဒါMoonLight နော်
လမ်းဘေးကဆိုင်မဟုတ်ဘူး မင်းငါနဲ့အတူဂိမ်းဆော့လာတာ ၅နှစ်နီးပါးတောင်ရှိပြီဘဲငါဘယ်လောက်တောင်မွဲ
တေလဲဆိုတာမင်းသိပါတယ်"

'MoonLight weapon shop'ဆိုတာကတော့ severထဲမှာနံမည်အကြီးဆုံးဆိုင်ဘဲဖြစ်သည်။
ဒီဆိုင်ကလက်နက်မှန်သမျှကတော့အကောင်းတကာ့
အကောင်းဆုံးတွေသာဖြစ်လေသည်။
ပစ္စည်းကောင်းမှန်သမျှကလဲဈေးကောင်းပေးရတာကြီး ဘဲဖြစ်တာကြောင့်ဒီဆိုင်မှာရှိတဲ့လက်နက်တွေထဲက
အနိမ့်ဆုံးကတောင်ဈးသိန်းချီပေးရလေသည်။
တကယ့်ကို သူဋ္ဌေးသားသမီးတွေကတော့ဝယ်ဆော့
ကြသည်။ သူ့ လိုလူအတွက်ကတော့ဒီလိုဆိုင်မျိုးဆိုတာ အနားတောင်ကပ်သင့်တဲ့နေရာမဟုတ်ပေ။

" Dealing with the devil "Unde poveștirile trăiesc. Descoperă acum