1

23.1K 1.3K 61
                                    

ရာသီဥတုက ကောင်းကင်ပြာပြာအောက်မှာ
အဆုံးစွန်ထိ သာယာလှနေတဲ့ နွေဦးရာသီချိန် ။

ချယ်ရီပင်တွေ အစီအရီတွေကြား
မိသားစုတွေ စုံတွဲတွေ သူငယ်ချင်းတွေ
ဓာတ်ပံုရိုက်သူတွေနဲ့ စည်ကားနေတော့သည်။

Sunday ဖြစ်တာမို့ သာမာန်ထပ် လူပိုများနေတဲ့
ပန်းခြံအတွင်း Chanyeol တစ်ယောက်သာ
ကင်မရာကြီးလည်ပင်းမှာဆွဲပြီး
အရ်ိပ်တစ်နေရာကနေ ဟိုရိုက်ဒီရိုက် နဲ့။

ရုတ်တရက် ကင်မရာမြင်ကွင်းထဲ ဝင်လာတဲ့ပုံရိပ်လေး။

ကင်မရာကို မဖယ်ဘဲ မြင်နေရတဲ့ပုံရိပ်လေးကို
ရိုက်ယူနေမိသည်။

Hoodie အဖြူရောင်လေးကို ဒူးအထက်ဘောင်းဘီအမဲလေးနဲ့တွဲဝတ်ထားတဲ့ လူကောင်မထွားတဲ့ ကောင်လေးတစ်ယောက်။

Capဦးထုပ်အမဲလေးလည်းဆောင်းထားသေးတဲ့အပြင်
နှုတ်ခမ်းနှစ်လွှာကြား တုတ်ထိုးချိုချဉ်လေးကပါ နေရာယူထားသေးသည်။

သူ့ဆီရောက်လာတဲ့ ဘောလုံးလေးကိုကလေးတစ်ယောက်ဆီကို အသာပြန်ကန်ပေးရင်း ထိုကလေး ခေါင်းလေးကိုပါ အသာပုတ်ကာ ပြုံးရယ်ပြနေတဲ့သူ။

အပြုံးတွေကို သေချာမြင်ရစေရန် ကင်မရာကို ဖယ်ပြီး
သေချာငေးကြည့်နေမိသည်။

လှပသာယာနေတဲ့ ရာသီဥတုနဲ့ ကောင်းကင်ပြာပြာအောက်က ကောင်လေးတစ်ယောက် ။

ဒုတ် ဒုတ်

ဟာ ။

ထွက်သွားတဲ့ကျောပြင်လေးကို လိုက်ကြည့်နေမိသည်။
သူအခု ရင်တွေခုန်နေတာလား ။

အမြန်ထကာ ထိုကောင်လေးနောက် အမှီလိုက်သော်လည်း
ချယ်ရီပင်တန်းကြီးကြားက လူတွေကြား
အဖြူရောင်အရိပ်လေးက ရှာမတွေ့တော့ ။

_____________________

"ဟာ မင်းဟာကလည်း ဒီအတိုင်းလေးတွေ့လိုက်တာကို
ချန်းယောလ်ရာ "

ရီရှင်းက ဘာမှမထူးသလို သူ့ကို ခပ်ပေါ့ပေါ့သာပြောရင်း
ကောရစ်တာတစ်လျှောက် ဖြတ်သွားဖြတ်လာတွေကို
လိုက်ကြည့်နေသည်။

"မဟုတ်ဘူး ရီရှင်း ငါတကယ်ကြီး ထင်တယ် "

"မင်းမှာ သူ့ပုံတွေရှိတယ်မလား "

JOYOUS Donde viven las historias. Descúbrelo ahora