326 to 335 (z+u)

1.1K 104 1
                                    

အခန်း (၃၂၆)
Her Husband Is The Boss (8)
ကျစ်.. ကျစ်.. မစ္စတာချင်းက ဘုရားသခင်လိုပဲ အရာရာ သိမြင်နေတော့တာပဲကိုး
ဟော်မြန်က ချင်းချူရဲ့ ထိုးထွင်းဥာဏ်ကို မေလးစားပဲ မနေနိုင်တော့။ သူက အျမဲလိုလို မိမိစိတ္ကို အကုန်မြင်နိုင်သည် ဖြစ်၏။
ဘာလိုချင်လို့လဲ ၊ ပြောလေ
ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ က်မအေမက က်မကို အိမ်ပြန်လာနေဖို့ ခေါ်နေလို့ပါ။ ကျမတို့က လက်ထပ်ထားပြီးသားဆိုတော့ အိမ်ပြန်နေတယ်ဆိုတာက အဓိပါယ် မရှိမှန်း သိပါတယ်။ ဒါပေမဲ့ က်မ အိမ်မှာ အေမ၊ ကျီရှင်းတို့နဲ့ ရက်နည်းနည်းလောက် အချိန်အတူကုန်ချင်လို့။
ရတယ်လေ ချင်းချူက ခေါင်းညိတ်၏။
ရှင် သဘောတူတယ်ပေါ့ ဟော်မြန် က ချင်းချူထံမှ လွယ်လွယ်အဖြေရလာလိမ့်မည်ဟု မထင်ခဲ့မိ။
အင်း .. ရက်နည်းနည်းလောက် အိမ်ပြန်နေ၊ အမေနဲ့ မောင်အတွက်လည်း ပစ္စည်းနဲနဲပါးပါး ဝယ်သြားဦး။ မင်းမှာ ငွေမလောက်ရင် ဘဏ္ဍာရေးဌာနကို ငွေနည်းနည်း လွှဲပေးခိုင်းလိုက်မယ်။
နိုး .. ရတယ်၊ က်မမွာ လောက်ငပါတယ်။ လုံလောက်တာထက်တောင် ပိုသေးတယ်။
ဟော်မြန် က များသောအားဖြင့် သူ့ကိုယ်ပိုင် လစာငွေဖြင့်သာ သုံးလေ့ရှိသည်၊ နောက်ပြီး သူ့လစာကလည်း ရာထူးတိုးကတည်းက လိုက်တိုးလာပြီလေ။
ချင်ချူကလည်း သူတို့ရဲ့ နေ့စဉ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတာမို့ ၊ သူ့မှာ သုံးစရာတောင် သိပ္မလို။ မိမိကို လွှဲပေးထားတဲ့ ယွမ် သန်း ၅၀ ရော၊ ချင်းချူရဲ့ ပုံမှန် လစာငွေတွေရော တစ္စိမွ မတို့ထိထားခဲ့ပေ။
ချင်းချူက သူ့ဇနီးကို မိဘအိမ် ပြန်မနေစေချင်ပေမဲ့ သူမေလးရဲ့ ခံစားချက်တွေကိုလည်း နားလည်ပေးနိုင်သည်လေ။
ထို့ကြောင့်ပင် သည်မိန်းကလေးကို သူ အရမ်းလွမ်းဆွတ်နေရတော့မှာပေမဲ့၊ နှုတ်မှတော့ ထုတ်မပြောချင်မိ။ သည်မိန်းကလေးကို ပျော်ရွှင်နေတာပဲ ဖြစ်စေချင်သည်။
သူတို့ နှစ်ယောက် စားကောင်းတဲ့ ထမင်းတစ်နပ် အျပီး၊ သူတို့ အိမ်ပြန်ရောက်ချိန်မှာတော့ ကုမဏီမွ ချင်းချူကို ဖုန်းဆက်လာ၍ အလုပ္ကို ပြန်သွားရ၏။
ဟော်မြန်ကတော့ ရေချိုးပြီးတာနဲ့ ၊ ချက်ချင်းပဲ ကုတင်ပေါ်တက်လှဲသည်၊ လှဲနေရင်း စာအုပ်နည်းနည်းဖတ်၊ ဂီတသံလေးနားထောင်ကာ သက်တောင့်သက်သာ နေနေလေသည်။
နောက်တစ်နေ့ ဟော်မြန် အလုပ္က ဆင်းချိန်မှာ သူက အသီးအရွက်များ၊ သစ်သီးမ်ား ဝယ်သြားကာ အိမ်ဟောင်းဆီသို့ သွားလိုက်၏။
ညဘက် စာသင်တန်းတွေ ရှိနေတာမို့ ကျီရှင်းတော့ ပြန်မရောက်လာသေး။ ယန်မေ့ရုန်က ကြက်တစ်ကောင်လုံးကို ခ်က္ကာ၊ အကြော်အလှော်နည်းနည်းပါ ပြုလုပ်ထား၏။ သားအမိနှစ်ယောက်သား အလွ်ံပယ်ညစာကို စားကြလေသည်။
ရုတ်တရက် တံခါးကို တွန်းဖွင့်လာပြီး လူနှစ်ယောက် ဝင်လာ၏။
ရှေ့က ဝင်လာသူက ဘေးအိမ်က အန္တီဝူ ၊ သူ့နောက်ဘက်မှ လူကိုတော့ ဟော်မြန်လည်း သေသေချာချာ မမြင်ရသေး၍ မမှတ်မိ။
အော်.. ထမ်းစားနေကြတုန်းလား
ဟုတ်တယ် ယန်မေ့ရုန်က ထလာပြီး သူတို့ ထိုင်ဖို့ ခုံတစ်လုံး ယူပေး၏။
မြန် .. သမီး ပြန်ရောက်နေတာလား အန္တီဝူက ဟော်မြန်ကို ထူးခြားစွာ ရင်းရင်းနှီးနှီး ပြုံးပြလာ၏။
ဟုတ်တယ် အန္တီဝူ ဟောမြန်က နှုတ်ဆက်လိုက်သည်။
ကြက္တိပဲ ၊ အန္တီ့သား .. လျန်.. လေ သူလည်း ရက်နည်းနည်း အလုပ်ပိတ်လို့လာတာ၊ အခုတည်းက ပျင်းလို့ အော်ညည်းနေတာ။ အခု ဟော်မြန်လည်း ပြန်လာတယ်ဆိုတော့ ၊ နှစ်ယောက်သား အဖော်ရတာပေါ့
လျန် ပြန်လာတာလား ယန်မေ့ရုန်က အန္တီဝူရဲ့ နောက်ဘက်က လူဆီ လှမ်းကြည့်လိုက်၏။
ဟော်မြန်လည်း လှည့်ကြည့်မိပြီး ၊ အများကြီး ပြောင်းလဲသွားတဲ့ ရွှီလျန် ကို မြင်တော့ အံ့သြသွားရ၏။
အိမ်နီးချင်း အဖြစ်နဲ့ သူတို့ ငယ်ငယ်ကတည်းက သိခဲ့ကြတာ ဖြစ်ပြီး၊ သူ့ကို အရမ်းတိတ်ဆိတ်တဲ့ ကောင်လေးအဖြစ်လည်း သတိထားမိတာ ဖြစ်သည်။
သူက ဟော်မြန်ထက် နှစ်အနည်းငယ် အသက်ကြီးတာကြောင့် သူတို့ အရမ်းရင်းနှီးကြသည်ရယ်တော့ မဟုတ်ပါ။
နောက်ပိုင်း ရွှီလျန် က တက္ကသိုလ်တက်ရန် မြို့မှ ထွက်သွားသည်၊ သူ ဘွဲ့ရပြီးတော့မှသာ ပြန်ရောက်လာတာ ဖြစ်သည်။ အခုတော့ သူ ဘဏ္တစ္ခုမွာ အလုပ်လုပ်နေပြီ ဖြစ်သည်။
သူက အခု အသက် ၃၀ ရှိပြီ ဖြစ်သော်လည်း တစ်ကိုယ်တည်းသမားမို့ အန္တီဝူက သူ့အတွက် အလွန် စိုးရိမ်နေရှာ၏။
ဟယ္လို အန်တီယန် ရွှီလျန်က ယန်မေ့ရုန်ကို အပြုံးတစ်ချက်ဖြင့် နှုတ်ဆက်လာ၏။
ရွှီလျန်က ၁၇၈ စင်တီမီတာ ရှည်ပြီး ရုပ်ရည်ကတော့ သာမာန်ပဲ ဖြစ်သည်။ သူက ခန့်ညားချောမောနေတာတော့ မဟုတ်သော်လည်း ကြည်လင်သန့်ရှင်းသော အသွင်လေးတော့ ရွိ၏။ သူ့ရဲ့ အနက်ရောင် ဝတ်စုံက သူ့ကို ဘဏ်ဝန်ထမ်းဘောင်ထဲ သွင်းထားသလို ရှိနေကာ၊ ဖြူရော်ပြီး ခပ်ပြည့်ပြည့် ဖြစ်သည်။
ထို့ပြင် သားဖြစ်သူကို အထင်ကြီးတဲ့ အန္တီဝူရဲ့ အဆိုအရ ရွှီလျန်မွေးဖွားလာတာကိုက သူတို့ရဲ့ ဂုဏ္တစ္ခု ဖြစ်သည်ဆို၏။
နင်တို့ နှစ်ယောက် စားပြီး ကြပြီလား၊ စိတ်မပူနဲ့ ထပ်ရှိသေးတယ်၊ ငါ ကြက်စတူး ခ်က္ထားတာ၊ မြန်က ဒီနေ့ ကြက်သား ဝယ်လာတယ်လေ။ အဲ့ဒါက ပြောင်းဖူးကျွေးပြီး မွေးထားတဲ့ သဘာဝကြက်ဆိုတော့ သိသာတယ်။ ငါတော့ အရသာကို အရမ်းကြိုက်တာပဲ။ ယန်မေ့ရုန်က ရင်းရင်းနှီးနှီး ပြောပြနေ၏။
ရပါတယ်၊ ငါတို့ စားပြီးကြပြီ၊ အော် .. ဟုတ်သားပဲ .. အပြင်မှာ ရပ္ထားတဲ့ ကားအဖြူလေးက နင်တို့အိမ်က ကားလား အန္တီဝူက အပြင်ဘက်မှာ ရပ္ထားတဲ့ Volkswagen CC အဖြူရောင်ကို အံ့သြနေလေသည်။
-
အခန်း (၃၂၇)
Her Husband Is The Boss (9)
ဝိုး .. တယ်ဟုတ်ပါလား၊ မြန်က ကားတောင် ဝယ်နိုင်ပြီပေါ့ အန္တီဝူက ချီးကျူးစကား ဆိုလာသည်။
ဟော်မြန်အနေနဲ့ မိမိကို လူအထင်မြင်ကြီးတာမျိုး မဖြစ်စေလို ၊ ထို့ကြောင့် ခေါင်းသာ ညိတ်ပြလိုက်သည်။ က်မ ချေးငွေယူပြီး ဝယ္ထားတာပါ၊ က်မ နေတဲ့ နေရာနဲ့ အလုပ်နဲ့က နည်းနည်း ဝေးတယ်။ ဒါကြောင့် ကားတစ်စီးရှိနေတော့ သြားရလာရ ပိုလွယ်ကူသွားတယ်လေ။
ရွှီလျန်က ကြားဖြတ်ဝင်ပြောလာတော့ သူ လန့်သွားရသည်။ ဒါက ရိုးရိုးကား မဟုတ္ဘူး၊ ပြည်ပက တင်သွင်းလာတဲ့ မိုဒယ်လ်၊ အထဲက အင်ဂျင်ကလည်း တရုတ်မှာ ထုတ်တဲ့ ဟာတွေထက် အများကြီး ပိုအဆင့်မြင့်တယ်။ အဲ့ကားက ယွမ် ၃သိန်းလောက် တန္တာ
ဒီလောက်တောင် ဈေးကြီးတယ်။ မြန်.. သမီးက ကိုယ့်အတွက်တော့ ကောင်းကောင်းဝယ်ထားတာပဲ
အန္တီဝူက ကားအကြောင်းတော့ သိပ်နားမလည်သော်လည်း၊ သားဖြစ်သူရဲ့ Audi A4 က ယွမ် ၃သိန်းကျော်ရုံဆိုတာ သူသိသည်။ ဒါကြောင့် ဟော်မြန်ရဲ့ ကားကလည်း ဈေးသိပ်မကွာတဲ့ ကားဆိုတာ ကြားလိုက်ရတော့ အထင်ကြီးသွားတာ ဖြစ်သည်။
က်မ ကားအကြောင်း သိပ္မသိဘူး၊ သူငယ်ချင်းတစ်ယောက်က ဒီမိုဒယ်လ် အကြောင်း ညွှန်းပေးတာနဲ့၊ ကျမလည်း ဝယ္လိုက္တာ။ ဟော်မြန်က သူ့ကားအကြောင်း သိပ်မပြောချင်မိ။ ဒီလို ပြောနေတာက သူ့လုပ်နေကျပုံစံလည်း မဟုတ်ဘူးလေ။
သို့ပေမဲ့ မိခင်ဖြစ်သူက သြက္လက္စြာ ဝင်ပြောလာ၏ မြန်က အခု သူတို့ဆေးရုံမှာ သူနာပြုခေါင်းဆောင် ဖြစ်သွားပြီလေ၊ တစ္လကို ယွမ် ၁သောင်းကျော် ရေနျပီ
အိုး ကောင်းလိုက်တာ၊ တောင်ဘက်ပိုင်းစင်တာမှာ သူဌေးတွေချည်းပဲ လာတက်ကြတယ်လို့ ကြားဖူးတယ်။ မြန်.. သမီးရော ကိုယ့်အတွက် အဲ့ဒီ သူဌေးတွေထဲက တစ်ယောက်လောက် မရှာကြည့်ဘူးလား
အန္တီဝူက နှုတ်ဖွာသူတစ်ယောက် ဖြစ်နေသည်မို့ ဟော်မြန်လည်း သူ့ကို ဘယ္လို ပြန်ဖြေပေးရမယ်မှန်းပင် မသိတော့။ မြန် အနေဖြင့် သူမ်ားကို လိမ်ညာခြင်း၊ လှည့်ဖြားခြင်းမျိုး မကြိုက်လှ၊ မိခင်ဖြစ်သူကိုလည်း အမှန်အတိုင်း ပြောလို့ မဖြစ်၊ အေမက သူနှင့် ချင်းချူတို့ အကြောင်း မသိထားသေးဘူးလေ။
ထို့ကြောင့် သူက ခေါင်းသာ ခါပြမိကာ မရွာပါဘူး ၊ အဲ့ဒီ တောင်ဘက်ပိုင်းစင်တာမှာ လာတက်တဲ့သူတိုင်းက လူနာတွေပဲလေ၊ ကျမတို့လို ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ အနေနဲ့ ၊ သူတို့နဲ့ အလုပ်ခွင်ပြင်ပမှာ ဆက်သွယ်တာမျိုး မလုပ်ကြပါဘူး။
သမီးပြောတာ မှန်တယ်။ မြန်က အဲ့လို ရိုးသားတဲ့ကေလးပဲ၊ သူ ငယ်ငယ်ကတည်းက အဲ့လိုပဲ။ သူက တခြားမိန်းကလေးတွေလို စကတ်တိုတိုဝတ်၊ မိတ်ကပ်ထူထူလိမ်းနေတဲ့ လူမျိုး မဟုတ္ဘူး။ ဒါက ကောင်းတဲ့ အချက်ပဲ
သူတို့ စကားပြောနေမိကြသည်မှ ဟော်မြန်တစ်ယောက် ဗိုက်အင့်အောင် စားမိသည်အထိပင်..
