" ဟူး...... ဒီနေ့ duty သွားမတက်ချင်တော့ဘူး"
"မတက်လို့ ဘယ်ဖြစ်မလဲ Dr ရဲ့"
"ဒါပေမယ့်လည်း တောပန်းနဲ့ စက္ကန့်ပိုင်းလေးတောင် မခွဲချင်သေးဘူး"
"လုပ်ပြီ ပိုကိုပိုလွန်းတယ် နောက်ကျနေလိမ့်မယ် သွားတော့"
"လုပ်ပါဦး နမ်းပါဦး တောပန်းရဲ့"
ကလေးလေးတစ်ယောက်လို ချွဲနေသော Dr ကြောင့် လက်ပံရယ်မိလေသည်။ နှုတ်ခမ်းချင်းလေးထိပြီး ဖွဖွနမ်းပေးလိုက်တော့ ကလေးတစ်ယောက်လို ခုန်ပေါက်ထွက်သွားလေရဲ့။ ချစ်သူဘဝရောက်မှ Dr က ပို၍ပင် ချွဲလာသည်။ ချစ်သူရထားတာလား ကလေးလေးတစ်ယောက် ကောက်ရထားသလား လက်ပံပင် မဝေခွဲတတ်တော့ပါ။ ဒီပါးချိုင့်လေးရဲ့ ဆွဲဆောင်မှုက ဒီလောက်ထိ ကြီးလိမ့်မယ်လို့ မထင်ခဲ့မိပါ။ အခုတော့ လက်ပံကိုယ်တိုင်ပင် အချစ်ရှုးလေး ဖြစ်နေပြီ ဖြစ်သည်။
"Morning Dr"
"Morning သက်နှင်း"
"ဒီနေ့ဘာတွေ ပျော်စရာရှိလို့လဲ သက်နှင်းကိုလည်း မျှဝေပါဦး"
"ဘာဖြစ်လို့လဲ သက်နှင်းရဲ့"
"Dr မျက်နှာက မှိုရတဲ့သူလိုပဲ ရွှင်မြူးနေလို့လေ"
"အော် ဒီလိုပါပဲ နားရက်တုန်းက အားရပါးရ နားထားရလို့ နေမှာပါ"
ရုံးခန်းထဲအရောက် မျက်သွယ်ဦး တစ်ယောက်တည်းကျိတ်ရယ်မိသည်။ တောပန်းရေ မင်းက စိုးမိုးလွန်းလှတယ်ကွယ်။ မျက်နှာပိုးသတ်ရင်း တစ်နေ့တာလုပ်ငန်းစလိုက်သည်။ ဒါမှ နေ့လည်စာ များများစားနိုင်မှာ မဟုတ်ပါလား။
"Dr ဒီနေ့ OG ခွဲရမယ့်လူနာရှိတယ် ပြင်လိုက်ရတော့မလား"
ရှေ့ခန်းမှ သူနာပြုဆရာမလေးက လာပြောသည်။ အတွေးတွေကို လက်စသတ်ရင်း လက်တွေ့ထဲ ပြန်ဝင်ရောက်လိုက်သည်။
"ဟုတ်ပြီ ဆရာမ ဆရာ့ကိုတော့ ကျွန်တော်ပဲ inform လိုက်မယ်"
" Bupi စမ်းပြီးသွားပြီ Dr ကျန်တာ အသင့်လုပ်ထားလိုက်ပါ့မယ်"
"Ok ဆရာမ"
"အော် ဆရာမ လက်မှတ်ထိုးဖို့ လူနာရှင်ကို ခေါ်ခဲ့ပါဦးနော်"
![](https://img.wattpad.com/cover/215330761-288-k23798.jpg)
VOUS LISEZ
The Last One (Zawgyi + Unicode)
Fiction généraleကိုယ်ဟာ မင်းရဲ့ ပထမဆုံး မဟုတ်ခဲ့ပေမယ့် မင်းရဲ့နောက်ဆုံးလူ အဖြစ် ပျော်ပျော်ကြီး ဖြစ်ပါရစေ တောပန်းရယ်