128 to 144(z+u)

1.3K 126 0
                                    

အခန်း (၁၃၉)
Punishment
ဒါရိုက္တာဝူက ဟော်မြန့်ကို ကြည့်ကာ နှုတ်ဟမြွက်ကြားလာတာက
ဘယ်သူကမ်ား ဆရာက သမီးကို အလုပ်ထုတ်မယ် ပြောလို့လဲ
ဟော်မြန့် စက္ကန့်ပိုင်းလောက် ကြောင်အသွားမိပြီး ၊ သူထင်ထားခဲ့တာက သူမနေ့က လုပ်ခဲ့တဲ့ ကိစ္စကြောင့် အလုပ်ထုတ် ခံရတော့မယ်လို့လေ..
မနေ့ညက ဖြစ်ခဲ့တာကို ဆရာ သိပြီးပြီ၊ စုံစမ်းမှု နည်းနည်းပါးပါးလည်း လုပ်ထားတယ်။ သမီးက ဆေးရုံရဲ့ မူဝါဒကို ဖောက်ဖျက်ခဲ့တယ်။ ဒါပေမဲ့ ၊ ဆရာတို့ ဝန္ခံရမွာက သမီးက အလုပ်မှာ ကျွမ်းကျင်မှု ရှိပြီး ၊ သတ္တိလည်း ရှိတယ် ဆိုတာကိုပဲ  ဒါရိုက္တာဝူက ဟော်မြန့်ကို ခပ်တင်းတင်း ကြည့်ရင်း ပြောလာ၏။
ဟော်မြန့် ခေါင်းငုံ့မိသွားရသည်။ မနေ့ညက သူ့အပြုအမူတွေဟာ ဆေးရုံက လက်ခံပေးနိုင်တဲ့ အတိုင်းအတာမဟုတ်တော့ဘူးဆိုတာ သိပြီးသားလေ၊ ဆေးရုံက သူ့ကို နောက်ထပ် ဒီလို ထပ်ဖြစ်စေခွင့် ပြုမှာ မဟုတ်တော့.
ဆေးရုံက ဒီလို လုပ်ရပ်ကို သည်းခံပေးမှာ မဟုတ္ဘူး၊ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရတော့ ဆရာ သမီးကို လေးစားမိတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ရဲ့ ကိုယ္စား မနေ့က သမီး အသက်နှစ်ချောင်းကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရမယ်  ထို့နောက် ဒါရိုက္တာဝူက ထရပ္ကာ ဟော်မြန့်ကို ဦးညွတ်လိုက်လေသည်။
ဟော်မြန့် ကြောင်အနေမိလျက် . ဘာတွေ ဖြစ်ကုန်ပြီလဲ..
ဒါရိုက္တာ  ဟော်မြန့် စကားမ်ား ထစ်ငေါ့နေမိလေပြီ..
အရမ်းတော့ ပျော်မနေနဲ့ဦး ပြီးအောင် ပြောဦးမယ်။ ဆရာပြောတာက ပုဂ္ဂိုလ်ရေးအရ ဆိုရင် သမီးကို လေးစားမိတယ်၊ ဒါပေမဲ့ ဆေးရုံက ဒီလို အပြုအမူကို ခွင့်မပြုပေးနိုင်ဘူး။ စည်းကမ်းဆိုတာက ဒီနေရာကို ချောချောမွေ့မွေ့ လည်ပတ်လုပ်ဆောင်နိုင်အောင် ခ်မွတ္ထားတာ။ သမီးက သူနာပြုတောင်မှ အလုပ်သင် သူနာပြုတစ်ယောက် အဖြစ်ပဲ ရှိသေးတယ်။ အထက်လူကြီးရဲ့ ခွင့်ပြုချက်မပါဘဲ လူနာကို ခွဲစိတ်ပေးလိုက်တယ်၊ သမီးက ခွင့်ပြုချက်မရှိဘဲ ခွဲစိတ်ခန်းနဲ့ ကိရိယာတွေကို အသုံးပြုတယ်။ ဒါက ပြစ်မှု မြောက်တယ်။ ဒီတော့ ဘုတ်အဖွဲ့ဝင်တွေ ဆွေးနွေးမှုပြီးမှ၊ တို့တွေ ဆုံးဖြတ်ချက်ချခဲ့တယ်..