ဟော်မြန် အိမ်ထဲဝင်ပြီး အိပ်ခန်းရှင်းလင်းမည် အပြုမှာ အန္တီဝူက လျန်.. ဟော်မြန်နဲ့ အပြင်ခဏ လမ်းလျှောက်သွားပါလား၊ သားမွာ သူ့ကို ဆေးဘက်ဆိုင်ရာအကြောင်း နည်းနည်း မေးဖို့ ရှိတယ်လို့ ပြောသေးတယ် မဟုတ္ဘူးလား
ဟုတ်သား .. မြန် .. လျန်နဲ့အတူ အပြင်ခဏ လမ်းလျှောက်သွားလိုက်ပါလား ၊ နင်တို့ စကားလေး ဘာလေး ပြောလို့ ရတာပေါ့ အန္တီဝူက အချက်လှမ်းပြတော့ ဟော်မြန်ရဲ့ မိခင်ကပါ ဝင်ပြောလာ၏။
အမူအရာတွေက အရမ်းကြီး သိသာလွန်းနေတော့ ဟော်မြန် မွာ ပြောစရာ စကားမရှိအောင်ပင် ဖြစ်ရသည်။
ဒါပေမဲ့ ရွှီလျန်က အရင်စပြောလာသည် သွားကြရအောင်လေ
ဟော်မြန်လည်း ဘာမွ မတတ်နိုင်ဘဲ ရွှီလျန်နဲ့ အတူ လမ်းလျှောက်ဖို့ ထရပ်လိုက်ရတော့သည်။ အန္တီဝူရဲ့ ချက်ချင်းပဲ ယန်မေ့ရုန်ကို တီးတိုး လှမ်းပြော၏၊ ဟေး .. ရှင် ရော ၊ ကျုပ်သားကို ဘယ်လိုထင်လဲ
လ်န္က တော်ပါတယ်၊ ဒါပေမဲ့ ငါတို့ မိသားစုရဲ့ အခြေအနေက သိပ်ကြီး ကောင်းတာမှ မဟုတ္တာ၊ နင်တို့ မိသားစုအတွက် သိပ်မသင့်တော်ပါဘူးဟယ်
ဘာတွေ လာပြောနေတာလဲ၊ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် သိလာကြတာ ဒီလောက် ကြာနေပြီ၊ ငါက နင့်ကို အထင်သေးမယ်လို့များ နင်က ထင်နေသေးတာလား။ အစတုန်းကတော့ ငါက ဒီအကြောင်းတွေ သိပ္မေတြးပါဘူး၊ ဟော်မြန်မှာ ရည်းစားရှိနေတာမို့လို့လေ။ ဒါပေမဲ့ ပြီးခဲ့တဲ့ အခေါက်တုန်းက ကျီရှင်းက သူတို့ ပြတ်သွားကြပြီလို့ ပြောတာ ကြားလိုက်လို့၊ ဒါနဲ့ ငါလည်း ငါတို့လျန် နဲ့ မိတ်ဆက်ပေးဖို့ စဉ်းစားကြည့်လိုက်တာ။ ရှေ့ရက်ကပဲ ငါက လ်န္ကို ဖုန်းဆက်ပြီး မြန် ဆိုရင် ဘယ်လိုလဲလို့ မေးကြည့်တော့၊ ငါ သူ့ကို ပြတဲ့ ဓါတ်ပုံကို ကြိုက်တယ်လို့ ပြောလာတော့ ငါ့မွာ အံ့သြရသေးတယ်။ ဒါကြောင့် ငါတို့လည်း ဒီရောက်လာရတာပဲ။ သူက မြန်နဲ့ တွေ့ဖို့ အလုပ္က နားရက်ယူလာရတာ၊ ငါလည်း နင့်ကို ပြောပြီး မြန်ကိုအိမ်ခေါ်ပြီး သူတို့ကို တွေ့ခိုင်းမလို့ စီစဉ်နေတုန်း ရှိသေးတယ်၊ မြန်က သူ့ဘာသာ ဒီနေ့ ပြန်ရောက်လာတယ်။ ကြည့်ဦး ..ဒါ ရေစက်ပဲ မဟုတ္ဘူးလား
အန္တီဝူက စကားမ်ားသူ တစ်ယောက် ဖြစ်သည်။ သူက အောင်သွယ်တော် လုပ်ပေးရတာကိုလည်း သေဘာက်ကာ၊ တကယ့်အရှိထက် ပိုကောင်းသယောင် ပြောတတ်သူလည်းပဲ ဖြစ်သည်။
ကလေးတွေ သူတို့ အချင်းချင်း သဘောကျကြတယ်ဆိုရင် ငါလည်း ငြင်းဖို့ အကြောင်း မရှိဘူးပေါ့ဟယ်၊ ငါလည်း လ်န္ကို ကလေးပေါက်စကတည်းက သိလာတာပဲကို ၊ သူက လိမ္မာတဲ့ ကလေးတစ်ယောက်ပဲဟာ
ဒါဆို ကောင်းတယ်၊ ငါတို့ ဒီနားမွာ ထိုင်ပြီး သူတို့ ဆီက သတင်းကောင်းကို စောင့်နားထောင်ကြရအောင် အန္တီဝူကေတာ့ စိတ်လှုပ်ရှားနေလေပြီ။
မိမိရဲ့ သားဖြစ်သူကို ဟော်မြန် သဘောကျလိမ့်မည် ဟုပင် အကောင်းဘက်က တွေးထားနေတာ ဖြစ်သည်။
လမ်းလျှောက်သွားကြတဲ့ နှစ်ယောက်မှာတော့ .. ဟော်မြန်ကလည်း စကား သိပ်မပြော၊ မြန်အနေနဲ့ ရွှီလျန်ကို နှစ်အတော်ကြာ မတွေ့တာ ကြာပြီမို့၊ သူ မှတ်မိတာတွေက သူတို့ ငယ်ငယ်တုန်းက အကြောင်းတွေသာ ဖြစ်သည်။
အေမက ပြောတယ်၊ မြန်က အခု တောင်ဘက်ပိုင်း ပြန်လည်ထူထောင်ရေး စင်တာမှာ အလုပ်လုပ်နေတာဆို
ဟုတ်တယ် ဟော်မြန် ခေါင်းညိတ်လိုက်သည်။
အဲ့မွာ အလုပ္မ်ားလား ၊ အလုပ်ခွင် အခြေအနေကရော ဘယ်လိုနေလဲ၊ ရွှီလျန်ရဲ့ မေးခွန်းတွေ အကုန်လုံးက မေးနေကျမေးခွန်းများသာ၊ ဒါနဲ့တင် သူက သာမာန်လူတစ်ယောက်ဆိုတာ ဟော်မြန် ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။
-
အခန်း (၃၂၈)
Her Husband Is The Boss (10)
မဆိုးပါဘူး၊ အလုပ်ကလည်း အရမ်း ပင်ပန်းတာမျိုး မဟုတ္ဘူး။ တောင်ဘက်ပိုင်းစင်တာက အဆင့်မြင့်ဆေးရုံတစ်ခု ဆိုတော့၊ အလုပ်ခွင်ရော၊ ထောက်ကူ ပစ္စည်းတွေပါ အရမ်းခေတ်မီတယ်။
ကောင်းတာပေါ့၊ အေမက ပြောတယ်၊ မြန်က အလုပ်ကြိုးစားတဲ့ လူတဲ့၊ ညီမက ကျောင်းကောင်းကောင်းကြီးမှာ မတက်ခဲ့ရပေမဲ့ ၊ အလုပ်မှာ တော်လို့ တစ်ဆင့်ပြီး တစ်ဆင့် ရာထူးတိုးသွားတယ်တဲ့။ အစ်ကိုလည်း ညီမလို လူမျိုး အနားမွာ ရှိနေတာ သဘောကျတယ်။ ဒါမျိုးက အစ်ကို့ကို အင်အားဖြည့်ပေးသလိုပဲ။
အာ .. ချီးကျူးတဲ့အတွက် ကျေးဇူးပဲ
အစ္ကို ဘာအလုပ်လုပ်တယ်ဆိုတာတော့ သိတယ်မို့လား၊ အစ္ကိုကအခု အစ်ကိုတို့ ဘဏ္က ချေးငွေဌာနမှာ လက်ထောက်မန်နေဂျာ လုပ်နေတယ်။ လက်ရှိမှာ ရာထူးတက်ဖို့လည်း ရှိနေတယ်၊ ဒါပေမဲ့လည်း အဲ့ဒါက အစ်ကို့ ရည်မှန်းချက်တော့ မရောက်သေးဘူး။ အစ္ကိုက ငါးနှစ်အတွင်း အစ်ကိုတို့ ဌာနရဲ့ ဒါရိုက်တာဖြစ်ဖို့ ရည်ရွယ်ထားတယ်။ ဒါက ခက်ခဲမယ် ဆိုတာတော့ သိပေမဲ့ အစ္ကို လက်မလျှော့နိုင်ဘူး
ဒါ တကယ်ကောင်းတာပဲ၊ ရည်မှန်းချက်ရှိတာ ကောင်းတယ်။ အစ္ကို အောင်မြင်နိုင်မယ်လို့လည်း က်မ မျှော်လင့်ပါတယ်
မြန် အတွက်တော့ ရွှီလျန်ဆိုတာ ဖြတ်သွားဖြတ်လာ လူတစ်ယောက်ထက် မပိုသော်လည်း သူ့ရဲ့ အနာဂတ်အတွေးစိတ်ကူးတွေ ရှိနေတာကိုတော့ လေးစားမိသည်။
ရွှီလျန်က ရယ်မောလိုက်ရင်းက ဝေလငါးနဲ့ ငါးမန်းတွေက ရေဆန်မှာ ကူးခတ်တယ်၊ သေမဲ့ငါးတွေကတော့ ရေစုန်မှာ မျောလိုက်ကြတယ်။ (heart ထိ)
ဟားဟား .. ဒီလိုတွေးတာ စိတ်ဝင်စားစရာပဲ
ဟုတ်သားပဲ .. ညီမရဲ့ ရည်းစားနဲ့ လမ်းခွဲလိုက်ပြီဆို
ဟုတ်တယ်.. ကျမတို့ လမ်းခွဲလိုက်ကြပြီ၊ အန်တီဝူတောင် အရင်က အဲ့ဒီတစ်ယောက်ကို တွေ့ဖူးသေးတယ်။
ဒါဆို .. ညီမမွာ မကြာခင် ကြင်ဖက်တွေ့ဖို့တို့၊ လက်ထပ်ဖို့တို့ အစီအစဉ်ရှိထားလား ရွှီလျန်က စူးစမ်းကြည့်လာ၏။
မရှိသေးပါဘူး သူဘာပြောချင်သည်ကို ဟော်မြန် သတိပြုမိနေသည်၊ ထို့ကြောင့် သူ့အတွေးတွေကို အညွန့်မတက်ခင်ကတည်းက ဖြတ်ချဖို့ လုပ်ရ၏။
တကယ္လား .. ဒါဆို နှမြောစရာပဲ ၊ အစ်ကို့အမေက ပြောတယ်၊ ကိုယ်တို့သာ တွဲမယ်ဆိုရင် လိုက်ဖက်ညီတယ်တဲ့၊ နောက်ပြီး အစ်ကိုတို့က ကလေးဘဝကတည်းက တစ်ယောက်အကြောင်း တစ်ယောက် သိပြီးသား။ အစ်ကိုတို့က အလုပ်တွေလည်း အတည်တကျနဲ့ ဖြစ်နေကြပြီ၊ ဒါကြောင့် အိမ်ထောင်ပြုကြမယ် ဆိုရင်လည်း၊ ရေရှည်အတွက် မဆိုးလွဘူးပဲ
