အမုန်းကာရံကြားကချစ်တေးတစ်ပုဒ်(9)

1.2K 76 6
                                    

💖အမုန်းကာရံကြားကချစ်တေးတစ်ပုဒ်💖(9)

ကြီးကျယ်ခန်းနား လွန်းတဲ့ မဂ်လာဆောင်က သူကို မွန်ကြပ်စေသလို ကမ္ဘာ လုံးသိအောင်လုပ်နေတာကိုစိတ်အိုက်နေသည် လာသမျှ ဧည်သည်တွေ ပြုံးပျော်နေကြပေမယ့် မပျော်နိင်စွာ ရန်တကျက်ကျက်ဖြစ်နေသူနှစ်​ဦးရှိသည်.......

"မင်း မျက်နာပြုံးထားရင်ကောင်းမယ်"

"စိတ်ထဲမပါပဲမပြုံးတတ်ဘူးခင်ဗျားအမိန့်လာမပေးနဲ့"

"မင်းနော် ......."လက်ချင်းတွဲချိတ်ထား၍ ဘေးချင်းကပ်ပြီ အံကြိက်​ခါ စကားစစ်ဖြစ်သူ ရှောင်ကျန့် ဝမ်ရိပေါ်
လာနူတ်ဆက်ကြတဲ့ ဧည်သည်များကို ဟန်မပြတ် ဧည်ခံရင် အခွင့်သင်လျှင် သင့်သလိုစကားများ​သည်......

"ကျန်ကျန့် ငါပြန်တော့မယ် "အသံနင့်အတူ သူအနား ရောက်လာသူ ရွမ်ယမ်

"ဟာ မင်းကလဲ မပြန်သေးနဲ့လေ ပွဲပြီမှပြန်"

"ငါနေချင်ပါတယ်ကွာ ငါ နေသိပ်မကောင်းလို ပါ"

"ဟင် နေမကောင်းဘူးလား မှန်းစမ်း" ပြောလဲပြေ လက်ကလဲ ရွမ်ယမ်နဖူး​ပေါ်ရောက်သွားသည်သို့မြင်ကွင်းကို အနားက ဝမ်ရိပေါ် ကြည့်၍ မျက်လုံးများမီးတောက်သွားတယ်

"ကိုယ်လဲမပူပါဘူး "ဟိုစမ်းဒီစမ်းလုပ်ပြီပြောတာကို ရွမ်ယမ်မျက်နာပျက်သွားသည်..........

"ကျန့်ကျန့် ငါဖျားတာမဟုတ်ပါဘူး ခေါင်းကိုက်နေတာပါ"

"ဟုတ်လား အဲ့ဆိုလဲ ပြန်လေ ဟိုကောင်တွေရော "မျက်စိဝေ့ရှာရင် ​ပြောလိုက်တယ်

"ရပါတယ်သူတို့မင်းပွဲပြီတဲ့အထိနေပါစေငါတစ်ယောက်တည်းပြန်လိုဖြစ်တယ်"

"အင်းပါကွာ အိမ်ရောက်ရင် ဆေးသောက်နော် ပြီရင်ငါဆီဖုန်းဆက် တစ်ခုခု ဆို ဖုန်းဆက်နော်" မှာလိုမပြီနိုင်မစီနိုင်တဲ့ ရှောင်ကျန့်ကို မီးဝင်းဝင်းတောက်မျက်ဝန်းပိုင်ရှင်ကိုသူသတိမထာမိပါ

"အင်းပါ" ကျောထဲစိမ်လာသလို ရှိတာမို့ ရွမ်ယမ်း ဘေးကိုငဲ့ကြည့်မိလိုက်တယ် မျက်နာတည်နဲ့ကြည့်နေသူ ဝမ်ရိပေါ်အကြည့်တွေသူရင်ထဲစိမ်ဝင်သွားသည် .......အမြန်နူတ်ဆက်ခါထွက်လာခဲ့တယ်

😘 အမုန်းကာရံကြားကချစ်တေးတစ်ပုဒ် 😘 U&ZWhere stories live. Discover now