ဒါရိုက္တာရဲ့ စကားလုံးတိုင်းကို ဟော်မြန့် စိတ်လှုပ်ရှားစွာ နားထောင်နေမိသည်။
ဆရာတို့ ဆုံးဖြတ်လိုက်တာက သမီးကို သားဖွားမီးယပ် ဌာနကေန ဆေးရုံ ဓါတ်ခွဲခန်းကို ယာယီ တာဝန်ပြောင်းပေးထားမယ်
ဒါကို ကြားလိုက်ရတော့မှ ဟော်မြန့် သက်ပြင်းချလိုက်မိတော့သည်။ ဒါရိုက္တာက သူ့ကို တျခားဌာနကို ပြောင်းရွှေ့ခိုင်းလိုက်ရုံသာ ။ သို့ပေမဲ့ အမှန်ပြောရလျှင် သူ သားဖွား၊မီးယပ် ဌာန ကို သတိရနေပေတော့မည်။
ဒီအပြစ်ပေးမှုကို သမီး လက်ခံနိုင်လား
က်မ လက်ခံပါတယ်။ ဒါပေမဲ့ က်မမွာ တောင်းဆိုစရာလေး ရှိပါတယ်။ ဒါရိုက္တာဝူ
ပြောပါ
ဟွမ်းယွဲ့ကိုရော အလုပ်ထုတ်မှာလား။ သူက က်မကို ကူညီပေးခဲ့ရုံပါ ၊ သူက တျခား ဘာမွ မလုပ်ခဲ့ပါဘူး  ဟွမ်းယွဲ့အတွက် ပြောပေးဖို့ကိုလည်း သူ မေမ့ခဲ့ပါ။
သမီးကို ကူတဲ့ သူနာပြုလည်းပဲ ဓါတ်ခွဲခန်းကို ပြောင်းရမှာပါ။ သမီးတို့ နှစ်ယောက်လုံး အတူတူ ပြောင်းပေးရမှာ။ မဟုတ်ရင် သားဖြား၊မီးယပ္ဌာနရဲ့ ဂုဏ်သိက္ခာ ကျဆင်းရလိမ့်မယ်။ လူနာရဲ့ မိသားစုက ပြန်လာပြီး ပြဿနာလုပ်ရင် ဆရာတို့ လက်ခံနိုင်လောက်တဲ့ ဖြေရှင်းချက် ပေးနိုင်ဖို့ လိုတယ်
ကောင်းပါတယ်။ က်မ အခုမွ စိတ်သက်သာသွားတော့တယ်  ဟော်မြန့်က သူနဲ့ ဟွမ်းယွဲ့ အတူတူ ဓါတ်ခွဲခန်းကို ပြောင်းရွှေ့ခံရသည် ဆိုတာကို ကြားရတော့မှ စိတ်အေးသွားရတော့သည်။
ဟော်မြန့်  သမီးတို့ ခေါင်းဆောင်က သမီးအတွက် ဆရာ့ကို တောင်းဆိုထားတယ်။ ဆရာ သမီးရဲ့ ကိုယ်ရေးမှတ်တမ်းကို ကြည့်ပြီးပြီ၊ သမီးက တကယ္ကို တော်တဲ့သူပဲ။ သမီးစိတ်သာထည့်ထားမယ်ဆိုရင် တခြားလူတွေ ၁၀နှစ်လောက် သင်ယူရမဲ့ဟာကို လြယ္လြယ္ကူကူ သင်ယူနိုင်တယ်။ မနေ့က ဖြစ်ခဲ့တဲ့ မတော်တဆမှုက သမီးရဲ့ အလားအလာကို မြင်အောင် ဆရာ့ကို မျက်စိဖွင့်ပေးလိုက်သလိုပဲ။ ဒါကြောင့်မို့ ဆေးရုံက သမီးကို ပြည်ပမှာ ပညာသင်ဖို့ အခွင့်အရေး ကမ်းလှမ်းလာမယ်ဆိုရင် သြားမလား..