ဟား ဟား .. က်မကို အထင်ကြီးပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒီလို အိမ်ထောင်ရေးဆိုတာက ရှုပ်ထွေးတယ်။ တခါတရံမွာ တချို့လူတွေက လိုက်ဖက်တယ်လို့ မထင်ရပေမဲ့ တွဲဖြစ်တတ်ကြတယ်၊ တချို့ လိုက်ဖက်တယ်လို့ ထင်မြင်ရတဲ့ သူတွေကျတော့လည်း ဘယ္လိုမွ ဆက်သွားလို့ မရတဲ့ အခြေ ဖြစ်သွားတတ်တာလည်း ရှိကြတယ်
ရှေ့မှာ ဘားတစ္ခု ရှိတယ်၊ ညီမ တစ္ခုခု သောက်ချင်လား ရွှီလျန်က စိတ်တက်ကြွနေတုန်းပင်။
ဆောရီးပါ၊ က်မ ဒီည နည်းနည်း အလုပ်လုပ်ဖို့ ရှိနေသေးတယ်။ က်မ အခုပဲ ပြန်မှ ရေတာ့မွာ
အော် .. အိုကေလေ .. ညီမရဲ့ WeChat နံပါတ္က ဘယ်လောက်လဲ။ အစ္ကို add ထားလိုက်မယ်။ ရွှီလျန်က ဖုန်းထုတ်ယူရင်း မေးလိုက်သည်။
က်မ WeChat မသုံးဘူး၊ သုံးဖို့ အချိန်လည်း မရှိလို့ပါ
ဒါဆို ညီမ ဖုန်းနံပါတ်ကရော ရွှီလျန်က လက်လျော့ချင်ပုံ မရေသး။
အမ် .. ရွှီလျန် ၊ က်မ စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ကျမတို့ အချင်းချင်း ဆက်သြယ္စရာ နံပါတ်တွေ လဲလှယ်သင့်တယ်လို့တော့ မထင်ဘူး။ ကျမတို့ကြားမှာ ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူးလေ
ရွှီလျန်က ဟော်မြန်ရဲ့ တိုက်ရိုက်ငြင်းပယ်မှုကို ကြားရတော့ အံ့သြသွားရသည်။
သူရဲ့ ပြီးခဲ့တဲ့ ကြင်ဖက်တွေ့ဆုံမှုမှာတုန်းက မိန်းကလေးဘက်မှ စတင် စီစဉ်လာတာ ဖြစ်သည်။ သူ့ရဲ့ အလုပ်အခြေအနေကောင်းမှု ၊ မိသားစုကောင်းမှ ဆင်းသက်လာမှု အစရှိသည်တို့ကြောင့်ပင်။
သူ အစက တွေးထင်နေသည်က ဟော်မြန်နဲ့ တွဲဖို့ရာမှာ သူ့အတွက် အလွန်လွယ်ကူလိမ့်မည်ဟု ထင်ခဲ့တာ ဖြစ်သည်၊ ဒါပေမဲ့ ဟော်မြန်က တိုက်ရိုက်ကြီး ငြင်းပယ်လာတော့ သူ အံ့အားသင့်နေရတော့တာ ဖြစ်သည်။
သေချာတယ်ဆိုတာ ဘာမွ မရွိဘူး၊ နောင်မှာ အခွင့်အလမ်း ပွင့်ရင်လည်း ပွင့်လာမှာပေါ့ ရွီလျန်က လက်မလျော့နိုင်ပုံပင်။
ဖြစ်နိုင်စရာ အကြောင်း မရွိပါဘူး၊ က်မရဲ့ စကားပြော မတတ်ခဲ့တာဆိုရင်တော့ တကယ် တောင်းပန်ပါတယ်၊ အန္တီဝူက သူ့စိတ်ရင်းနဲ့ စီစဉ်ပေးတယ်ဆိုတာ ကျမသိပါတယ်၊ နောက်ပြီး အစ္ကိုက လူကောင်းတစ်ယောက် ဆိုတာလည်း ကျမသိနေပါတယ်။ ဒါပေမဲ့လည်း ကျမတို့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချလို့ ရတယ် မဟုတ္လား၊ ဒါကို အစ်ကိုလည်း နားလည်ပေးနိုင်မယ် ထင်ပါတယ်
အမွန္ကတော့ ဟော်မြန် ရွှီလျန်ကို ပြောချင်မိတာက မိမိသည် အိမ်ထောင်သည် ဖြစ်နေပြီဆိုတာပင်၊ ဒါပေမဲ့ အကယ်၍ ရွှီလျန်က အန်တီဝူကိုပြော၊ ဒါဆို အန္တီဝူက တစ်ခါ မိခင်ဖြစ်သူကို ပြန်ပြောလာလိမ့်မည်။ ထို့ကြောင့် အများကြီး စဉ်းစားကြည့်ပြီးတော့မှ ဟော်မြန် က မပြောတော့ဖို့ ဆုံးဖြတ်ထားလိုက်တာ ဖြစ်သည်။
ဟား ..ဟား အိုကေ၊ ဒါဆိုလည်း.. ညီမက အဲ့လို တွေးတယ်ဆိုတော့လည်း အစ်ကိုလည်း ဘာမွ မတိုက်တွန်းနေတော့ပါဘူး ရွှီလျန်က ခါးသီးစြာ ပြုံးလိုက်သည်။
ပြန်ကြရအောင် ဟော်မြန်က မိမိတို့ ပွင့်ပွင့်လင်းလင်း ပြောနေပြီးမှတော့ အချိန် သိပ်မဖြုန်းနေချင်တော့။
ရွှီလျန်နဲ့ ဟော်မြန်တို့ မြန်ရဲ့မိခင်အိမ်ကို ပြန်ရောက်လာပြီး၊ ခဏ အကြာတွင် အန်တီဝူနှင့် ရွှီလျန်လည်း ပြန်သွားကြသည်။
ဟော်မြန်က မိခင်ဖြစ်သူနား ထိုင်ကာ အဝတ်လျှော်ရာမှာ ကူညီပေးနေ၏။ ယန်မေ့ရုန်က ညစ်ပေနေတဲ့ အဝတ်အစားတွေကို ပွတ်တိုက်နေရင်းက အမှုမထားသလို မေးလိုက်၏ ရွှီလျန်နဲ့ အခြေအနေ ဘယ္လိုလဲ
-
အခန်း (၃၂၉)
A Standoff Between Money and Power (1)
မေမေ .. သူက ကျမအကြိုက်ပုံစံ မဟုတ္ဘူး
နင် အသက်ပဲ ဘယ်လောက် ဖြစ်နေပြီလဲ၊ သူ့အကြိုက်မဟုတ်ဘူးပဲ ရှိရသေးတယ်။ ဘဝတစ္ခု အတူ တည်ဆောက်ကြဖို့မှာ ဒါက အဓိက ဟုတ်လို့လား။ အဆုံးသတ်မှာ နင်တို့ မိသားစုတစ္ခု ဖြစ်တည်လာမယ်၊ အဲ့ဒါကသာ ဘဝပဲ။ နင် မကြားဖူးဘူးလား၊ လက်ထပ်ပြီး နောက်ပိုင်းမှာ အဲ့ဒီလူနှစ်ယောက်ဟာ လက်တစ်စုံ ဖြစ်လာတယ်တဲ့။ သူတို့ကြားမှာ ရှိနေတဲ့ အခ်စ်ဆိုတဲ့ဟာက ဘဝရဲ့ အေသးစိတ္က်တဲ့ အခက်အခဲတွေကြားမှာ တဖြည်းဖြည်း ဆုတ်ယုတ်သွားတယ်တဲ့
ဒါကေတာ့ ဟုတ်ပါလိမ့်မယ်၊ ဒါပေမဲ့ က်မကေတာ့ ဒါမှန်တယ်ဆိုရုံနဲ့တင်တော့ လက်မထပ်ချင်သေးဘူး၊ က်မ လက်ထပ်ရင် ချစ်တဲ့သူကိုပဲ ဖြစ်မှာပဲ။
သမီးဖြစ်သူ ပြောတာကို ကြားရတော့ ယန်မေ့ရုန် စိတ်မကြည်လင်တော့၊ ဒါပေမဲ့ လည်း ဒါကို ငြင်းခုံခြင်းတော့ မပြုပေ။
ထိုညတွင် .. WeChat ပေါ်မှာ ဟော်မြန် စိတ်ထဲ ခံစားနေရသည့် အခ်က္ကို စာရေးတင်လိုက်၏။
( အကယ်၍ တစ်နေ့မှာ မင်းလက်ထပ်ရတော့မယ် ဆိုရင်၊ အဲ့ဒါဟာ ချစ်တဲ့သူနဲ့ပဲ ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဖြစ်သင့်လို့ လက်ထပ်တာမျိုး မဟုတ်ဘဲနဲ့ပေါ့)
သို့ပေမဲ့ ကျီရှင်းက မြန်ရဲ့ စိတ်ကူးယဉ်ဆန်တဲ့ စာကြောင်းလေးကို အပိုင်းပိုင်း ကွဲကြေသွားစေလေအောင် ဝင်ရေးလာတာက
(မမ .. ယောက်ျားတွေက ကျောင်းသက်သာဆိုင်က စားစရာတွေလိုပဲ။ အဲ့ဒါက အရသာ မကောင်းဘူး၊ ဒါပေမဲ့ နောက်ကျမှ ရောက်သွားမယ်ဆိုရင်၊ ဘာမွ မကျန်တော့တာ တွေ့ရမယ်၊ ဒါဆို ဗိုက်ဟောင်းလောင်းနဲ့ပဲ အိပ်နေရတော့မှာ)
ကျူလင်းလင်းသည်လည်း ကျင်းကျီရှင်းရဲ့ WeChat မွာ ရှိနေရသည်မို့ ၊ သူတို့ပြောနေကြတဲ့ စာတွေကို တွေ့မြင်နေရလေသည်။ သူက ကျီရှင်း ရဲ့ စာအောက်မှာ ချက်ချင်း စာပြန်လိုက်၏။
(အဲ့ဒီစကားက ငါ့ကို ပြောနေတယ်လို့ ဘာကြောင့်များ ခံစားနေရတာပါလိမ့်)
(မဟုတ်ရပါဘူးဗျာ၊ မမလင်း .. ကျတော် က မမလင်းအကြောင်း ပြောရဲတဲ့ သတ္တိမရှိပါဘူးဗျာ)
ဟော်မြန်လည်း စာဖတ်ရင်း ပြုံးမိကာ ဝင်ရေး၏ (ရှင်လေးတို့က က်မရဲ့ post အောက် လာပြီး အပြန်အလှန်ပြော ဟာသလုပ်နေကြတယ်ပေါ့လေ။ ရှင်လေးတို့က post အတွက် အခကြေးငွေ ပေးသွင်းပြီးကြလို့လား)
နောက်ထပ် သူတို့ ဘာပြန်ဖြေလာမလဲဆိုတာ မကြည့်လိုက်ရသေးခင်မှာပင် ၊ ရုတ်တရက်ကြီး တစ်ယောက်ယောက်က Video Call ခေါ်လာ၏။
ကြည့်လိုက်တော့ နာမည်ပေါ်နေတာက ( က်မရဲ့ အချစ်ဆုံးသော မစ္စတာခင်ပွန်းကြီး) ဟူ၏။ ဒါနဲ့အတူ ချင်းချူရဲ့ ပုံလည်း တွဲပါနေသေးသည်။
ဟော်မြန် ချင်းချူကို ဒီလိုမျိုး ထည့်မှတ်ထားခဲ့ခြင်း မရှိပေ၊ ဒါဆို ဘယ္လို ဖြစ်တာပါလိမ့်..
