အပိုင်း ^ ၁၁ ^

1.5K 134 26
                                        

^Unicode^

အခန်းထဲမှာအခုလင်းရှိန်နဲ့ ဈာန်မျိုးသစ်နှစ်ယောက်တည်း။ လင်းရှိန်ပြောတဲ့စကားကိုကြားပြီး၊ဈာန်မျိုးသစ်ကတော့ မဖြစ်နိုင်ဘူးဆိုတဲ့ မျက်ဝန်း‌တွေနဲ့ လှမ်းကြည့်လို့ကောင်းတုန်း။ 

"စာရှင်းပြပေးရမလားလို့ဆို.."

အင်မတန့်အင်မတန်စိတ်ရှည်နေတဲ့လေသံဖျော့ဖျော့နဲ့ လင်းရှိန်ကလှမ်းမေးသည်။မျက်နှာထားကလည်းယုံကြည်ချက်အပြည့်နဲ့။

"မင်းကဘာလို့စာရှင်းပြ‌ပေးမှာတုန်း..."

ဈာန်မျိုးသစ် ခနဲ့တဲ့လေသံနဲ့ ပြောလိုက်သည်။ တကယ်မယုံချင်စရာကြီး.။လင်းရှိန်စာလုပ်တာသူခုထိတွေ့သေးတာမဟုတ်။ဒီလိုလူကစာပြပေးရမလားမေးတော့ ဈာန်မျိုးသစ် သိပ်တော့ဘဝင်မကျ။ 

"ရှင်းရှင်းလေးပဲ...ငါအရမ်းရနေလို့ပေါ့ကွာ..."

"မယုံဘူး..မရှင်းပြနဲ့!! .."

ဟုတ်တယ်မယုံဘူး...
လင်းရှိန်ဆိုတဲ့ကောင်ကယုံရတာမဟုတ်ဘူး...
စာမရတာမှန်ပေမယ့် လင်းရှိန်ကိုတော့အကူညီမတောင်းချင်သေး...

"ပြီးတာပဲ..မယုံလည်းနေပေါ့..ပြီးမှကူပါကယ်ပါလာမလုပ်နဲ့ .."

လင်းရှိန်ကပုခုံးတွန့်ပြပြီးချာခနဲလှည့်ထွက်သွားတော့ ဈာန်မျိုးသစ် မညီနိုင်သေးတဲ့ equationနှစ်ကြောင်းကိုကြည့်ရင်း အူလည်လည်နဲ့ကျန်ခဲ့ပြန်သည်။ စိတ်ကို‌‌လျှော့ပြီးခဏခဏပြန်တွက်ကြည့်ပေမယ့် တစ်ခါတွက်တိုင်းအဖြေကတစ်မျိုးပြောင်းပြောင်းသွားသည်။

ဟိုကောင့်ကိုစာမေးရတော့မှာလား...

ဈာန်မျိုးသစ် လင်းရှိန်ရှိရာဘက်ကိုလှမ်းကြည့်လိုက်သည်။ သကောင့်သားကစာမေးပွဲဖင်နားကပ်နေတာတောင်စာမလုပ်ဘဲ သူ့စာကြည့်စားပွဲမှာထိုင်ပြီးဂိမ်းဆော့လို့ကောင်းနေတုန်း။ ဈာန်မျိုးသစ်မရဲတရဲနဲ့ စာအုပ်လေးကိုင်ပြီး လင်းရှိန်နားရောက်သွားသည်။ စောစောကလေကျယ်နေခဲ့တာသူပဲမှတ်လား..။

"ဟေ့..လင်းရှိန်...မင်းသင်္ချာရတယ်ဆို...ဒါကြည့်ပေးစမ်းကွာ..."

ဈာန်မျိုးသစ်လေသံကပျော့နေပေမယ့် အနည်းငယ်ဘောက်ဆက်ဆက်နဲ့။ သူ့အသံကိုကြားတော့ လင်းရှိန်က ငါပြောခဲ့သားပဲဆိုတဲ့အကြည့်မျိုးနဲ့လှမ်းကြည့်သည်။

Fight or LoveWhere stories live. Discover now