Someone (5)

8.3K 477 6
                                    


Unicode

"ပေါက်ကျော်ငါးကင်ဆိုင်"

မြူက ကားပါကင်နေရာလုပ်ထားတဲ့
ဆိုင်ဝန်းတွင်းက ပါကင်နေရာလေးမှာ
အရိပ်ရှိတဲ့နေရာမှာ ကားကိုရပ်လိုက်တယ်။

ဘန်ဂလိုပုံစံတဲငယ်လေးတွေ
လေးငါးဆယ်လုံးလောက်ရှိမယ်ထင်တယ်
ရေပေါ်မှာ ဆောက်ထားတာ
တံတားတွေအပြည့်ထိုးပြီး ဘန်ဂလိုတစ်လုံးနဲ့တစ်လုံး
သွားရလွယ်အောင်လုပ်ထားတာ ဆိုင်အပြင်အဆင်လဲ
သန့်ရှင်းသပ်ရပ်နေတယ် ။

မြူက ရှေ့ကနေဦးဆောင်သွားပြီ
နေရာလွတ်တဲ့ ဘန်ဂလိုတဲလေးမှာ
ဝင်ထိုင်လိုက်တယ် သူလဲ မြူနဲ့ မျက်နှာချင်းဆိုင်
နေရာလေးမှာ ထိုင်ချလိုက်တယ်
ထိုင်ချဆို စားပွဲဝိုင်းလေးနဲ့ ဖျာခင်းပြီး အောက်မှာ
ထိုင်ရတာကိုး နောက်ကလိုက်လာတဲ့ waiter
ကိုမြူက Menuကြည့်ပြီးမှာနေတယ်

"နေသာ
ဘာမှာမလဲ Menu ကြည့်လေ
ယူစားချင်တာမှာ"

" ငါးကင်ပါတာဆို ရပြီမြူ
ကျန်တာတော့ ကြိုက်တာမှာလိုက်ပါ "

"ဒါဆို စကောထမင်းမှာလိုက်မယ်နော်
အစုံပါတယ် ငါး ကြက် ဝက်
သတ်သတ်လွတ်ဟင်းတွေစားကောင်းတယ်
ရန်ကုန်နဲ့မတူဘူး ဒီမှာက
အင်းသားရိုးရာဟင်းတွေလေ"

" စားမယ်လေ ရိုးရာဆိုကြိုက်တယ်
မှာသာမှာ "

မြူက waiterကို စကောထမင်း၂ယောက်စာတစ်ပွဲနဲ့
သောက်ဖို့သစ်သီး ဖျော်ရည် ၂ခွက်မှာလိုက်တယ်
သူတဲဘေးကိုကြည့်လိုက်တော့ အောက်ကရေထဲမှာ
ငါးလေးတွေကိုတွေ့ရတယ် တီလားဗီးယား ငါးတွေ

" မြူ ဒီငါးတွေ က စားဖို့လား"

သူမေးလိုက်တံအခါ မြူက တစ်ချက်ထကြည့်ပြီး

"ဟုတ်တယ် နေသာ စားဖို့
အင်းစားဖို့ထက် ဧည့်သည်တွေကို
ဆွဲဆောင်တာလဲပါတယ်
ကိုယ်တိုင် ငါးမျှားလို့ရအောင်လုပ်ထားတာလေ"

"ဘယ်လို "

"အော် နေသာရဲ့
ကိုယ်တိုင်ထိုင်မျှားပြီး
ဆိုင်ရှင်ကိုပြန်ချက်ခိုင်းတာလေ
ဒီကဆိုင်တွေအကုန်လုံးအဲ့လိုပဲ
ငါးရရင်တော့ ပိုက်ဆံပေးရတာပေါ့"

SomeoneWhere stories live. Discover now