စိတ်လှုပ်ရှားစွာ ဗီဒီယိုကောလ် ကို လက်ခံလိုက်ရင်း အသံကိုလည်း လျှော့ရ၏။
ကောင်းတာတစ်ခုက ဟော်မြန်ရဲ့ အခန်းက မိခင်ဖြစ်သူရဲ့ အခန်းနဲ့ နည်းနည်း ဝေးနေတာပင် ဖြစ်သည်။ မဟုတ်ရင်တော့ မိခင်ဖြစ်သူသာ သူ့အခန်းထဲ ရုတ်တရက် ဝင်လာရင်၊ သူ အခက်ကြုံနေရလိမ့်မည်လေ။
ဟေး .. မစ္စတာချင်း ဟော်မြန်က နောက်တီးနောက်တောက် အမူအယာလေးနဲ့ နှုတ်ဆက်လိုက်သည်။
ညစာ စားပြီးပြီလား ချင်းချူရဲ့ အသံက ခါတိုင်းလိုပင် ကြင်ကြင်နာနာ
ကြည့်ရတာ သူ အလုပ်မှာပဲ ရှိနေသေးပုံပင်၊ သူ့မှာ မီးခိုးရောင် ရွပ္ကို စိန်ကလစ်ညှပ်ကာ ဝတ်ဆင်ထားပုံက အရမ်းကို မျက်စိကျချင်စရာ ကောင်းနေတာ ဖြစ်သည်။
လူတိုင်း ဒီလိုပုံစံ ဝတ်ဆင် ရုံနဲ့တော့ သူဌေးပုံ ပေါက်မည် မဟုတ်၊ သို့သော် .. ချင်းချူ ဝတ်လိုက်တော့ ဒါက နန်းဆန်နေလေတာ ဖြစ်သည်။ ဒါကြောင့်ပဲ အဝတ်အစားက အကြောင်းရင်း မဟုတ်၊ မျက်နှာသွင်ပြင်ကသာ အဓိက ဖြစ်သည်ဆိုတာ ဝန်ခံရတော့သည်။ (ငကြွားလေး)
အင်း .. အမေချက်ပေးတဲ့ ကြက်သားက အရမ်း အရသာ ရွိတာ။ က်မ တစ်ပန်းကန်နဲ့ တစ်ဝက်တောင် စားပစ်လိုက်တယ်
မဆိုးပါဘူး ချင်းချူက ပြောလိုက်သည်၊ သူ့မျက်လုံးတွေကလည်း ပြုံးနေသလိုလို..
ရှင် အလုပ်လုပ်နေတုန်းလား
အင်း .. ခဏေန အစည်းအဝေး ရှိသေးတယ်
က်မ အိမ်မှာ မရှိတာနဲ့ မိနစ်ပိုင်းအတွင်း ရှင်က ဘယ်လိုလုပ် အလုပ္စြဲတဲ့သူလို ပြောင်းလဲ သြားရတာလဲ။ ရှင် အိမ်စောစောပြန်ပြီး ၊ နည်းနည်း အနားယူသင့်တာပေါ့
ကိုယ် အိမ္ကို ပြန်ရင်လည်း၊ ကိုယ် တစ်ယောက်တည်း အထီးကျန်နေမှာလေ ချင်းချူရဲ့ အဖြေက တိုတိုနဲ့ လိုရင်းရောက်၏။
သူပြောပုံက အနိုင်ကျင့်ခံရသည့် သနားစရာ အိမ်ရှင်မလေး လိုလို ၊ အသံက ဝမ်းနည်းမှု အပြည့်ဖြင့် ဖြစ်နေလေ၏။
အဟမ်း .. စိတ်မပူပါနဲ့ ၊ က်မ မကြာခင် အိမ်ပြန်လာမှာပဲကို
လွမ်းတယ် ချင်းချူက ဖုန်းထဲက မြင်နေရတဲ့ ဟော်မြန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
ဟော်မြန် က မစ်ကီမောက်စ် အရုပ်လေးပါသည့် ညအိပ်ဝတ်စုံလေးနဲ့ ကြည့်ရတာ အရမ်းကို ချစ်စရာကောင်းနေသည်။
ချင်းချူရဲ့ ရုတ်တရက်ကြီး ပြောလာတဲ့ စကားကို ကြားရတော့ ၊ ဟော်မြန်ရဲ့ ပါးတွေ နည်းနည်း ထူပူ လာသည်ဟု ခံစားရသည်။
ကိုယ့်ကို ပြောချင်တဲ့ စကားလေးများ မရှိတော့ဘူးလား ချင်းချူ ပုံစံက စိတ်မကြည်တာ သိသာနေသည်။ သူ့ရဲ့ ငတုံးငအ ဇနီးလေးက မိမိက လွမ်းပါသည် ပြောတာတောင် ဘာမွ တုံ့ပြန်မလာလေတော့ .. ဒါ မလွန်လွန်းဘူးလား..
ကျမလည်း တူတူပဲ လွမ်းတယ်
တူတူပဲ လောက်လေးပဲလား မစ္စတာချင်းက ထပ်ပြီး ငြူစူလာပြန်၏။
ဟမ် .. အများကြီး .. ရှင့်ကို အမ်ားးးးး ကြီး လွမ်းတယ်၊ သေအောင်လွမ်းတယ်၊ ကဲ ဒီလောက်ဆို ကျေနပ်ပြီလား
အခုမွပဲ နေလို့ ကောင်းသွားတော့တယ် .. မင်းရဲ့ ဖုန်းကို မင်းနဲ့ ဝေးဝေး ကိုင်ထားပါလား၊ အခုက မင်းရဲ့ မျက်နှာကြီးပဲ အနီးကပ်ကြီး မြင်နေရတယ်
ဘာရယ် .. အခုတော့ ရှင်က က်မ မျက်နှာကိုပဲ မြင်နေရတာကို ငြီးငွေ့ပြီပေါ့ ဟုတ္လား ဟော်မြန် ရယ်လိုက်မိသည်။
နည်းနည်း ပိုဝေးလိုက်ဦး
ချင်းချူရဲ့ တောင်းဆိုမှုကို ကြားရတော့၊ ဟော်မြန်လည်း မတတ်နိုင်ဘဲ ၊ သူနဲ့ ဖုန်းကြားက အကြာအေဝးကို တိုးမြှင့်ရတော့၏။ ဖုန်းထဲမှာ လူတစ်ကိုယ်လုံး ပေါ်အောင် တတ်နိုင်သမျှ ကြိုးစားကြည့်၏။
ကော်လာလေး နည်းနည်း ဆွဲချလိုက် ချင်းချူက ရုပ်တည်ကြီးနဲ့ ပြောနေတာ ဖြစ်သည်။
ဟော်မြန်
-
-
အခန်း (၃၃၀)
A Standoff Between Money and Power (2)
သူ ဒါကြောင့် မိမိရဲ့ ဖုန်းကို ပိုဝေးဝေး ထားခိုင်းတာကိုး၊ မအံ့သြတော့ပါဘူး၊ ဒါက သူဘာတွေးနေသလဲဆိုတာ ပြနေတာပဲလေ။ သူက မိမိကို မထိတွေ့နိုင်လေတော့ မျက်လုံးနဲ့ ကျေနပ်မှု ရှာတယ် ဆိုပါတော့..
မစ္စတာချင်း မွာ တော်တော်ထူးဆန်းတဲ့ အကြိုက်တွေ ရှိနေတာပဲ..
ဟုတ်ပြီလေ.. သူက မိမိကို လွမ်းနေတယ်လို့ ပြောထားမှတော့ ၊ ပြောတဲ့အတိုင်း လုပ်ပေးရတော့မှာပေါ့။ နောက်တော့ .. ဖုန်းကို လက်တစ်ဖက်နဲ့ ကိုင်ထားလိုက်ပြီး၊ တဖက္က အင်္ကျံကော်လာကို ဆြဲခ်လိုက္ကာ လည်ပင်းညှပ်ရိုးတွေ ပေါ်အောင်လုပ်လိုက်၏။
ထပ်နှိမ့်ဦး ချင်းချူက မကျေနပ်သေး..
ဟော်မြန် ဘာမွ ထပ်မပြောတော့ဘဲ အင်္ကျံကို ထပ်ဆွဲချပေးလိုက်၏.. အခုက အကုန်လုံးပင် မြင်ရတော့မည့် အခြေရောက်နေလေပြီ။
ထပ်နှိမ့်ဦး
ရှင်တော့ နာတော့မယ် .. ချင်းချူ
ဟော်မြန် ထပ်ပြမနေနိုင်တော့၊ နောက်ဆုံးတော့ ပေါက်ကွဲသွားလေပြီ..
