Someone (2)

10.2K 525 4
                                    

Unicode

"ကိုယ် ...ကိုယ် ...
မင်းကို.. ဓာတ်ပုံလေးရိုက်ချင်လို့ "

သွားပါပြီ ဒီပါးစပ်
သူပြောချင်တာဒီ စကားမဟုတ်ဘူး
ဘာတွေ ပြောနေမိမှန်းကိုယ်တိုင်မသိ
သူစကားကြားတော့ သူမက
တချက်ရယ်ကာ

" ယူ တို့ ပုံရိုက်ပြီး ပြိုင်ပွဲဝင်မလို့လား
ဟင်း ဟင်း "

သူတော်တော်လေးရှက်မိပါတယ်
သူမရယ်လိုက်တိုင်း သွားစွယ်လေးတွေကို
ပေါ်လာတာကိုငေးကြည့်နေပြီး
တော်တော်နဲ့ သူပြန်မပြောနိုင်ခဲ့

" ကိုယ် မင်း ခွင့်ပြုမယ်ဆို တစ်ပုံပဲ
ဖြစ်ဖြစ် ရိုက် ချင်တယ် လေ
နော် ခွင့်ပြုမလား "

" ယူ ကော်ဖီတိုက်လို့ ခွင့်ပြုပေးလိုက်မယ်
ဒါပေမဲ့ ယူပြောတဲ့အတိုင်း တစ်ပုံပဲနော် "

သူမလေးက သူစကားအတိုင်း တစ်ပုံပဲ
ခွင့်ပြုတော့ သူကျေနပ်ပါတယ်
တစ်ပုံလဲ တစ်ပုံ ပဲပေါ့ လေ

"ဒါဆို ဟို ဘက်ဘေးက
ကျောက် ဆောင်မှာ ရပ်လိုက်နော်
ကိုယ် နဲနဲ ဆင်ပြီးရိုက်ချင်လို့
နေလုံးလေးလဲ တက်လာပြီဆိုတော့
ကိုယ်နောက်ဘက်ကရောင်နီလေးနဲ့
ရိုက်ချင်တယ် ရမလား "

" ယူ သဘောပါ
ယူအဆင်ပြေသလိုလုပ် "

" အင်း ဒါဆိုကိုယ်
ဆင်လိုက်မယ် နော်"

"အင်းပါ စောင့်ပါ့မယ်"

သူအမြန် ပဲ ကျောက်ဆောင်ဘေးနားကို
စက်ဘီးလေးတွန်းပြီး ထောက်ထားလိုက်တယ်
ကျောပိုးအိတ်ကို သူမဆီပေးပြီး

" အိတ်ကို နောက်မှာလွယ်လိုက်နော်
ကော်ဖီဗူးလေးကိုင်ထားပြီး
ရောင်နီဘက်ကို တိုက်ရိုက်မလှည့်နဲ့
ဘေးတစောင်းနဲ့ ငေးတဲ့ပုံလေး နေပေး"

"စက်ဘီးကို မှီထားရမလား "

သူမလေး က သူနေခိုင်းတာကို သိတဲ့အလား

" အင်း မှီပြီး စက်ဘီး လက်ကိုင်ကို
ကျန်တဲ့ လက်တစ်ဖက်နဲ့
ထိန်းတဲ့ပုံလေး လုပ်လိုက်နော် "

"အင်း "

သူလိုချင်တဲ့အနေအထားလေးရပါပြီ
နောက်ကရောင်နီရယ် ဘေးက ကျောက်ဆောင်ရယ်
စက်ဘီးကိုမှီပြီး လက်တစ်ဖက်က ကော်ဖီဗူးကို ကိုင်ပြီး
ဘေးတစောင်း ငေးတဲ့ပုံလေးက တကယ့်ကို Perfect
ဖြစ်တဲ့ပုံလေးပါ ကင်မရာကနေတဆင့် သူမမျက်နှာကို
ကြည့်ပြီး အရမ်း သဘာဝကျတဲ့ ပုံကို သူရိုက်ယူလိုက်တယ်

SomeoneWhere stories live. Discover now