14

2.7K 340 84
                                    


Zawgyi

ဆောင်းဦးဝင်နေပြီ လမ်းမ မှာ
အရောင်အသွေးစုံလင်တဲ့အနွေးထည်၊
မာဖလာများဖြင့် လူတွေ​ကျင်လည်
နေကြသည်။

ဒီနှစ်ရဲ့ ပထမဆုံးနှင်းကျတာ နောက်ကျ
မယ်လို့ သတင်းတော့ကြားထားသည်။
နဂိုထဲက ဘာကိုမှစိတ်မဝင်စားတာမို့
နှင်းကျတာ မကျတာ သူ့အလုပ်မှမဟုတ်
တာ ။

ဒီနေ့ အတန်းမှာဆရာမမလာတာရယ်
တခြားအတန်းလဲတက်ဖို့ပျင်းလာတာမို့
ကျောင်းထဲကထွက်ပြီး စာကြည့်တိုက်
ကိုလမ်းလျောက်သွားနေလိုက်သည်။

အခုတလော Jimin နဲ့တောင် သိပ်မတွေ့
ဖြစ်သလို ။ တစ်ယောက်နဲ့တစ်ယောက်
Ph အဆက်အသွယ်ရှိပေမဲ့လဲလွမ်း​ပါသည်။

"Hyung!! "

Jimin အကြောင်းတွေးနေရင်းမှ အသံ
ကြားလို့ လှည့်ကြည့်လိုက်တော့ တစ်ဖက်
ကားလမ်းမ မှာ သူကိုခုန်ပေါက်ပြီ တာတာ့
လှမ်းပြနေသည်။

ဆောင်းဦးရောက်ပြီမို့ အနွေးထည်ထူထူကြီး
နဲ့ဖက်ထုပ်လေးဖြစ်နေသည်။ အေးလိုနဲ့တူ
သည်။ နှာထိပ်လေးလဲနီရဲနေသည်။

မီးနီသွားတော့ လူတွေအများကြီး
ဒီဖက်ကိုကူးလာသည်။ ထိုထဲမှာမှ
လှုပ်တုပ်လှုပ်တုပ်ခုန်ဆွဆွဖြင့် သူ့ဆီ
ကိုလာတဲ့ ဖက်ထုပ်လေး ။

ချစ်စရာကောင်လေး ထိုကောင်လေးပဲ
Sexy ကျလဲ ထိုကောင်လေးပဲ
ခန့်ချောနေလဲ ထိုကောင်လေးပဲ

ထိုကောင်လေးတွေများလိုက်တာ
အကျဉ်းချုံးကတော့ ထိုကောင်လေးက
Perfect ဖြစ်ပြီး သူရဲ့မူပိုင်လေးပေါ့

"Yoongi hyung..."

အပြေးလာပြီး လည်ပင်းကို ဖက်လာတဲ့
ကောင်လေးကိုထိန်းပေးလိုက်တော့
ရီသံထွက်လာတယ်။

နှစ်ယောက်သာချိန်းထားခြင်းမဟုတ်ဘဲ
တွေ့တာမို့

"ပြောပါဦး ဒီဖက်ကိုဘာလာလုပ်တာလဲ "

"ကျွန်တော်တို့ကျောင်းက စိနီယာတန်း
တွေ ပြိုင်ပွဲရှိသည်။ ဂျူနီယာတွေလဲ
ကြည့်လို့ရတယ်ဆိုပေမဲ့ ကျွန်တော်က
Yoongi ကို လွမ်းလို့ "

Jimin စကားကို သိပြီဆိုတဲ့သဘောဖြင့်
ခေါင်းငြိမ့်ပြလိုက်သည်။

Without MeTahanan ng mga kuwento. Tumuklas ngayon