အကယ်၍ ဒီထပ်ထက်လျှော့ရရင်လည်း သူ အကုန်လုံး မြင်ရဖို့ပဲ ရှိတော့သည်။ ဟော်မြန်ဆိုတာက ဒီလိုမျိုး မတော်တရော်တွေ ဖော်ပြဖူးတဲ့သူ မဟုတ်ဘူးလေ။
ဟော်မြန် ဒေါသထွက်နေတဲ့ ပုံလေးကို မြင်ရတော့ ၊ ချင်းချူ ပြုံးမိသွားသည်။ သူ့မြန်ကို ဒီလိုပုံစံမျိုးနဲ့ ဆွဲဆောင်ရတာ တကယ် ပျော်စရာကောင်းသည်။
ရှင် က်မကို သတ်နေတာလား၊ ဟင် ဟော်မြန်က ကန့်ကွက်စကား ဆိုလာသည်။
ဟုတ်လို့လား၊ ကိုယ္က မင်းနဲ့ ဆော့တောင် မဆော့ရသေးဘူးလေ ချင်းချူက ကောက်ကျစ်တဲ့ အပြုံးမျိုး ပြုံးနေလေသည်။
တော်ပြီ၊ ကျမတို့ရဲ့ ခင်မင်မှု အဆုံးသတ်သွားပြီ၊ ဂွတ်ဘိုင်
နောက်တော့ ချင်းချူ ဘာမွ တုံ့ပြန်ခွင့်တောင် မရခင် ဟော်မြန်က ချက်ချင်း ဖုန်းချလိုက်လေသည်။
သူ ထင်ထားတာက ချင်းချူဘက်မှ ချက်ချင်း ဖုန်းပြန်ခေါ်လိမ့်မည်ဟု ၊ ယောက်ျားလေးအားလုံး သူတို့ ဇနီးသည်ကို ဒီလိုမျိုးပဲ ပြုမူကြလေသလား
သို့ပေမဲ့ ခဏကြာအောင် စောင့်နေတာတောင်မှ ချင်းချူက ပြန်မခေါ်လာလေတော့၊ မြန် စိတ်နည်းနည်း ပျက်သွားမိလေသည်။ သူ အလုပ်များနေလို့ နေမှာပါ ဟုသာ ဟော်မြန် ကိုယ့်ဘာသာ နှစ်သိမ့်ပေးနေမိရင်း၊ စိတ္ပ်က်သြားတာကို ဖုံးကွယ်ဖို့ ကြိုးစားနေရလေသည်။
အချိန်က ည ၁၀ နာရီ ရှိနေလေပြီ. . သူ နည်းနည်းမှ မအိပ်ချင်သေး။
ဒါ ညဆိုင်းချည်းပဲ ရက်ဆက် ဆင်းနေရတာကြောင့်လည်း ဖြစ်မည်။ ထို့ကြောင့် ဟော်မြန်က အိပ်ရာမှ ထျပီး ငယ်စဉ်ဘဝတုန်းက ဓါတ်ပုံလေးတွေ ပြန်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
အရင်တုန်းက ဖုန်းတွေက အရမ်း ဈေးကြီးသည်၊ နောက်ပြီး ဓါတ်ပုံရိုက်တာက အရမ်း ခေတ်စားခဲ့တာ ဖြစ်သည်။ သူတို့ ဘွဲ့ယူတုန်းက ပုံလေးကို ထုတ်ယူပြီး ပြန်ကြည့်ကြည့်လိုက်မိတော့၊ ငယ်ရွယ်ပြီး .. အပြင်ကင်းစင်ရိုးသားတဲ့ မိမိကိုယ္ကို ပြန်မြင်ရ၏။
သူ အဲ့ဒီ အချိန်တွေကို တကယ်ပဲ လွမ်းလှပါသည်။ တခါတရံ အဲ့ဒီ ၁၄ နှစ်မှ ၂၄ နှစ်ကြား ၁၀ နှစ်တာ ကာလေလးကို ရာစုနှစ်တစ်ခု ဖြစ်သန်းသလို ခံစားပြီး ပြန်တွေးကြည့်နေမိတတ်သည်။ အဲ့ဒီ ဆယ်စုနှစ်အတွင်းမှာ အများကြီး ဖြစ်ပျက်သွားခဲ့ရသည်။ အဲ့ထဲမွာ ချင်းချူနဲ့ တွေ့ဆုံခြင်း၊ လမ်းခွဲခြင်းများလည်း အပါအဝင်ပင်..
ဒါတွေ ဖြတ်သန်းပြီးသွားတော့၊ အခု အတူပြန်ဆုံဖြစ်ကြပြန်သည်။ သည် ရေစက် လို့ ခေါ်သည့် ပဉ္စလက်ဆန်သော အရာလေးကို အံ့သြမိရသည်။
သူ့ရဲ့ ဓါတ်ပုံတွေ အကုန် ထုတ်ကြည့်ပြီးချိန်မှာတော့ အချိန်က ၁၁ နာရီ ခွဲနေပြီ။ ဟော်မြန် လည်း ဗိုက်နည်းနည်း ဆာလာ၏။
ကိုယ့်ဘာသာပဲ အသင့်စားခေါက်ဆွဲထုပ် ချက်စားမည်ဟု စဉ်းစားကြည့်လိုက်ပေမဲ့ အိမ်မှာက ဘာမွ မရှိနေ။ မိခင်ဖြစ်သူက ကျန်းမာရေးကို အထူးလိုက္စားသူ ဖြစ်ပြီး၊ ဒီလို အမှိုက်စာဟု ခေါ်ကြသော အရန်သင့် အစားအစာတွေကို စားလေ့မရှိ။ ဘာလုပ်ရမယ်မှန်း မသိဖြစ်နေချိန်မှာ ဟော်မြန်ရဲ့ ဆာလောင်မှုက ပိုတိုးလာသည်။
ပျင်းရိလာတဲ့ ဟော်မြန်က WeChat friend circle ထဲ လျှောက်ကြည့်မိတော့သည်၊ အဲ့ဒီမွာ အစားတစ်လိုင်း ကောင်းရန် ရဲ့ ဘာဘီကျူးနေတာ မြင်လိုက်ရတော့သည်။
သူ အကင်တွေ စားနေတဲ့ ပုံ ၉ ပုံတောင် တင်ထားတာဖြစ်သည်။ သူ့ကို မနာလို နိုင်သည့်အကြောင်းများပင် ပြောထားသေး၏..
ကျုလင်းလင်းက ဝင်မန့်၏ (ဒီလောက် နောက်ကျနေပြီ၊ ဘာလို့ နင် အဲ့လောက် အများကြီး စားနေတာလဲ။ နင်တော့ ဝက်ဖြစ်တော့မယ်)
ကောင်းရန်ကလည်း ချက်ချင်းပြန်ဖြေ၏။ ( ဒီသခင်လေးရဲ့ ခန္ဒာကိုယ်က အရမ်းကောင်းတာ ၊ ငါ ဘယ်လောက်စားစား မဝဘူး။ နင်စိတ်ပူပေးတဲ့အတွက် ငါက ကျေးဇူးအများကြီး တင်ပေးရမှာပေါ့)
( ဟေး.. နင်တို့ အငြင်းမပွားဘဲ နေလို့ မရဘူးလား ။ ငါ က တကယ်ကြီး ဗိုက်ဆာနေတာ၊ ဒါကြောင့်မို့ ဒီလိုအချိန်ကျမှ အခုလို အစားအသောက်ပုံတွေ တင်နေတာ ရပ်ပေးကြပါနော်)
ကောင်းရန်က ဟော်မြန်ရဲ့ မန့် ကို ဟားတိုက်ရယ်နေပြီးမှ နင့်ရဲ့ စူပါခင်ပွန်းကြီးကို စားစရာ နည်းနည်း လောက် လုပ်ခိုင်းလိုက်လေ)
(ငါက ငါ့အမေအိမ်မှာဟ )
(ဟား ဟား .. ကြည့်ရတာ တစုံတယောက်ကတော့ အိမ်မှာ တစ်ယောက်တည်း အထီးကျန်နေပြီနဲ့ တူတယ်) ကောင်းရန်ကတော့ သူများကံမကောင်းတာကို လှောင်ပြတတ်တဲ့ အကျင့်ကြီးကို ထုတ်ပြနေလေပြီ..
ဟော်မြန်တော့ ကောင်းရန်ရဲ့ ပုံတွေကို ကြည့်ရတာ ပိုပိုပြီး ဆာလောင်လာသည်မို့ သူ့ပုံတွေထဲက ကြက်တောင်ပံကင်တွေနဲ့ ရိုက္ထားတဲ့ တစ်ပုံ ခိုးသိမ်းလိုက်ပြီး မိမိထံမွာ ပြန်တင်လိုက်၏။
(အကယ်၍ အခုချိန်များ တစ်ယောက်ယောက်က ငါ့အတွက် ကြက်တောင်ပံ တစ်ဗူးလောက် ယူလာပေးမယ်ဆိုရင် ငါတော့ သူ့ကိုရော၊ သူ့ဘိုးဘေးတွေရော ကျေးဇူးတင်ပစ်လိုက်မယ်)
တကယ္ကေတာ့ ဟော်မြန် သက်သက် ရင်ဖွင့်လိုက်ခြင်းသာ ဖြစ်သည်.
၁၅ မိနစ်လောက်ကြာတော့ ဟော်မြန်ရဲ့ ဖုန်းမြည်သံ ထွက်ပေါ်လာသည်။
ဟယ္လို
အပြင်ထွက်ခဲ့ ဒါက ချင်းချူရဲ့ အမိန့်သံဆန်ဆန် အသံပင်
အခုကြီးလား .. ဟော်မြန် မိမိကြားလိုက်တဲ့စကား ဟုတ်ရဲ့လားလို့ပင် ဖြစ်သွားရသည်။
ကိုယ် မင်းကို စက္ကန့် ၂၀ အချိန်ပေးမယ် နောက်တော့ ချင်းချူက ဖုန်းချလိုက်သည်။
ဟော်မြန် ချက်ချင်းပဲ အိပ်ရာထဲက ရုန်းထကာ၊ တံခါးအပြင် ထွက်လာခဲ့လေသည်။ မိခင်ဖြစ်သူ နိုးသွားမှာ စိုးသည်မို့ သူ အိမ္စီး ဖိနပ်အပါးလေးပဲ စီးလာခဲ့လိုက်သည်။
ခြံဝန်းရဲ့ အပြင်ဘက်မှာတော့ ချင်းချူရဲ့ Maybach
ရှင် ဘယ်လိုလုပ် ရောက်လာတာလဲ ချင်းချူကို မြင်ရတော့ ဟော်မြန် အံ့သြသွားရသည်။
ချင်းချူ က စကားမပြောဘဲ ပါဆယ္ဗူးသာ လှမ်းပေးလိုက်သည်။
ရော့
-
အခန်း (၃၃၁)
A Standoff Between Money and Power (3)
ဘာတွေလဲ ဟော်မြန် မေးမိပြီးမှ သိချင်စိတ်ဖြင့် ဗူးကို ဖွင့်ကြည့်လိုက်တော့ ကြက်တောင်ပံကင် ၄ ခု ကို တွေ့လိုက်ရလေသည်။
အိုးမိုင်ဂေါ့ ရှင် ကျမတင်ထားတဲ့ စာကို မြင်သွားတာလား
အင်း
ဒါပေမဲ့ ရှင် ဘယ်လိုလုပ် အဲ့လောက် မြန်ရတာလဲ။ က်မ တင်ထားတာမှ ၁၅ မိနစ်လောက်ပဲ ရှိဦးမှာလေ။ ဒီကြက်တောင်ပံကို လုပ်ဖို့ချည်းပဲတင် မိနစ် ၂၀ လောက်ကြာမှာ၊ နောက်ပြီး ဒီကိုလည်း ကားမောင်းလာရဦးမယ်၊ ရှင့်မှာ အနာဂတ္ကို ကျော်သွားလို့ရတဲ့ စွမ်းရည်တွေ ဘာတွေများ ရှိနေလို့များလား
ဟော်မြန် တကယ်ကြီး အံ့သြနေတာ ဖြစ်သည်။
ချင်းချူက ဘာမွ မမှုသလိုပုံမျိုးဖြင့် ကိုယ်ဒီကို လာနေတုန်း၊ ကောင်းရန် စားနေတဲ့ ဆိုင်နားက ဖြတ်သွားခဲ့တာ ၊ အဲ့ဒါနဲ့ သူ စားဖို့ လုပ်နေတဲ့ ကြက်တောင်ပံတွေ ကိုယ် ထုပ် ပြီး ယူလာခဲ့တာ (poor ကောင်းရန်)
ဟော်မြန် မွာ ပြောစရာ စကားမရှိလေတော့
မောင် .. မောင်က အတော်ဆုံးပဲ ဒီကြက်တောင်ပံတွေဟာ ကောင်းရန်ရဲ့ ပါးစပ္နားက်ကာမွ ခိုးယူခံလိုက်ရသည့် ဟာတွေဆိုတာ ပုံမှန်ဆို ဟော်မြန် တွေးမိမှာမဟုတ်ပေ။
ဒါကြောင့် ဒီလောက်မြန်နေတာကိုး .. မအံ့သြတော့ပါဘူး ..