ဒါရိုက္တာရဲ့ ကမ်းလှမ်းချက်ကြောင့် ဟော်မြန့် ကျေနပ်စွာ ပြုံးလိုက်မိသည်။
ရပါတယ်  ဒါရိုက္တာ။ က်မက ငယ်လည်း မငယ်တော့ဘူး ၊ အခုလို အလုပ်လုပ်နေရတာကို ကျင်သားလည်း ရေနျပီ။ က်မ စာလည်း ထပ်မသင်ချင်တော့ပါဘူး။ က်မ ဒီဆေးရုံမှာ အလုပ်လုပ်ရတာ ပျော်ပါတယ်။ က်မကို အလုပ်မထုတ်တဲ့အတွက်လည်း ကျေးဇူးအရမ်းတင်ပါတယ်။
ဆရာ ကြားထားတာ မနေ့ညတုန်းက သမီးက ထောင့်ပေါင်းစုံက ဝင်ကခဲ့ရတာဆို၊ သမီးကပဲ အဓိက ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန် တွေအဖြစ်လည်း လုပ်ခဲ့ရသေးတာဆို။ သမီးတို့ဌာနက ဆရာဝန် အကုန်လုံးက လူနာရဲ့ အခြေအနေပြန်ကောင်းနေတာကို ကြည့်ပြီး အံ့သြနေကြတာ။ တင်ပဆုံဖွားကလေး ကို ခွဲစိတ်ရတာက ခက်ခဲတယ်။ အလွတ်ဆရာဝန်တွေတောင်မှ သမီးတို့လို တစ်ယောက်တည်း ခွဲရမယ်ဆိုရင် မခွဲစိတ်ခင် နှစ်ခါ ပြန်စဉ်းစားရတယ်။ သမီးက တကယ့်ကို အရည်အချင်းရှိတယ်၊ အရင်တုန်းကများ အတွေ့အကြုံ ရှိနေတာများလား
ဟော်မြန့် ခေါင်းခါလိုက်ပြီး  ဟင့်အင်း က်မမွာ မရွိပါဘူး။ ညတုန်းက ခြဲတာ ပထမဦးဆုံး ပါပဲ
အဲ့ဒါကြောင့်မို့ ဆရာပြောတာလေ၊ သမီးက ဆေးပညာနဲ့ပတ်သတ်ရင် ပါရမီရှိတယ်။ သာမာန်သူနာပြုတစ်ယောက် ဖြစ်နေရတာ နှမြောစရာပဲ။ သမီးရဲ့ အရည်အချင်းတွေ အလဟသ ဖြစ်တာပေါ့  ဒါရိုက္တာဝူက ဟော်မြန့်ကို ကြည့်ကာ အေလးအနက္ထား ပြောနေ၏။
-
အခန်း ( ၁၄၀)
Chaos
ဒါရိုက္တာ  ဆရာ က်မကို အထင်ကြီးလွန်းနေပြီ။ ဒါက တကယ် နှမြောစရာ မဟုတ်ပါဘူး။ ဘဝမွာ ကျမရှိနေသင့်တဲ့ နေရာကို ရှာတွေ့ထားတာပါ။ ဆရာဝန်တွေရဲ့ ဘဝက ပင်ပန်းလွန်းပါတယ်။ က်မက တကယ်ကောင်းဆန်ပြီး သူတို့လိုမျိုးလည်း မနေနိုင်လောက်ဘူး။  ဟော်မြန့် ထပ်ပြုံးပြလိုက်ပြန်ပါသည်။
ဒါရိုက္တာဝူဟာ ဝူရှောင်းရွှယ်ပြောထားတာတွေကြောင့် မိမိကို အထင်မသေးနေသည့်အတွက် ဟော်မြန့် စိတ်သက်သာရာ ရမိ၏။ ဒါက သူဟာ အလွန်အမင်း မ်ွတျပီး ဥာဏ်ရှိသည့်လူ ဆိုတာ ဖော်ပြနေတာပင် ဖြစ်သည်။
