^Unicode^
တဖြည်းဖြည်းနဲ့ကျောင်းတက်လာက တစ်လလောက်ရှိပြီ။ လင်းရှိန်နဲ့ ဈာန်မျိုးသစ်ရဲ့ အကြောင်းကပျံ့နှံ့နေတုန်းဆိုပေမယ့် အရင်ကလောက်ထိ ရုတ်ရုတ်သဲသဲတွေမဖြစ်တော့.။ လင်းရှိန်ကိုလည်းသူတက်နိုင်သမျှရှောင်နေမိတာပဲ။ အတန်းထဲမှာပဲဖြစ်ဖြစ်..အခန်းထဲမှာပဲဖြစ်ဖြစ်..လင်းရှိန်ကိုမျက်နှာချင်းမဆိုင်မိအောင်နေဖြစ်တော့သည်။ လင်းရှိန်ကလည်း ဒီရက်ပိုင်းသူ့ဘက်ကို အာရုံရောက်မလာဘဲဘာ တွေအလုပ်ရှုပ်နေမှန်းမသိတော့.. ဈာန်မျိုးသစ်တို့တစ်ယောက်လွတ်လပ်ရေးရနေတော့သည်။
ဒါပေမယ့်လည်းပေါ့...အရှုပ်တစ်ခုမရှိတော့ နောက်ထပ်အရှုပ်ကရောက်လာတယ်။ လပတ်စာမေးပွဲကတဖြည်းဖြည်းနီးလာပြီ။ဈာန်မျိုးသစ်အပါဝင် ကျောင်းသားတော်တော်များများလည်း စာကိုဖင်ကုန်းကျက်နေရပြီ။ ဈာန်မျိုးသစ်က စာမတော်မညံ့ သာမန်ကျောင်းသားတစ်ယောက်။ စာကျက်မှာကိုသေမလိုပျင်းတဲ့ကျောင်းသား။ စာမေးပွဲအချိန်ကတစ်ပတ်လောက်လိုသေးတယ်ဆိုတော့ ဈာန်မျိုးသစ်တစ်ယောက် One Subject One Night လုပ်ဖို့စိတ်ကူးပြီးသား။ ဒါပေမယ့် ဈာန်မျိုးသစ်ကိုအဓိကဒုက္ခပေးနေတာကြီးရှိနေသေးတယ်..
သင်္ချာ....။ ဟုတ်တယ်..။ သင်္ချာကြီး..။ သူငယ်တန်းကနေစပြီး အခုလိုအထက်တန်းရောက်ထဲအချိန်ထိ ဒုက္ခအပေးနိုင်ဆုံးဂြိုလ်သားတို့ရဲ့ဘာသာရပ်ကြီး...။ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား ရရုံနဲ့တင် လူတောတိုးလို့ရနေပြီကို..ဘာလဲ..square rootတွေ..ရှိတ်တာတွေ...X တွေ Yတွေ မသိကိန်းတွေနဲ့ ...။
Maths is ဈာန်မျိုးသစ် စတိုင်လ် အာညီးယားပါပဲ ။
"ငါတို့ရောက်ပြီကွ!!"
ဈာန်မျိုးသစ် အတွေးတွေလွန်နေတုန်းမှာ အော်သူရဲ့ ခပ်ကျယ်ကျယ်အသံကြီးကထွက်ပေါ်လာသည်။
ဟုတ်သား...၊ စာလုပ်မယ်ဆိုပြီးဒီကောင်တွေကိုခေါ်ထားသေးတာပဲ...
သက်ပိုင်ဆိုတဲ့တစ်ယောက်ကလည်း..စာမေးပွဲနီးလာတာနဲ့စာကြည့်တိုက်မှာပဲအချိန်ကုန်နေတာရယ်...လင်းရှိန်ကလည်းအခန်းထဲသိပ်မရှိတာရယ်နဲ့ ဈာန်မျိုးရဲ့ အခန်းကဒီရက်ပိုင်း သူတို့သူငယ်ချင်းအုပ်စုစာစုလုပ်နေရာကြီးကိုဖြစ်နေတာ..။
YOU ARE READING
Fight or Love
RandomKay's first fiction. Love stories in high school.❤️ First started date -25.3.2020 ^Now on editing....^
