Part-(1)

70.6K 3K 186
                                    

"ဒုန်း!!!"

"ဟဲ့..သား ငါ့သား..ရှောင်းဝမ်ရေ ...မင်းအဲ့
လောက် ကမြင်းနေ မင်းပထွေးလာရင် မင်းတော့
ခါးပတ်စာမိမလား ကြိမ်လုံးစာမိမလားမသိဘူး...
ငါ့စကားနားမထောင်ရင် ငါဝင်မဆွဲဘူးနော်.."

၎နှစ်သာရှိသေးတဲ့သားသားကအရမ်းလည်တယ်
အရမ်းချစ်ဖို့ကောင်းတယ်...ရီပေါ်နဲ့တူလို့လေ
ဟဲဟဲ..အသားကလည်းဖြူဖြူလေးတော်သေး
တာပေါ့ ရှောင်းကျန့်စုတ်နဲ့မတူလို့ သူနဲ့တူရင်ငါ့
သား အသားမဲမှာ..ခုတော့ ငါနဲ့အကုန်လာတူ
နေလို့ ချစ်ဖို့ကောင်းနေတာ...

"မဆွဲနဲ့ပေါ့..ပီးရင် ပါပါးလည်းဆော်ခံရရင် သား
သားလည်းဝင်မဆွဲဘူးနော်..."

"ဟွန်း..သူကဘာမို့လဲမကြောက်ပါဘူး.."

"ဒယ်ဒီပြန်လာပီ..သာသားသွားအိပ်တော့မယ်
နော် ဘိုင့်"

စောက်ကလေးလေးက ပထွေးကားသံကြားတာနဲ့
သူ့အခန်းထဲကိုပြေးသွားတာများလှစ်လို့...သူဖွ
ထားတဲ့အရုပ်တွေနဲ့ရီပေါ်က ကြောင်တောင်တောင်
ကျန်ခဲ့ရသည်။

ရှောင်းကျန့် အလုပ်ကပြန်ရောက်တာနဲ့ အိမ်ထဲဝင်
ဝင်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းက အမောစို့သွား
စေသည်။ အိမ်ကြမ်းပြင်မှာ အရုပ်တွေရှုပ်ပွလို့
ရှောင်းကျန့်က စည်းကမ်းကြီးသူပီပီ အခုလိုရှုပ်ပွ
နေတာမျိုးတွေသိပ်မုန်းသည်။ အိမ်ကအမြဲသပ်ရပ်
နေတာပဲကြိုက်သည်။

"ဝမ်ရီပေါ်!!!!"

"အားးးးကျွန်တော်မသိဘူး အဲ့တာ ခင်ဗျာသား
မွှေထားတာ..."

ဝမ်ရီပေါ်က ရှောင်းကျန့်ရှေ့ကလစ်ပြေးဖို့ကြံသည်။
သို့သော် ခြေလှမ်းကျဲကြီးတွေနဲ့ရှောင်းကျန့်က ရီ
ပေါ်နားကိုလာကာ ဆွဲထားပြီး နားရွက်ကိုလိမ်ဆွဲ
လိုက်သည်။

*ရှောင်းဝမ် ဖအေပေးလေး ဒင့်ကြောင့် ငါပဲအထုခံ
ရတော့မယ်*

"နာတယ်ဗျ...အတင်းမဆွဲနဲ့ အားးးပြတ်ထွက်တော့
မယ်...."

"အိမ်မှာတစ်နေကုန် သားကမင်းနဲ့ပဲရှိနေတာ မင်းက
သားကိုမထိန်းပဲ ဂိမ်းပဲနှိပ်နေတာမလား...မင်းအ
သက်ဘယ်နှစ်နှစ်ရှိပြီလဲ"

MARRIAGE LIFE WITH A COLD MAN[Zhanyi/Complete]Wo Geschichten leben. Entdecke jetzt