အိုကေ.. သမီးရဲ့ ဆုံးဖြတ်ချက်က ဒီလိုဆိုတော့လည်း ၊ ဆရာတို့ ထပ်ပြီး တွန်းအား မပေးတော့ပါဘူး။ ဓါတ်ခွဲခန်းကို စာသွားတင်ချေ၊ ဒီနေ့ကစပြီး သားဖြား၊မီးယပ္ဌာနမွာ အလုပ်လုပ်ဖို့ မလိုတော့ဘူး
ကျေးဇူးတင်ပါတယ် ၊ ဒါရိုက္တာဝူ  ဒါရိုက်တာရုံးခန်းထဲက ထွက်လာတော့မှ ဟော်မြန့် ပိုပြီးနေလို့ ကောင်းသွားသလို ခံစားရေတာ့၏။
ဟော်မြန့် မထွက်လာခင်မှာ ဒါရိုက်တာရုံးခန်းက အမိန့်စာ နှစ်စောင် ထုတ်ပြန်လိုက်သည်။
ပထမတစ်စောင်မှာ သားဖြားမီးယပ္ဌာနက သူနာပြုနှစ်ယောက်ဖြစ်တဲ့ ဟွမ်းယွဲ့ နှင့် ဟော်မြန့်ကို ဆေးရုံရဲ့ မူဝါဒကို ဖောက်ဖျက်မှုဖြင့် ဌာနမွ ရွှေ့ပြောင်း တာဝန်ထမ်းဆောင်ရန် ဖြစ်သည်။
ဒုတိယတစ်စောင်မှာ လက်ထောက်ဌာနခေါင်းဆောင် ဝူရှောင်းရွှယ်သည် on-call တာဝန်ကျချိန်တွင် ထြက်သြားကာ တာဝန်ယူမှု မရွိခဲ့။ ဆေးရုံကို မကောင်းသောထိခိုက်မှုများ ဖြစ်စေနိုင်သောကြောင့် သူ့အား ပုံမှန် အလွတ်တန်း ဆရာဝန်တစ်ယောက်အဖြစ် ရာထူးလျှော့ချပြီး ၊ သတိပေးသည့်အနေဖြင့် ၆ လ လစာဖြတ်မည်ဖြစ်ကြောင်း ဖြစ်သည်။
ဝူရှောင်းရွှယ် ဒီသတင်းကို ကြားရချိန်မှာတော့ အလွန်အမင်း အရှက်ရ ရတော့သည်။ သူက ဒါရိုက္တာဝူရဲ့ တူမ ဖြစ်ပေမဲ့ အပြစ်ပေးမှုကို မလွတ်မြောက်ခဲ့။ ဒေါသတကြီးဖြင့် အပေါ်ဆုံးထပ်သို့ ပြေးတက်သွားကာ ဆေးရုံမှာ ဝရုန်းသုန်းကား ဖြစ်နေစေသောကြောင့် သူ့ကို ဒါရိုက္တာဝူက မတွေ့ချင်ပါ ဟု ပြောကာ ဒါရိုက္တာဝူရဲ့ လက်ထောက်က တားဆီးထားရ၏။
ဝူရှောင်းရွှယ်က ဒေါသတကြီး ဖြစ်နေတာကြောင့် သူ့မျက်နှာက ခရမ်းရောင်သို့ ပြောင်းနေပေပြီ။ နောက်ဆုံးမှာတော့ နဉ်ကျစ်ယွမ်က အပေါ်ထပ်သို့ တက်လာပြီး သူ့ကို ဆွဲခေါ်ရတော့၏။
ရွှယ်  တော်တော့။ ဒါက ကလေးအတွက် မကောင်းဘူးလေ