ကားထဲမွာပဲ စားလိုက်တော့၊ အပြင်မှာ အေးတယ် ချင်းချူက သတိလှမ်းပေး၏။
ဟော်မြန် ခေါင်းညိတ်ကာ၊ ချက်ချင်းပဲ မောင်းသူဘေးခုံနား ဝင်ထိုင်ကာ ကြက်တောင်ပံတွေကို ကိုက်ဝါးနေတော့သည်။ စားနေရင်းက လက်ချောင်းမှာ ပေနေတဲ့ အဆီတွေကိုပါ လျက်လိုက်သေးသည်။
ချင်းချူကတော့ သူ့ကို မတတ်နိုင်စွာ ကြည့်နေရင်းမှ တစ်ရှူးတစ်စ လှမ်းဆွဲယူကာ မြန် ရဲ့ လက်ချောင်းလေးတွေကို ဂရုတစိုက် သုတ်ပေးလာ၏။
ရော့ .. တစ်ကိုက် စားကြည့်၊ အရမ်း အရသာရှိတယ် ဟော်မြန်က ကြက်တောင်ပံတစ်ခုကို လှမ်းပေးလာ၏။
ချင်းချူက ငုံ့ကြည့်ပြီးမှ တစ်ကိုက်ယူစား၏။
ကောင်းလား
အင်း .. ချင်းချူက သူ့နှုတ်ခမ်းထောင့်တွေကို စမတ်ကျကျလေး သုတ်ရင်းက ခေါင်းညိတ်သည်။
ရှင် ကြိုက်တယ်ဆိုတော့ တော်သေးတာပေါ့၊ မောင် .. မောင်က တကယ် အတော်ဆုံးပဲ ညသန်းခေါင် အချိန်ကြီးမှာတောင် ဟော်မြန်အတွက် အလိုရွိတာ ရနိုင်ခဲ့သည်။ ဒီလိုအချက်တွေက ဟော်မြန်ကို အျမဲ ပျော်ရွှင်နေစေတာပင်။
ဟော်မြန် တက်ကြွနေတာကို ကြည့်ပြီး ချင်းချူ စိတ်ချမ်းသာနေမိသည်။ သည်မိန်းကလေးကို သည်လို အသေးအမွှားကိစ္စလေးတွေ နဲ့တောင် ပျော်ရွှင်အောင် လုပ်နိုင်တာကိုတော့ ချင်းချူ အံ့သြမိသည်။
ဖြည်းဖြည်းစား ၊ ရေလည်း သောက်ဦး ချင်းချူက ပြောရင်း သူမေလးဆီ Evian စမ်းရေဗူးကို လှမ်းပေးလိုက်သေး၏။
အသားစကြီးတွေကို ကိုက်လိုက်ပြီးတော့ ၊ ဟော်မြန်က ကျန်တဲ့ ကြက်တောင်ပံ အစေတြကို ဆက်စားနေပြန်သည်။
နောက်ဆုံးတော့ .. ဗိုက်ထဲမှာ ကြက်တောင်ပံတွေချည်း ပြည့်သွားတော့မှ စိတ်ကျေနပ်သွားတဲ့ ဟော်မြန်တစ်ယောက် ချင်းချူရဲ့ ပခုံးပေါ် ခေါင်းတင် မှီနားလိုက်လေ၏။
ကျေးဇူးတင်ပါတယ် မစ္စတာချင်း
ဘာအတွက်လဲ
ကျမတို့ အတူနေကတည်းက က်မကို အရမ်း ဂရုစိုက်ပေးခဲ့လို့ ကျေးဇူးတင်တယ် ။ ရှင် က်မကို ကလေးလေးလို သဘောထားပြီး ပြုစုပေးခဲ့တာ၊ နောက်ဆို ကျမကိုယ်ကျမတောင် စောင့်ရှောက်နိုင်ပါတော့မလားပဲ
ကိုယ်တို့က အိမ်ထောင်သည်တွေပဲ၊ ဒီတော့ ဒါတွေအကုန်လုံး ကိုယ်လုပ်ပေးရမှာပေါ့
ကျမကြောက်မိတာကလေ ၊ တစ်နေ့ကျရင် တစုံတခု ဖြစ်လို့ က်မနားမွာ ရှင် ထပ်မရှိနေနိုင်တော့မှာ ကိုပဲ။ ဒါဆို က်မ တကယ် ဝမ်းနည်းရလိမ့်မယ်
ဒါမျိုး ဘယ်တော့မှ ဖြစ်မှာ မဟုတ္ဘူး
နိုး .. ရှင် မှားနေပြီ၊ ကျမတို့တွေက မွေးတော့လည်း တစ်ယောက်တည်း၊ သေတော့လည်း တစ်ယောက်တည်းပဲ သေရမှာလေ
တကယ်လို့ အဲ့လို ဆိုရင်လည်း ၊ ကိုယ်တော့ မင်းက ကိုယ့်အရင် သေစေချင်တယ်။ ဒါဆို မင်း အသက်ရှိနေသမျှ အချိန်တစ်လျှောက်လုံး ကိုယ် ဂရုစိုက်ပေးနိုင်တယ်ဆိုတဲ့ အဓိပါယ်ပဲလေ။ တကယ်လို့ ကိုယ်သာ အရင်သေသွားခဲ့ရမယ်ဆိုရင်၊ ဒီကမ္ဘာကြီးထဲမှာ မင်းကို ထားချဲ့ပီး သြားရမွာကို ကိုယ် စိုးရိမ်နေရတော့မှာ။
ဒါကို က်မ နားလည်ပေးနိုင်ပါတယ်၊ တကယ်လို့ ရှင် တစ်နေ့ သေရတော့မယ်ဆိုရင် ၊ က်မကို အရင်သတ်သွားလေ၊ ဒါဆို က်မဘာသာ မစောင့်ရှောက်နိုင်မှာကို ရှင် စိတ်ပူမနေရတော့ဘူးပေါ့ ဟော်မြန်က ရယ်ဟဟ ပြောလာသည်။
ဒီအကြံ ကောင်းသားပဲ
ဟမ် .. နိုး .. မကောင်းဘူး .. က်မက ရှင့်ထက်ပိုပြီး အသက်ရှည်ရှည် နေချင်တယ်။ ဒါမွ ရှင်သေသွားရင် ၊ ကျမလည်း က်မရဲ့ ပင်စင်စား ဘဝေလးမွာ အလန်းစားလေးတွေ ရှာပြီး သူတို့နဲ့ ကျန်တဲ့ အချိန်လေးတွေ ဖြုန်းရမှာ
မင်း ဘယ်လောက်ရှာရှာ ကိုယ့်လောက် ခန့်ညားချောမောတဲ့သူကို ရှာတွေ့မှာ မဟုတ္ဘူးဆိုတာ ကိုယ် အာမခံတယ်။ တကယ်တော့ ..ကိုယ်တို့ ဆိုတာက တွေ့ရခဲတဲ့ အတွဲဆိုတော့လေ
ရှင် လုပ်လာပြန်ပြီ မစ္စတာချင်းရဲ့ မောက်မာဝံ့ကြွားမှုတွေ သူ့ခေါင်းထဲမှာ ထပ်ပေါ်လာနေပြန်ပြီဆိုတာ ဟော်မြန် သိလိုက်၏။
ရှင် ကေရာ ရုတ်တရက်ကြီး ဒီကို ဘယ္လို လာဖြစ်သွားတာလဲ
ကိုယ်တို့ အစည်းအဝေးလည်း ပြီးရော၊ မင်းတင်ထားတဲ့ WeChat က စာကို မြင်ရရော၊ ဒါနဲ့ ကိုယ်လည်း ဒီကို မောင်းလာတာပဲ
တကယ်လို့ က်မသာ WeChat မွာ စာ မတင်ဘူးဆိုရင် ၊ ရှင် မလာဘူးပေါ့
နိုး .. ကိုယ် တခြားအကြောင်းနဲ့ ရောက်လာမှာပေါ့
အဲ့လို ထပ်မလုပ်ပါနဲ့တော့၊ ရှင် မနက်ဖြန် အလုပ်သွားရဦးမှာလေ ဟော်မြန် ချင်းချူအတွက် စိတ်မကောင်း ဖြစ်မိသည်။
GK မွာ ဒီလောက် အလုပ်များနေတာ၊ ချင်းချူမှာလည်း သူကိုယ်တိုင် ကြီးကြပ်ရမဲ့ စီမံကိန်းတွေ အများကြီး ရှိနေတာလေ၊ ဒီတော့ သူ့ရဲ့ အချိန်တွေက ဘယ်လောက် တန်ကြေးကြီးလဲ ဆိုတာ မိမိ သိနေရသည်ပေါ့
သို့ပေမဲ့လည်း ၊ ဘယ်လောက်ပဲ သူ အလုပ်များနေသည် ဖြစ်စေ၊ မိမိနဲ့ အချိန်အတူ သုံးဖို့တော့ သူ အကောင်းဆုံး ကြိုးစားခဲ့သည်ပဲ။
ဟော်မြန်သည်လည်း ဥာဏ်တိမ်သည်မှ မဟုတ္တာ၊ ဒါတွေ အားလုံးဟာ မိမိအတွက် စဉ်းစားပြီး လုပ်ပေးတယ်ဆိုတာ သိသာနေသည်ပဲလေ။
အစတုန်းကတော့ ချင်းချူနဲ့ ချင်းချူရဲ့ မိဘေတြကို မုန်းတီးမိခဲ့ရသည်က ဦးလေးကျင်းရဲ့ သေဆုံးမှု အတွက်ကြောင့်သာ ၊ ယခု လအနည်းငယ်ကြာ သူနဲ့ အချိန်အတူကုန်ဆုံးမိပြီးနောက်မှာတော့ မိမိကို သူ ဂရုစိုက်ပေးတဲ့ အချက်တွေကြောင့် မိမိရင်ထဲက အမုန်းတွေဟာလည်း တဖြည်းဖြည်းချင်း လျော့ကျသွားခဲ့လေပြီ ဖြစ်သည်။
ကိုယ့်ဘာသာလည်း ဖြစ်တဲ့အကြောင်းတွေကို သေသေချာချာ ပိုင်းဖြတ်သင့်သည်ဟု စဉ်းစားမိသည်။ တကယ်တော့ ချင်းချူရဲ့ မိဘမ်ားကသာ ဦးလေးကျင်းကို သေစေခဲ့သူ ဖြစ်သည်၊ ချင်းချူ ကိုယ်တိုင်လုပ်တာ မဟုတ်ခဲ့ဘူးလေ။
သို့ပေမဲ့ .. ဒါတွေက အခုချိန်မှာ ဖြစ်ခဲ့ပြီးသားတွေ ဆိုပေမဲ့ သူတို့ကြားမှာ အမှတ်ရစရာ ဖြစ်နေရသေးသည်လေ၊ လောလောဆယ်မှာတော့ ဒါတွေကို လျစ်လျူရှူထားရုံသာ..
မြန် ချင်းချူက ခေါင်းလှည့်လာပြီး ဟော်မြန်ရဲ့ နားဖျားလေးနား တိုးတိုးလေး ကပ်ခေါ်၏။
အင်း
မင်းအမေကို အမှန်အတိုင်းဖွင့်ပြောဖို့၊ သူ့ဆီက ခွင့်လွှတ်မှု တောင်းခံဖို့ အခွင့်အရေးရအောင် လုပ်ချင်တယ်။ ကိုယ် မင်းကို တစ်သက်လုံးတော့ တိတ်တိတ်လေး လက္ထပ္ထားရတဲ့ ဘဝနဲ့ မနေနိုင်ဘူး။ ဒါက ကိုယ်တို့အတွက်လည်း တရားမမ်ွတဘူး
-
အခန်း (၃၃၂)
A Standoff Between Money and Power (4)
ဟော်မြန်ရဲ့ အမူအယာက ချင်းချူ ပြောတာကို နားထောင်နေမိချိန်မှာ တဖြည်းဖြည်း ပြောင်းလဲလာရတော့သည်..
