ချာတိတ်​ 🍑 3 🍑

1.5K 98 12
                                    

~အ..~

ကားထဲ အတင်း​ဆောင့်​ထည့်​လိုက်​​သော​ကြောင့်
နာကျင်​စွာ​အော်​လာသည်

ဒါမဲ့ သူမသိပါဘူး ကျ​နော့်​ရင်​ထဲ ဖြစ်​နေတာေ​တွကို သူ့ကို အ​ကောင်​တစ်​​ကောင်​နဲ့​တွေ့လိုက်​ရတာက
ကျ​နော့်​ရင်​ကို ​ဗ​လောင်​ဆူ​စေပါတယ်

"​ချာတိတ်​ ​ပြော​လေ ​စောနက အ​ကြောင်း​တွေ​ပြော ကိုယ့်​ကို အကုန်​​ပြော"

".........."

"​ပြော​လေ!!!"

"ဟင့်​..."

အော်​​လိုက်​​သော​ကြောင့်​​ကြောက်​လန့်​စွာ 
ရှိုက်​သံ​လေး​တွေပါ ထွက်​လာသည်

"တိတ်​မ​နေနဲ့ အကုန်​​ပြော ​စောနက အ​ကောင်​​ပြောတာ​တွေက အမှန်​​တွေပဲလား မင်းက အဲ့လို လူစားမျိုးလား ချာတိတ်​"

"........."

"​ဖြေ​လေ! !!"

"ဟုတ်​..ဟုတ်​ပါတယ်​"

"ဘာလို့လဲ ဘာလို့ အဲ့လိုလုပ်​ခဲ့တာလဲ"

"........."

"ပြီး​တော့ မင်းက သူ​ပြောသလိုပဲ ပိုက်​ဆံ​ပေးပြီး
တစ်​​နေ့လုံး ငှါးလို့ရတာလား"

"..........."

"ရတယ်​ အဲ့ဒါဆို ကြိုက်​သ​လောက်​​ပြော ငါ​ပေးမယ်
မင်းကို ငါငှါးတယ်​"

"မ..မဟုတ်​ဘူး ကျ​နော်​အဲ့လို လူမျိုးမဟုတ်​ပါဘူး"

"ဒါဆို တိတ်​မ​နေနဲ့​လေ ငါ့ကို​ပြောပြ "

"ကျ​နော်​ သူများစီက ပိုက်​ဆံ​တွေယူခဲ့ပါတယ်​ ဒါမဲ့
ကျ​နော့်​ကိုယ်​က မှဲ့တစ်​​ပေါက်​​တောင်​မစွန်းဖူးပါဘူး
အဲ့လူက အမြဲအဲ့လိုပဲ ကျ​နော့်​ကို ရိသဲ့သဲ့ လုပ်​​နေကြမို့ပါ ပြီး​တော့ ကျ​နော်​လည်း မရည်​ရွယ်​ပါဘူး
သူတို့​တွေ မွဲသွား​စေဖို့ "

မျက်​လွှာ​လေးကို ချထားကာ​ပြောလာသည်

"ကိုယ့်​ကို​ရော သူတို့လိုပဲ ပိုက်​ဆံလိုချင်​လို့ ကပ်​ခဲ့တာလား"

"ဟင့်​ ...ကျ​နော်​လည်း ပိုက်​ဆံလိုလို့ပါ"

"ဘာအတွက်​လိုတာလဲ ကိုယ်​​ပေးနိုင်​တယ်​"

ချာတိတ်​ 🍑Completed 🍑Where stories live. Discover now