ဟင့်အင်း ၊ က်မ မရပ်နိုင်ဘူး။ ကျမဦးလေးကို ဘာလို့ ဒီလိုလုပ္တာလဲဆိုတာ မေးဖို့လိုတယ်။ ဘာကြောင့် သူက အဲ့ဒီစုန်းမရဲ့ ဘက္က ရပ်တည်နေရတာလဲ။ အဲ့မိန်းမနဲ့ အိပ်ခဲ့တယ်လို့များ ရှင်ထင်လား။ ဒေါသတကြီးဖြစ်နေတဲ့ ဝူရှောင်းရွှယ်ရဲ့ နှုတ်က စည်းမစောင့်တော့။
ကြားလိုက်ရတဲ့ စကားကြောင့် နဉ်ကျစ်ယွမ်ရဲ့ အမူအယာ ပြောင်းလဲသွားပြီး  ဘာတွေ လျှောက်ပြောနေတာလဲ
ဟား ရှင့်ရဲ့ အချစ်ဟောင်းကြီးရဲ့ အကြောင်းကို မကြားချင်ဘူးလား။ အဲ့ဒါ အမှန်ပဲလေ၊ သူတို့ကြားမှာ တစ္ခုခု မဖြစ်ခဲ့ဘူးဆိုရင် ဘာလို့ ကျမဦးလေးက အဲ့ဒီမာန်တက်နေတဲ့ မိန်းမကို အလုပ်မထုတ်ပစ်လိုက်ရတာလဲ။ သူ မနေ့ကလုပ်ခဲ့တာ ဘယ်လောက် ဥာဏ်မရှိလိုက်လဲဆိုတာ ရှင် ကြားမိရဲ့လား။ သူက သူနာပြုတစ်ယောက်ပဲလေ၊ ဒါကို သူက ကိုယ်ဝန်ဆောင်လူနာကို C-Section ခွဲစိတ်မှု လုပ်ပေးပြီးတဲ့အပြင် မေ့ဆေးဆရာဝန်တစ်ယောက်လိုလည်း လုပ်ခဲ့သေးတယ်။ ဒါက ဘယ်လောက် အဓိပါယ် မရှိလိုက်လဲ။ မဟုတ္ဘူးလား
ဟုတ်တာပေါ့ နဉ်ကျစ်ယွမ် ကြားထားပြီးသားပါ၊ ဆေးရုံတစ်ခုလုံးတောင် ကြားသိထားပြီးသား အကြောင်းအရာတွေပဲလေ။
သူ လန့်ဖျန့်သွားမိတာက ဟော်မြန့်ရဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ကိုပါ၊ ဟော်မြန့်ရဲ့ ပြုမူပုံတွေကိုလည်း တကယ်ပဲ လေးစားမိခဲ့သည်လေ။ သူကြားသိထားတာက ခွဲစိတ်မှု လုပ်ဆောင်ချက်တွေက သေသပ်လွန်းသည့်အပြင် သားဖြားမီးယပ္က ဆရာဝန်တွေတောင် သူတို့ရဲ့ စွမ်းရည်အတွက် အရှက်ရမိကြသည် ဟူ၍။
ကိုယ်ကြားထားတာက ခွဲစိတ်မှုကလည်း အောင်မြင်တယ်ဆို၊ ဒီအတိုင်းလေးပဲ လွှတ်ထားလိုက်ပါတော့လား  နဉ်ကျစ်ယွမ် မျက်မှောင်ကုပ်နေမိသည်။
နဉ်ကျစ်ယွမ်ရဲ့ စကားလုံးတွေက ဝူရှောင်းရွှယ်ရဲ့ ဒေါသမီးကို လောင်စာထည့်လိုက်သကဲ့သို့ ရွိ၏။ သူ နဉ်ကျစ်ယွမ်ရဲ့ မျက်နှာကို ရိုက်ချပစ်လိုက်သည်။  ရှင် ဘာစကားတွေ ပြောနေတာလဲ။ ရှင့်ရဲ့ လက်ရှိချစ်သူက ဘယ်သူဆိုတာ ရှင်မေ့နေတာလား
ရှောင်းရွှယ်  မောင်ဆိုလိုတာ အဲ့လို မဟုတ်ဘူးလေ။ မောင်က ဒီအတိုင်း အေးအေးဆေးဆေး ဖြစ်သွားစေချင်တာပါ
