25

450 24 1
                                    

💖အမုန်းကာရံကြားကချစ်တေးတစ်ပုဒ်💖(25)

"ညီ ဆေးရုံးတန်ပို့ပေးပါ"

"Noကော ခုပဲရောက်တာ ခုပဲ အလုပ်လုပ်ဖို့ပြောနေတယ်မရဘူး ကျွန်တော်မပို့ဘူး "ခေါင်းတခါခါလည်တရမ်းရမ်းဖြင့်ပြောနေသော ညီကိုကြည့်၍ မနိုင်ဘူးဆိုသည်အပြုံးနင့်သာပြုံးပြခါ လိုက်ပါလာတယ်

"ရှီချန်ကောက ဆေးရုံမှလုပ်တာလား"ကားထဲ တိတ်ဆိတ်နေတာမို့ ရှောင်ကျန့် သူသိချင်တာထ မေးသည်

"အင်းဟုတ်တယ် ကောက နှလုံးအထူး​ကုပါ ရှောင်လေး "

"ဝိုး.........ရှီချန်ကောက ဆရာဝန်ပေါ့ "တအံတဩဖြင့်ပြောသည်ကားလေးထဲ စကားသံညံသွားတယ် ဝမ်ရိပေါ် အံအားသင့် မိသွားသည် သူကောက အနေအေးသလောက် စကားမများတာ သူသိထားတာ ခုတော့တခြားစီပဲ ကောနဲ့ ရှောင်ကျန့် ရင်းနီးတာမြန်ဆန်သွားသလိုသူတောင် ကောကို မနာလိုဖြစ်မိတယ်

"ရောက်ပြီကော "ကား ပေါ်က ဆင်းလိုက်တာမြင်လိုက်ရတဲ့ ခြံကျယ်ကြီးရယ် လှပတဲ့ ပန်းခင်းကြီးကမျက်စိထဲ အေးချမ်းသွားသည်

"အထုက်တွေ ပေးပါ သခင်လေး "ကားပေါ်ကဆင်းတာနဲ့ အနား ရောက်လာတဲ့ အမျိုးသမီးတစ်ယောက်

"ကော ဒီမှာ တစ်ယောက်တည်း နေမို့ လား"

"အင်းလေ ညီရဲ့ ဆေးရုံးနဲ့လဲ နီးတယ်လေ ဘာလဲညီက ကောကို စိတ်မချလိုလား " ပြောင်စပ်စပ်နဲ့ စလိုက်သည်

"မဟုတ်ပါဘူး ကောကို ဘာလိုစိတ်မချရမလဲ "

"ဟားဟား " ရှက်ရမ်းရမ်းဖြင့် အိမ်ထဲ ဝင်သွားတဲ့ ညီကိုကြည့်၍ ရယ်ခါ ရှောင်ကျန်ကို ခေါ်ခါ အိမ်ထဲဝင်လာခဲ့တယ်

"ထိုင်အုံး ရှောင်လေး ညီကတော့ အပေါ်တက် သွားပြီထင် "

"ဟုတ်ဒီအိမ်က ကောအိမ်လား"

"မဟုတ်ပါဘူး ရှောင်လေး ညီအိမ်ပါ သူဝယ်ထားတာ မကြာသေးဘူး အခု သူက ရှောင်လေးအိမ်မှနေတာမလား ဒီအိမ်ကလွတ်နေတော့ ကောနေဖြစ်သွားတာ"

"အော်...."သူ အံဩသွားတယ် သူနဲ့ မဂ်လာဆောင်တုန်းကနေတဲ့အိမ်က ဒီအိမ်မဟုတ်တာ မို့ပါ

😘 အမုန်းကာရံကြားကချစ်တေးတစ်ပုဒ် 😘 U&ZWhere stories live. Discover now