Spoiler Alert

6.6K 197 6
                                    

ခံစားချက်တွေရေးဖို့ တဖန်ပြန်ရောက်လာခဲ့ပါပြီ

အကုန်မဖတ်ရသေးတဲ့လူတွေအတွက် spoiler တွေ ပါနိုင်တာမို့ spoilerမကြိုက်ရင် မဖတ်ကြပါနဲ့နော် သတိပေးတာပါ ပြီးတော့ ကိုယ်ပိုင်ခံစားချက်တွေ အမြင်တွေလည်း ပါလို့ပါ

ချူးဝမ်းနင် လှိုဏ်ဂူထဲမှာ သူ့မှတ်ဉာဏ်တွေ ပြန်ရဖို့အတွက် အတိတ်ဘဝက မင်္ဂလာဦးညဆီကို တဖန်ပြန်ရောက်သွားတဲ့အချိန်မှာ သတိထားမိတာလေး တစ်ခုသွားရှိတယ်

အဲ့ညမှာ ထာ့ရှန်းကျွင်းက သူ့ကို ကာမစိတ်ကြွစေတဲ့ဆေးကို ထိုးသွင်းပြီး လိင်ဆက်ဆံတာပါ

အဲ့မှာ အသားမစားတဲ့ အသားပေါက်စီရေးထားတဲ့ စာလေးတကြောင်းပါတယ်

ဒီညအတွက် သူတို့ရဲ့ လိုအင်ဆန္ဒတွေဟာ တကယ်ပဲ ကာမအားတိုးဆေးကြောင့်လား သူတို့ကိုယ်တိုင်သတိမထားမိတဲ့ နှလုံးသားတွေကြောင့်ပဲလားတဲ့

အဲ့နေရာလေးက တော်တော်ခံစားရစေတယ်

ထပ်ခါထပ်ခါ ပြန်ဖတ်တိုင်း ရင်ထဲမှာ နှမြောတသဖြစ်စေတယ်

ကျောင်းသင်ခန်းစာတွေ ဆရာဆရာမတွေက ပညာရပ်ပေါင်းစုံကို သင်ကြားပေးနိုင်ပေမယ့် နှလုံးသားရေးရာမှာတော့ သူတို့ကိုယ်တိုင်တောင် တတ်မြောက်ရဲ့လား မသေချာဘူးနော်

နှလုံးသားကို ဘယ်လိုစီမံခန့်ခွဲရမယ်လို့သာ သင်ပေးနိုင်ခဲ့ရင် ချစ်တဲ့သူနဲ့ကွေကွင်းရတဲ့ ဒုက္ခတွေဆိုတာရော ရှိလာနိုင်ပါ့မလား

YuHeng Elder BeiDou XianZunဆိုတဲ့ ဘွဲ့တွေ ခံယူထားတဲ့ ကြောင်ဖြူလေးကိုယ်တိုင်တောင် သူ့အချစ်တွေ ဘယ်လိုဖော်ပြရမှန်းမသိခဲ့နိုင်ဘူးပဲ

ဆရာတပည့်နှစ်ယောက်ဟာ အချစ်တွေကို နားလည်နိုင်ဖို့  တစ်ဘဝစာရင်းနှီးလိုက်ရတယ်

တကယ့်အပြင်လက်တွေ့ဘဝမှာတော့ ဆုပ်ကိုင်မထားနိုင်ရင် တစ်ဘဝလုံးရင်းနှီးလိုက်တောင် ဘယ်တော့မှ ပြန်ရနိုင်မှာမဟုတ်ပါဘူး


















You've reached the end of published parts.

⏰ Last updated: May 10, 2020 ⏰

Add this story to your Library to get notified about new parts!

2Ha နှင့် ရင်တွင်းခံစားချက်များ 2Ha နှင့် ရင်တွင်းခံစားချက်များWhere stories live. Discover now