16

2.5K 274 73
                                    

တိတ်ဆိတ်ကြီးကျယ်တဲ့အခန်းတွင်းက လူနှစ်ဦး။ အပြာရောင် အကျီနဲ့ စကပ်အား တွဲ၍
ဝတ်ထားသော မိန်းမ တစ်ဦးက သူ့လက်ထဲက
စာရွက်တို့အား တစ်ရွက်ချင်းစီလှန်ကာ
ထိုစာရွက်ပေါ်အား အာရုံသာစိုက်နေပုံ။

အဝတ်အစားတို့နဲ့ အပြင်အဆင်က အထက်တန်းလူတန်းစားမှန်း သိသာသည်။ တည်ငြိမ်လှတဲ့ ထိုအမျိုးသမီရဲ့ အပြုအမှုကလဲ သြဇာ ညောင်းလှတဲ့အသွင်အပြင်ဖြင့်သာ။

ထိုအမျိုးသမီးရဲ့ အရှေ့မှာတော့အတွင်းရေးမှူး ဖြစ်ဟန်လူက တိတ်ဆိတ်စွာ
ရပ်နေသည်။

စာရွက်တို့ရဲ့နောက်ဆုံးစာမျက်နှာကိုလှန်ပြီး
တပ်ထားသော မျက် မှန်အား ချွတ်လိုက်ကာ
သက်ပြင်းတို့ကို ခပ်လေးလေးချလိုက်ပြီး
တစ်လုံးချင်းပီသစွာ ထွက်လာတဲ့စကားလုံး
များ။

" Yoongi ရဲ့ခြေလှမ်းတွေကို စောင့်ကြည့်ထား
ဒုတိယ Kim TaeHyung ဖြစ်မှာ ငါမလိုချင်ဘူး"

"ဟုတ် သခင်မကြီး "

နှစ်ခွန်းထဲသော စကားနောက်ကွယ်မှာဘာတွေ
ပါဝင်နိုင်လဲဆိုတာ ဘယ်သူမှမသိနိုင်ပါ။







တီ!

ရေချိုးခန်းမှ ထွက်လာရင်း ဖုန်းရဲ့msg မည်သံ
ကြောင့် ဖွင့်ကြည့်လိုက်တော့ သူရဲ့တစ်ဦးတည်းသော ချစ်ရသူလေး။

(hyung ရေ. . . )
(ဟာ စာမပြန်သေးဘူး. . . )
( ချေနေတာလား?? )
(MIN YOONGI SHII )
(အရူးကြီး )

ဆက်တိုက်ပို့ထားသော စာတွေကြောင့် သူရီနေ
တုန်းမှာပင် ထိုကောင်လေးရဲ့ ဖုန်းကဝင်လာပါ ေရာ။

"Hel - "

"Min Yoongi shi ကျွန်တော် စာပို့တာဘာလို့
မပြန်တာလဲ "

ခပ်စူးစူး စွာသံကြောင့် နားအူသွားပေမဲ့လဲ
ထိုစွာသံနဲ့အတူ နှုတ်ခမ်းတို့က ချစ်စရာကောင်း
လောက်အောင် ထော်နေမည်ဆိုတာ ကြိုသိပြီး
ပြုံးနေမိသည်။

"ကိုယ်ရေချိုးနေလို့ပါ "

"အာ. . အဲ့လိုလား ဟီး ဆောရီးပါ hyung "

ဟော အခုတော့ သွားဖြီးပြီး မျက်လုံးလေးတွေ
ပျောက်ပြီးပြုံးနေမယ်ဆိုတာ သူပုံဖော်လို့ရနေ
ပြန်ပြီ။

Without MeWhere stories live. Discover now