မဖြစ်ချင်ဘူး၊ က်မ ဦးလေးနဲ့ တွေ့ဖို့လိုတယ်။ သူ က်မကို ဒီလိုလုပ်လို့ မရဘူး။ က်မကို ဌာနရဲ့ လက်ထောက်ခေါင်းဆောင် မဖြစ်စေဘူးဆိုရင် က်မ အလုပ်ထွက်ရလိမ့်မယ်။ ဦးလေး က်မကို ဘယ္လိုလုပ္လိုက်သလဲဆိုတာကို က်မအေဖကို သွားပြောပြမယ်။ က်မ အလုပ်ထွက်မယ်။ ထွက်မယ်  ။ က်မ သာမာန် အလွတ်တန်းဆရာဝန် တော့ မဖြစ်ချင်ဘူး။ က်မ ခေါင်းဆောင်ပဲ ဖြစ်ချင်တာ
ဝူရှောင်းရွှယ် က ဒါရိုက္တာ အခန်းရှေ့မှာ ရပ်နေပြီး အော်ဟစ်နေတော့သည်။
ဒါရိုက္တာဝူက သူ့ရုံးခန်းထဲက မထွက်သွားရသေးတာကြောင့် သူ့တူမ က ဘယ်လောက် ကိုယ့်အတွက်ပဲ ကြည့်သည်ဆိုတာကို သိရှိလိုက်ရတော့သည်။
ယခုတော့ ဟော်မြန့် ရဲ့ သာလွန်တဲ့အချက်တွေကို သိရှိလာရပြီမို့ ၊ ချင်းချူ က ဒီလိုသာမာန်မိန်းကလေးကို ကျရှုံးနေရတာလဲဆိုတာ နားလည်လိုက်ရပြီဖြစ်သည်။ အမွန္က ဟော်မြန့်ဟာ မတူခြားနားတဲ့ နည်းလမ်းတွေနဲ့ တောက်ပနေသူ ဖြစ်သည်ပဲ။
ဒါရိုက္တာ၊ မိန်းကလေးဝူက အပြင်မှာ ပြဿ နာ ရှာနေတယ်။ သူ့ကို တွေ့ကြည့်ချင်သေးလား  လက်ထောက်က လက်ရှိအခြေအနေကို စိတ်မသက်မသာ ဖြစ်နေမိတာကြောင့် ဒါရိုက်သာကိုသာ မေးမိရတော့သည်။
သူ့ကို ပစ်ထားလိုက် ၊ သူလုပ်ချင်တာ လုပ်ပလေ့စေ။ သူထွက်ချင်တယ်ဆိုလည်း သူ့ထွက်စာကို လက်ခံပေးမယ်လို့ ပြောလိုက်။ သူ လွတ်လွတ်လပ်လပ် ထွက်သွားလို့ ရတယ်လို့
ဟုတ်ကဲ့
ဝူရှောင်းရွှယ်နဲ့ နဉ်ကျစ်ယွမ် တို့ အခြေအတင် ဖြစ်နေစဉ်မှာပဲ ဒါရိုက္တာဝူရဲ့ လက်ထောက်က အပြင်ထွက်လာပြီး လေးလေးနက်နက် အသံနေထားဖြင့်  မိန်းကလေးဝူ ၊ ဒါရိုက္တာက ပြောပါတယ်၊ မိန်းကလေး အလုပ်ထွက်ချင်တယ်ဆိုရင် မိန်းကလေးရဲ့ အလုပ်နှုတ်ထွက်စာကို သူ လက်ခံပေးပါမယ်တဲ့ ။ မိန်းကလေး အခု ထွက်သွားလို့ ရပါပြီ
ဘာ ဦးလေးက တကယ် အဲ့လို ပြောတာလား  ဝူရှောင်းရွှယ် က မယုံကြည်နိုင်စွာ ပြန်မေးမိရတော့သည်။
-

အချစ်စတင်ခဲ့ရာ( Volume two)Where stories live. Discover now