မင်းလည်း ဒီကိစ္စ စိတ်ပူနေတယ်ဆိုတာ ကိုယ် သိတယ်။ ဒါကို သိသွားရင် မင်းအမေ ဘယ္လို ဖြစ်သွားမလဲ ဆိုတာကို မင်း ကြောက်နေတယ်မလား
အင်း .. အေမ က ဒီကိစ္စသိရင် ရသြားမဲ့ ရှော့ခ်ကို ခံနိုင်ရည် ရွိမွာ မဟုတ်လောက်ဘူး
ဒါပေမဲ့ မင်း စဉ်းစားကြည့်မိရဲ့လား။ ကိုယ်တို့ တစ်သက်လုံးတော့ ဒီလို တိတ်တိတ်လေး လက်ထပ်ထားပြီးတော့တော့ မနေနိုင်ဘူးလေ၊ ကိုယ်တို့က လက်ထပ်ပြီးပြီ၊ ဒါက အဓိက အချက်ပဲ
ကျမလည်း သိပါတယ်။ ဟော်မြန် ခေါင်းငုံ့ကာ အားလျော့တဲ့ အသံဖြင့် ပြောမိသည်။
အရင်တုန်းက ကိုယ့်မိဘတွေ လုပ်ခဲ့တာတွေက ခွင့်လွှတ်နိုင်စရာ မရှိမှန်း သိပါတယ်။ ဒါတွေကို မင်းအပေါ် ကိုယ် အကောင်းဆုံး ပြန်ထားပေးခြင်းနဲ့ ကြိုးစား ပေးဆပ်မယ်ဆိုရင်ရော၊ မင်းရဲ့ မိသားစုကိုလည်း ကိုယ့်တစ်သက်လုံး ကိုယ့်မိသားစု အရင်းအချာလို စောင့်ရှောက်မယ်လေ၊ မင်းအမေနဲ့ မောင်လေးကိုလည်း ကိုယ့် သွေးသားရင်းချာလိုမျိုးပေါ့၊ ကိုယ်တွေးနေမိတာတော့ တကယ်လို့ မင်းရဲ့အမေသာ ကိုယ် မင်းအပေါ်ထားတဲ့ ခံစားခ်က္ကို သိမယ်ဆိုရင် ၊ သူလည်း ကိုယ့်ကို နည်းနည်း အလျှော့ပေးမယ် ထင်တယ်။
ဒါပေမဲ့ က်မ အေမက သွေးတိုးရှိနေတယ်၊ သူ့ကျန်းမာရေးကလည်း သိပ်ပြီး မကောင်းနေဘူး။ က်မ ကြောက်တာက သူ့ကို ပြောပြလိုက်ရင် သူ ဒေါသထွက်သွားမှာ၊ ပြီး တစ္ခုခု ဖြစ်သွားမှာ၊ အကျယ်အကျယ် ငြင်းခုံမှု တွေ ဖြစ်လာမှာတွေကိုပဲ။ ဦးလေးကျင်းလည်း ရှိတော့တာ မဟုတ္ဘူး၊ ဒါကြောင့် သူ့ကိုတော့ ဘာမွ မဖြစ်စေချင်မိဘူး
ဒါဆို ကိုယ်တို့ ဘေးဘက်ကနေ ခြုံကိုရိုက်ကြည့်ရင်ရော ချင်းချူက စကားထောက်ကြည့်သည်။
(TWး တခြားနည်းဖြင့် လှည့်ပြောခြင်းကို ဆိုလို)
တခြားနည်းနဲ့ ဆိုရင် ဒါက ပိုခက်သွားလိမ့်မယ်။ က်မ အေမက ရှင့်ကို ရန်သူလို တောင် စဉ်းစားနေတာ၊ ရှင့် မိဘတွေတင် မကဘူး
ဟော်မြန် စကားက အမှန်ပင်..
ကိုယ်တို့ ဒီကိစ္စကို ပိုပြီး အေသးစိတ္က်က် စီစဉ်ကြည့်မှ ဖြစ်မယ်။ ချင်းချူ သက်ပြင်းဖွဖွ ချမိရသည်။
ဟော်မြန်က ချင်းချူရဲ့ ရင်ခွင်ဆီ ခိုမှီလာပြီး၊ နှစ်သိမ့်စကားဆို၏။ ဒီအတွက် သိပ်စိတ်ပူမနေပါနဲ့၊ သူ့ကို တဖြည်းဖြည်းချင်း သိမ်းသွင်းလို့ရနိုင်အောင် သူစိတ်ပြောင်းနိုင်မဲ့ အခွင့်အလမ်းမျိုး ရှာကြည့်လိုက်ပါဦးမယ်။
မင်းလုပ်နိုင်မယ်ဆိုတာ ကိုယ်သိပါတယ် ချင်းချူက ဟော်မြန်ရဲ့ ခေါင်းလေးကို မြတ်နိုးစွာ အသာသပ်ပေးနေသည်။
နောက်ထပ် အချိန်နည်းနည်းကြာအောင် နေပြီးတော့မှ ဟော်မြန်က ခြံထဲ ပြန်ဝင်လာပြီး၊ ချင်းချူရဲ့ ကားလည်း ပြန်ထွက်သွားသည်။
ဟော်မြန် အိပ်ရာထဲ လှဲနေရင်း၊ အိပ်မပျော်နိုင်အောင် ရှိနေရ၏။
ချင်းချူ ပြောလာတဲ့ အကြောင်းအရာက သူ အကြိမ်များစွာ စဉ်းစားကြည့်နေတဲ့ အကြောင်းသာ ဖြစ်သည်။ မိခင်ဖြစ်သူရဲ့ လက်ရှိ သဘောထားအရဆိုရင် ချင်းချူကို လက်ခံနိုင်ဖို့ရာ မဖြစ်နိုင်ပေ။
ထို့နည်းတူစွာပဲ ဟော်မြန်ကိုယ်တိုင်လည်းပဲ ချင်းချူရဲ့ မိဘေတြကို တော့ လက်မခံနိုင်သေး။
ဒါကြီးက ဗြဟ္မာဦးခေါင်း အခြေအနေသာ၊ မည်သို့ဆိုစေ သူတို့က ချင်းချူရဲ့ မွေးမိဘတွေ ဖြစ်နေသေးသည်ပဲ။
သူတို့ လက်ထပ်ထားပြီးမှတော့ သူ့မိဘတွေကိုလည်း ရှောင်လွှဲဖို့ရာ မဖြစ်နိုင်၊ တစ်ယောက်နဲ့ တစ်ယောက် မသိကျွမ်းသလိုမျိုးလည်း ဟန်ဆောင်နေ၍ မဖြစ်နိုင်။
ဒီတော့ သူ့အနေနဲ့ နည်းလမ်းတစ်ခု ရှာဖို့ လိုအပ်နေပြီဖြစ်သည်။ ဒါပေမဲ့ အရင်ဆုံး ၊ မိခင်ဖြစ်သူနဲ့ အရင်ဆုံး ညှိနှိုင်းရပေဦးမည်။ မိခင်ဖြစ်သူ အတွက် အဆင်ပြေပြီဆိုရင် ၊ ကျန်တာအားလုံးက လွယ်ကူသွားပြီလေ။
-နောက်တစ်နေ့ မနက်ခင်း-
ယန်မေ့ရုန်က မနက်စာအဖြစ် ပဲနို့နှင့် ပေါင်မုန့်ကြော် ပြင်ထားပေး၏။ ဟော်မြန် စိတ်လေးလေးနဲ့ပဲ စားလိုက်မိသည်။
ကားကို အမြန် မမောင်းနဲ့နော်၊ လမ်းပေါ်ရောက်ရင် စည်းကမ်းအတိုင်းပဲမောင်း၊ အပြင်မှာက ဘယ်နေရာမဆို တိုက်နေကြတာ
ဟုတ်ကဲ့ပါ .. မေမေ
ကျီရှင်းကိုလည်း ပိုက်ဆံတွေ ပေးမနေနဲ့တော့၊ သူ အတွက် သုံးလောက်ရုံလောက်ပဲပေး၊ သူ့ကို သိပ်အလိုလိုက်မနေနဲ့
ယန်မေ့ရုန် က အိမ်မှုကိစ္စတွေကိုလုပ်ရင်း ပျားတစ်ကောင်လို အလုပ်များနေရပေမဲ့ ဟော်မြန်ရဲ့ စိတ်တွေက ဟိုဟိုသည်သည် ဝေ့ဝဲနေကြသည်။
မိခင်ဖြစ်သူကို မေးဖို့ ကြိုးစားလိုက်ကာ မေမေ .. ချင်းအိမ် ကို မုန်းနေတုန်းပဲလားဟင်
မုန်းတာပေါ့အေ၊ သူတို့ရဲ့ လုပ်ရဲတဲ့ သတ္တိကို မုန်းတာ။ အခွင့်အရေးများရရင် သူတို့ကို အေရခြံပါ ဆွဲခွာပစ်ချင်တယ်။ ချင်းချူရဲ့ မိဘတွေအကြောင်း အစပျိုးမိရုံနဲ့ ယန်မေ့ရုန် မွာ ဒေါသတကြီး ဖြစ်လာနေသည်။
က်မ ပြောချင်တာက .. မေမေက ငယ်တော့တာလည်း မဟုတ္ဘူး၊ ကျန်းမာရေးလည်း အရင်လို ဒေါင်ဒေါင်မြည် မဟုတ်တော့ဘူး။ က်မက အေမ့ကို အမုန်းတရားတွေနဲ့ ရှင်သန်မနေစေချင်ဘူး။ ဦးလေးကျင်းလည်း ဆုံးသွားခဲ့ပြီးမှပဲ။ အေမ့မွာ ဒီလောက်များတဲ့ အမုန်းရဲ့ ဖိအားတွေကို ကြံ့ကြံ့ခံပြီး မနေစေချင်ဘူး။ ဟော်မြန်က ခြုံကို စမ်းပုတ် ကြည့်လိုက်တာ ဖြစ်သည်၊ ဒါမွပဲ မိခင်ဖြစ်သူရဲ့ သေဘာထားကို သိနိုင်မည်လေ။
ယန်မေ့ရုန်က ချက်ချင်းပဲ လှည့်လာပြီး ဒေါသတကြီး ဆဲဆို ကျိန်တွယ်နေတော့၏။
ငါ သူ့တို့ကို ဘယ်တော့မှ မေ့မှာ မဟုတ္ဘူး၊ သူတို့က ငွေနဲ့ အာဏာတွေ သုံးပြီး နင်တို့ ဦးလေးကျင်းကို သတ်တယ်၊ အဲ့ဒီ စောက်ကားသမားကို လွတ်အောင် လုပ်ပေးတယ်။ ဟင် .. ဒါက လိုလို့လား ..၊ သူတို့ အဲ့ကားသမားကို ခိုင်းထားတာ ဆိုတာ လူတိုင်းသိတယ်။ နောက်ပြီး သူတို့က ငါတို့ကို လျော်ကြေး ပေးဖို့တောင် ကြိုးစားသေးတယ်။ ဟမ်.. အဲ့ဒါက ကျင်းရဲ့ ဘဝကို ပြန်ပေးနိုင်မှာမို့လို့လား၊ ဟမ် .. သူတို့ကို ငါ ယွမ် ၁သန်းပေးပြီး အဲ့ဒီ စောက်ချင်းယွီမင်ကို သတ်ခိုင်းရင်ရော၊ ရလို့လား ..
ဟော်မြန် သိထားသလိုပင် ယန်မေ့ရုန်က အခုထိ ဒါတွေကို မစွန့်လွှတ်နိုင်သေးလေတော့၊ မြန် စိတ်ပူနေတာတွေက တကယ် ဖြစ်လာလေပြီ..
