22. အမည်မဲ့မိစ္ဆာနှိမ်နင်းရေးအဖွဲ့ / အမည်မဲ့မိစ်ဆာနှိမ်နင်းရေးအဖွဲ့

881 121 2
                                    

နှစ်ပေါင်းသုံးဆယ်ခန့်ကြာပီးနောက်...

"ငွေစနည်းနည်းပဲကျန်တော့တယ် လောက်ပါ့မလား?"
နီကျား သူ၏ခါးတွင်ချိတ်ဆွဲထားသော ငွေထည့်သည့်ရှုံ့အိတ်လေးကို လက်ဖြင့်စမ်းသပ်ချိန်ဆရင်းဖြင့် ပြောလိုက်သည်။

"ရာသီဥတုတော်တော်ပူလာသလားလို့"
ထိုက်ရိပြောလိုက်သည်။

ထို့နောက် သုံးယောက်သား အရိပ်ကောင်းစွာရသည့်သစ်ပင်ကြီးအောက်၌ နားလိုက်ကြသည်။

နီကျားကပြောလိုက်သည်။
"ကျွန်တော်တို့လက်ကျန် ဒါအကုန်ပဲ
မနက်ဖြန်အဲ့ဒီမြို့ကိုရောက်မှဖြစ်မယ်"

"ရောက်တယ် ရောက်တယ်...
အိုက်ယား... ပူလိုက်တာ
မင်းကမပူဘူးလား?"

ထိုက်ရိချွေးစတို့သုတ်လိုက်ပီး တည်ငြိမ်စွာနေနေသော လီအိုက်ကျန်းအားမေးလိုက်ခြင်းဖြစ်သည်။ ထိုက်ရိအမေးကိုမကြားချင်ယောင်ဆောင်ကာ လီအိုက်ကျန်းကဆိုသည်။

"ခုတစ်ခေါက်မြို့က ကြောင်မိစ္ဆာတွေမလား?"

"ဟုတ်တယ် မြို့ပိုင်က နှိုင်နင်းနေတာကြာပီဆိုပဲ
ဒီကောင်တွေက ခုနောက်ပိုင်းတော်တော်သောင်းကြမ်းလာတယ်တဲ့ အရင်ကအစားအသောက်အကျန်တွေ လာခိုးပေမယ့် ခုကြအိမ်မှာမွေးထားတဲ့ကြက် ဘဲ ငှက်အပြင် စားလို့ရသမျှယူလို့ရသမျှ ပီးတော့ မွေးကာစကလေးတွေပါမချန် အကုန်ခိုးယူကြတယ်တဲ့ "
နီကျားသိသမျှသတင်းအားလုံး ပြောလိုက်သည်။

ဒီလိုနဲ့သူတို့ရဲ့အမည်မဲ့နာမည်ဖြင့် ကြေးစားမိစ္ဆာနှိမ်နင်းရေးအဖွဲ့သည် ညချမ်းအချိန်အခါ၌ မြို့တွင်းသို့ရောက်ရှိသွားလေသည်။

ခွေးဟောင်သံများလှိုင်လှိုင်ထွက်နေသောရပ်ကွက်သို့ နီကျားနှင့်ထိုက်ရိ အပြေးအလွှားရောက်လာလေသည်။

" နီကျား ဟိုဘက် "

ထိုက်ရိညွှန်ပြသည့်ဘက်သို့ နီကျားပြေးလိုက်သည်။ နီကျားတို့နှစ်ယောက်မြေပြင်၌ပြေး၍ လီအိုက်ကျန်းမှာမူ အိမ်ခေါင်မိုးများအပေါ်၌ လွှားကနဲ လွှားကနဲ ဖြတ်ပြေးနေလေသည်။

နီကျားသူ၏စီးတော်ဝက်အားဆင့်ခေါ်လိုက်သည်နှင့် သူ၏ခြေထောက်အောက်၌ မီးကွင်းဝိုင်းလေးများဖြစ်ပေါ်လာကာ ရှေ့မှပြေးနေသော ကြောင်တစ်ကောင်နောက်သို့ တစ်ဟုန်ထိုးလိုက်တော့သည်။

Secondlife Of Nezha&Aobing (fanfiction) [Complete]Where stories live. Discover now