Part -19 (Uni & Zawgyi)

10.2K 911 122
                                    

ခွဲခန်းထဲမှ ထွက်ချိန်ကြားလိုက်ရသော အသံတွေကြောင့်အပြေးထွက်လာမိ၏။ လူအများက ရုတ်ရုတ်သဲသဲနှင့်ပေမို့ မျက်ဝန်းထဲလည်း ဘာမှမမြင်နိုင်ပေပြီ။

"မီးလောင်နေတာလား......"

"ဟုတ်ကဲ့ ဒေါက်တာ...ဟိုဘက်အဆောက်အအုံမှာရှိတဲ့ ပိုးသတ်ခန်းက စပြီးလောင်နေတာ........."

"ဘာ..."

ပိုးသတ်ခန်း။
မဖြစ်ပေ။ ပိုးသတ်ခန်းအတွင်း လမင်းနှင့်သားငယ်လေးအား ခေတ္တခဏထည့်ထားရလေသည်။

အသားဝါရောဂါမဖြစ်စေရန် ကာကွယ်သည့်အနေဖြင့်ရော ခွဲစိတ်ထားရသော သူများဖြစ်ခြင်းကြောင့်ပါ နေ့တစ်ဝက်ထည့်ထားရသည်။ ခွဲခန်းထဲမှထွက်လျှင် သားအဖနှစ်ယောက်လုံးအား သွားခေါ်မည်ဟု ကြံထားခဲ့ရာ။

"မဖြစ်ရဘူးလေ..."

မီးတောက်များက ရဲရဲနီလျက်ဖြင့် ပိုးသတ်ခန်းအဆောက်အဦးကြီးတစ်ခုလုံး ပြာကျတော့မလိုပင်။ ပင်မဆေးရုံအဆောက်အဦးမှာ အနည်းငယ်လှမ်းသော်လည်း မြင်နေရသော မီးခိုးငွေ့များက အငြိုးနဲ့ပြေးလာသော တိမ်မဲ၊တိမ်ဆိုင်များပမာ။

ရင်ခွဲခန်း၊ ပိုးသတ်ခန်း နှင့် သွေးစစ်ဋ္ဌာန ၊ ကင်ဆာဋ္ဌာန၊ကလေးအထူးကြပ်မတ်ဆောင်၊ နှလုံးအထူးကြပ်မတ်ဆောင် တို့သည်က ပင်မဆောင်နှင့် အနည်းငယ်လှမ်း၍ ပြေးနေရလေ၏။

ပိုးသတ်ခန်းထဲတွင် လမင်းတို့ သားအဖနှစ်ယောက်သာရှိ၏။ အပြင်းစားဒရ်ရာရထားကြသူများမို့သာ။
ဘာမှမဖြစ်ပါစေနဲ့ဆို​သော ဆုတောင်းသံများကိုလည်း နတ်ဒေဝါများအား ကြားစေချင်နေ၏။

"အား..."

"ကျွန်တော့်သားနဲ့ ကျွန်တော့်အမျိုးသား အထဲမှာ...
လွှတ်ပေးပါဆရာရယ်... သူတို့ကို သွားခေါ်ရုံပါ..."

ဆုတောင်းချိန်မှာ လွန်သွားခဲ့သည်ထင်ပါရဲ့။
ရင်နာစွာအော်နေသူအား သိုင်းဖက်ကာချုပ်ထားကြသည့် မီးသတ်ဗိုလ်ကြီးများက သူသွားလိုရာကို သွားခွင့်မပေးကြချေ။
အတင်းရုန်းကန်နေသည်ကိုမရ အတင်းအ​ကြပ် ချုပ်ထားသူများကြောင့် လေပြေလေအေးများဖြင့်သာ တောင်းဆိုနေပြန်၏။ သူ၏တောင်းဆိုနေသောမျက်ဝန်းများထဲတွင် နာကျင်ဆို့နစ်နေသော ဝမ်းနည်းခြင်းများကို ထင်ရှားစွာမြင်နိုင်၏။

ပြိုမယ်မိုးလေး မသည်းစေလို.....Where stories live. Discover now