မေမေ .. အဲ့ဒီနေ့က သေတဲ့သူဟာ က်မပဲ ဖြစ်လိုက်ချင်မိတယ် ဟော်မြန် အပြစ်ရှိနေသူလိုသာ ပြောမိသည်။
ငါ အဲ့လို ပြောချင်တာ မဟုတ္ဘူး၊ နင်ရော နင်တို့ ဦးလေးကျင်းရော၊ ငါ့အတွက်တော့ အရေးကြီးတာပဲ။ ငါ.. ယန်မေ့ရုန်က အဲ့ဒီ ချင်းအိမ်က လူတွေနဲ့ ဘယ်တော့မှ အငြိုးကျေမှာ မဟုတ္ဘူး။ ငါသေသွားရင်တောင်မှ ငါ ဒီအမုန်းတွေကို လွှတ်ချထားခဲ့နိုင်မှာ မဟုတ္ဘူး
နောက်တော့ .. ယန်မေ့ရုန်က ဟော်မြန်ကို အေးစက်တဲ့ အကြည့်တွေနဲ့ ကြည့်လာပြီး နင် ..သူတို့အိမ်က သားနဲ့ တွဲနေတုန်းပဲ လို့တော့ ငါ့ကို မပြောနဲ့နော်
-
အခန်း (၃၃၃)
A Standoff Between Money and Power (5)
မိခင်ဖြစ်သူရဲ့ အေမးစကားကို ကြားတော့ ဟော်မြန် ခပ်မြန်မြန် ခေါင်းခါလိုက်ပြီး မတြဲပါဘူး..မေမေ
အဲ့ဒါ အကောင်းဆုံးပဲ ၊ မွတ္ထား .. နင် ဒီကမ္ဘာပေါ်က ဘယ်သူ့ကို မဆို လက်ထပ်လို့ရတယ်။ ဒါပေမဲ့ အဲ့ကောင်တော့ မဖြစ်ရဘူး။ နင်တို့ နှစ်ယောက်ကြားမှာ အများကြီး ဖြစ်ပျက်ခဲ့ရုံတင် မကဘူး၊ လူ့အသက်တစ်ချောင်းတောင်မက၊ ၇ နှစ်လုံးလည်း မုန်းတီးနေခဲ့သေးတာ
မိခင်ဖြစ်သူဟာ ချင်းအိမ်တော်ကို ဘယ်လောက်မုန်းသလဲဆိုတာ ဟော်မြန် သိပါသည်၊ အရင်တုန်းက ဆိုလျှင် တစ်နှစ်လုံးလိုလိုပင် သူတို့က မိခင်ဖြစ်သူကို လှောင်ပြောင် ရယ်မောကြသည်၊ အိမ်နီးချင်းတွေက သရော်ကြသည်။
ကောလဟလဆိုတာ ကြောက်စရာကောင်းလှသည်၊ သူတို့က ယန်မေ့ရုန်ငယ်ငယ်တုန်းကလည်း သူများအိမ်ထောင်ကို ဝင်မွှေခဲ့သည့် ကြာကူရီမ၊ သမီးဖြစ်သူကျတော့လည်း အသက်ငယ်ငယ်ကလေးနဲ့ပင် သူဌေးသားလေးကို ဆွဲဆောင်မြူဆွယ်ကာ ခိုးရာလိုက်ပြေးဖို့ ကြိုးစားခဲ့သည့် မြေခွေးပေါက်မ ဖြစ်သည်ဟု ဆိုကြ၏။
သူတို့ရဲ့ ခိုးရာလိုက်ပြေးမှုဟာ အစီအစဉ်ပျက်သွားခဲ့ပြီး နှစ်ဖက် မိသားစုအတွက် ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သော အရာတွေလည်း ဖြစ်ပျက်ခဲ့သည်။
အရင်တုန်းက ချင်းချူက ဟော်မြန်နဲ့အတူ အေမရိကကို ထွက်သွားကြဖို့ စီစဉ်ခဲ့သည်။ သူတို့ နှစ်ယောက်အတွက် နိုင်ငံကူးလက်မှတ်တွေပင် ရထားပြီးပြီ၊ သူတို့အတွက် နေထိုင်ခွင့်ဗီဇာ အတည်ပြုလာမှာကိုသာ စောင့်နေကြစဉ်မှာ ဖြစ်သည်။
သို့သော် ဘာကြောင့်မှန်းမသိဘဲ ချင်းချူရဲ့ မိဘေတြဟာ ဦးလေးကျင်းရဲ့ ကားတိုက်မှုကို စီမံသူဆိုတာ သိသွားကြသည်။
နောက်ဆုံးမှာတော့ .. ဟြော်မန်ကို ချင်းချူ နဲ့ ပတ်သတ်မှု အားလုံး ဖြတ်တောက်စေကာ၊ ချင်းချူသည်လည်း အေမရိကကို သူတစ်ယောက်တည်းသာ ထွက်သွားခဲ့တော့တာ ဖြစ်သည်။
တစ်ဖက်မှာတော့ ဟော်မြန်မှာ ထို ကောလဟလ သတင်းများနှင့်သာ တချိန်လုံး ရင်ဆိုင်နေခဲ့ရတာ ဖြစ်သည်။ သူ့ရဲ့ ရမှတ်အဆင့်ဟာ ကျင်းမြို့တော်၏ အကောင်းဆုံးသော ဆေးကျောင်းကို တက်ရန် သော်လည်းကောင်း၊ သို့မဟုတ် ပြည်ပရှိ ဆေးပညာဆိုင်ရာ ပညာသင်ထောက်ပံ့မှုအစီအစဉ်များ ရယူရန်လည်းကောင်း အဆင့်မီသော်လည်း ဦးလေးကျင်းရဲ့ သေဆုံးမှုကြောင့် ဒါတွေအားလုံးဟာ အေဟာသိကံ ဖြစ်ကုန်ရတော့၏။
သူ့အိမ်မှာလည်း အိမ္ကို ဆိုးကျိုးပေးသည့်သူ ဖြစ်လာပြီး၊ မိခင်ဖြစ်သူဟာလည်း ဒီနှစ်တွေမှာ ဒါတွေကို ကြံ့ကြံ့ခံနေခဲ့ရတာ ဖြစ်သည်။
မိမိကဲ့သို့သော အရာရာ ဂရုစိုက္ကာ နေခဲ့ရခြင်းမျိုး ဘယ်သူမွာမွ ရှိဖူးမှာမဟုတ်..
အကယ်၍ ချင်းချူသာ ပြန်မလာလျှင် ၊ သူသည် အခါတိုင်းလိုသာ မထင်မရှား သာမာန်ဘဝလေးနှင့် နေထိုင်သွားပြီး၊ အဲ့လိုနဲ့သာ သေသွားမည် ဖြစ်သည်။
မေမေ.. က်မ သိပါတယ်၊ စိတ်မပူပါနဲ့ ဟော်မြန်က မေရမရာ ပြန်ဖြေပေးလိုက်ကာ သူ့ခံစားချက်တွေကို ဖုံးကွယ်ဖို့ ကြိုးစားလိုက်သည်။
မနက္စာ စားပြီးချိန်မှာတော့ ၊ ဟော်မြန်က မိခင်ဖြစ်သူရဲ့ အိမ်မှ ကားဖြင့် ထွက်လာခဲ့သည်။
စိတ်တွေ ပျံ့လွင်နေသည်မို့ မကြာခဏဆိုသလို မီးနီတွေတောင် ဖြတ်မောင်းမိလုနီးပါး ဖြစ်သွားရသည်။ လူကူမျဉ်းကျားနားရှိ မီးပွိုင့်အရောက် ရုတ်တရက် ဘရိတ်နင်းလိုက်ရ၏။ မီးပွိုင့်ကို ကြည့်မိတော့ မျက်မှောင်ကုပ်သွားရသည် မီးနီရဲ့ စက္ကန့်ရေတွက်မှုက ၃၀၀ စက္ကန့်မှ စေန၏..
ဗုဒေါ .. ၃၀၀ စက္ကန့် မီးနီတယ်
သူ သြားဖူးသမ်ွမွာ မီးနီ ကြာချိန် ဒီလောက်ရှိတာကို မြင်ဖူးတာ ဒါ ပထမဆုံးပင်.. ။ ပုံမှန်ဆို အလွန် ကားရှုပ်သည့် မြို့လယ်ခေါင်တောင်မှ ၉၀ စက္ကန့်သာ ကြာတာ ဖြစ်သည်။
ဘယ်လိုဖြစ်လို့ ဒီ မီးပွိုင့်ကျကာမှ ကားပိတ်ရလုခမန်း ဖြစ်အောင် ကြာနေရတာတုန်း..
အလွန်အံ့အားသင့်စွာဖြင့်၊ ဟော်မြန်တစ်ယောက် ဖုန်းထုတ်ကာ ဓါတ်ပုံတောင် ရိုက်လိုက်သေး၏။
သူ့အနီးနား ဘေးဘက်နားတွင် အနက်ရောင် Lexus တစ္စီး ထိုးရပ္ထား၏။ ကားပြတင်းပေါက်တွေကလည်း အနက်ရောင်ပိတ်နေသည်မို့၊ အပြင်ဘက်မှ ဘယ်သူမွ မမြင်ရနိုင်။ အထဲမွ လူကသာ အပြင်ကို အကုန် မြင်နိုင်နေတာ ဖြစ်သည်။
ဆုယြီက ထိုကားရဲ့ အနောက်ဘက်ခုံမှာ ထိုင်နေတာဖြစ်ပြီး ၊ လက်ထဲမှာ ကိုလာ တစ္ဗူး ကိုင်ထား၏။ သူက ဘေးက ကားဖြူလေးထဲက မိန်းကလေးကို ကြည့်ငေးနေလေသည်။
သည်မိန်းကလေးကို သူ လွမ်းဆွတ်နေသည်။ သို့သော် သူမေလးကို တွေ့ရန် သတ္တိတို့ မရွိ။ မိမိက ကြက်ပေါက်လေးလို ဖြစ်နေတာမျိုးတော့ မဟုတ်၊ သည်မိန်းကလေးက မိမိကို နောက်တစ်ခါ ငြင်းပယ်မှာကိုသာ စိုးကြောက်နေမိတာ ဖြစ်သည်။
ဆုယြီရဲ့ ဘဝမွာ မိန်းမများစွာတို့သည် သူတို့ဘာသာ ပစ်ဝင်လာကြသည်ချည်းသာ ဖြစ်သည်၊ သို့သော် ယခုတော့ ပထမဦးဆုံးအကြိမ် ကြွေမိတဲ့ မိန်းကလေး က်ကာမွ အငြင်းခံနေရတော့သည်။
နေ့ရက်များစွာ ရင်ထဲ နာကျင်နေရပြီး၊ ဝေ့လျောင်နှင့် တခြားသူတွေနဲ့အတူ ညတိုင်း ထွက်သောက်စားနေကြသော်လည်း ဟော်မြန်ကိုတော့ သူ့စိတ်ထဲက ထုတ်မရနိုင်အောင် ရှိနေရသည်။
သည်မိန်းကလေးနဲ့ ဆုံပြီးကတည်းက သူဟာ ဗြဟ္မာစရိယ ကျင့်ကြံသူတစ်ယောက်အလား ဖြစ်လာရသည်မို့ ကိုယ့်ကိုယ်ကိုယ်တောင် အံ့အားသင့်နေမိသည်။ ဘယ်လောက်ပဲ လှပချောမောတဲ့ မိန်းကလေး ဖြစ်နေပါစေ၊ သူ စိတ်မဝင်စားတော့ ။ ကျောင်ချင်းရာ တို့လို အလွပေဂးမ်ားက မိမိရှေ့မှာ ဝတ်လစ်စလစ်ဖြင့် ညှို့ယူနေမည် ဆိုရင်တောင်မှ သူ့မှာ ဘယ္လို ခံစားချက်မှ မထွက်ပေါ်လာ..
ထို့ကြောင့် .. ဒါဟာ သူ ရောဂါစွဲနေတာသာ ဖြစ်မည်ဟု ယုံကြည်လာမိတော့သည်၊ (ဟော်မြန်ကို ကြွေတဲ့ဆုယွီ) မည်တဲ့ ထိုရောဂါသာ စွဲကပ်လာနေတာ ဖြစ်ပေမည်။
နည်းနည်း ထပ်ကြိုးစားမိပြီးတဲ့ နောက်မှာတော့၊ ဟော်မြန်ရဲ့ နေ့စဉ် မောင်းနှင်သွားရာ လမ်းကြောင်းမှ လမ်းဆုံကို စကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ ယဉ်ထိန်းရဲကို ဖြစ်နိုင်သမျှ အရှည်ကြာဆုံးသော မီးနီကို ထားစေပြီး၊ ဟော်မြန်ကို အဲ့ဒီနားမွာ ပိတ်မိနေစေတာ ဖြစ်သည်။
ဟော်မြန်က ခေါင်းငုံ့နေပြီး၊ ဖုန်းသုံးနေ၏။ သူ့ကို တစ်ယောက်ယောက် စောင့်ကြည့်နေသူ ရွိတာ သူ မသိ။ စက္ကန့် သုံးရာ ဆိုတာက မကြာမတင်ပဲ ကုန်ဆုံးသွားပြီး၊ မြန် ရဲ့ ကားနောက်မှ ကားတွေက ဟွန်းသံ ပေးလာသည်။
ဟော်မြန်လည်း ချက်ချင်းပဲ လီဗာနင်းကာ မောင်းထွက်သွားလေတော့သည်။
ဆုယြီက သူ့ဘာသာ တစ်ယောက်တည်း ရေရွတ်မိသည်။ စက္ကန့် သုံးရာ ကလည်း ခဏေလးပဲလား။ နောက်တစ်ခါကျရင် စက္ကန့် ၉၀၀ လောက် ထားမွ ထင်တယ်။

အချစ်စတင်ခဲ့ရာ( Volume two)Where stories live. Discover now