instead-အဖြည့်ခံ-

6 0 0
                                    

"ကိုကို ...ရောက်နေတာကြာပီလား"
"ဪ...ခနကမှရောက်တာ ငယ်ဘာကားကြည့်မလဲရွေးထားနှင့်လေ ...ကိုကိုစားစရာသွားဝယ်မလို့"
"Hok koko😀😀"
ခနအကြာ ကိုကိုဖျော်ရည်နှစ်ခွက်နဲ့မုန့်ထုပ်ကိုင်ပီး ငယ့်အနားကိုသာရောက်လာတယ် ငယ်ကတော့ခုထိ ရုပ်ရှင်မရွေးရသေး
"ငယ်ရွေးပီးပီလား ငယ့်အကြိုက်berry smoothieဝယ်လာတယ်"
"အင်းဟင့် ငယ်မရွေးတက်တော့ဝူး ကိုကို ဒီကား...."
"ငယ်..."
"ဟင် ကိုကို "
"အာ ငယ် ကိုကို ခနစောင့်"
ဆိုကာ ငယ့်လက်ထဲကို မုန့်တေနဲ့ဖျော်ရည်တေထည့်ပီး ပြေးထွက်သွားသော ကိုကိုရယ်ပါ။
ငယ်ရုပ်ရှင်ရုံရှေ့မှာတစ်နာရီကြာရပ်စောင့်နေပေမယ့် မျှော်နေသူကိုကိုက ပြန်မလာခဲ့။အ‌ဲ့ဒီ့အစား ‌မက်ဆေ့ဂ်ျလေးတစ်စောင်ရောက်လာခဲ့တယ်။
💬ငယ် ကိုကို အရေးကြီးကိစ္စရှိလို့ တောင်းပန်ပါတယ်
💬😔ရပါတယ် ကိုကို ငယ့်ဘာသာပြန်လိုက်ပါ့မယ်
💬ငယ့်ကို ကိုကိုချစ်တယ်နော်😘😘
💬😘😘
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

ကျွန်တော်နာမည်က မိုးထက်ယံ ကျွန်တော်ကိုသိတဲ့သူအများစုကတော့ ငယ်လေးလို့ခေါ်ကြတယ်။ကျွန်တော်က အိမ်မှာအငယ်ဆုံးမို့လို့ပေါ့။ကျွန်တော်မှာ့ အရမ်းချစ်ဖို့ကောင်းတဲ့မိသားစုလေးလဲ ရှိတယ်။မေမေကတော့ တော်အသက်ရှစ်နှစ်လောက်မှာလောကကြီးထဲကထွက်သွားခဲ့တယ်။အသက်40ကျော်ကျော်သာရှိတယ့်ဖေဖေက နောက်မိန်းမမယူဘဲ ကျွန်တော်နဲ့ မမကိုစောင့်ရှောက်ပေးခဲ့တယ်။မမကကျွန်တော့်ထက်ရှစ်နှစ်ပိုကြီးတယ်။မမနာမည်ကမိုးမြတ်သဇင်ပါ။မေမေဆုံးပီးကတည်းက တော်ကိုအမကြီးအမိရာလိုထိန်းသိမ်းစောင့်ရှောက်ခဲ့ပေးသူပါ။အမြဲတမ်းစိတ်ပူပေးတက်သလို လိုအပ်သမျှကိုလည်း အမြဲ‌ဖြည့်ဆည်းပေးတက်သူပါ။
တော်နိုင်ငံခြားမှာကျောင်းတက်မယ်ပြောတော့လဲ ဖေဖေကမသွားစေချင်ပေမဲ့ မမကတော့အစစအရာရာ ဦးဆောင်ပီးလုပ်ပေးခဲ့တယ်။ကျွန်တော်ရဲ့မိသားစုထဲမှာတော့ကျွန်တော်ကအချစ်ခံလူသားလေးပါ။
ပီးတော့ ကျွန်တော်မှာ အရင်းနှီးဆုံးသူစိမ်းတျောက်လဲရှိတယ်။သူ့နာမည်ကကောင်းကင်ပြာတဲ့။ကျွန်တော်တို့က ငယ်ငယ်ကတည်းကခင်ခဲ့ကြတဲ့သူငယ်ချင်းတွေလေ။မိုးထက်ယံဆိုတဲ့ကျွန်တော့်အတွက်တော့သူကမျက်နှာများတဲ့ ကောင်းကင်ပဲ။အခုလည်း
ကျွန်တော်မြန်မာပြည်ကို ပြန်ရောက်တာ ခုမှတစ်ပတ်လောက်ပဲရှိသေးတယ်။သူ့ကိုမတွေ့ရသေးဘူး။တွေ့မယ့်တွေ့တော့လဲ လူများလွန်းတဲ့ ကုန်တိုက်ရှေ့ကရုပ်ရှင်ရုံမှာ ကောင်မလေးငယ်ငယ်ချောချောတစ်ယောက်နဲ့။
ကျွန်တော်လုပ်နေကြအတိုင်းပဲ ရှောင်ထွက်လာခဲ့တယ်။
Hkခုထိမခံစားနိုင်သေးဘူးပဲ။လေးနှစ်ကျော်ကြာ သူ့ပေါ်ထားရှိမိတဲ့ကိုယ့်ရဲ့ခံစားချက်အလွဲတွေကိုဖြေဖျောက်ဖို့ရာ ချစ်ရတဲ့မိသားစုကိုပစ်ပီး တစ်နယ်တစ်ကျေးမှာ ပညာသွားသင်ခဲ့တယ်။
ပြည်ပရောက်နေတဲ့ကာလပတ်လုံး သူ့သတင်းကိုလုံးဝမကြားရအောင်နေခဲ့တယ်။
သူ့အကြောင်းတွေမတွေးမိအောင် စာအုပ်တွေကြားမှာခေါင်းနှစ်ပီး စာကြိုးစားခဲ့တယ်။
လေးနှစ်ဆိုတဲ့အချိန်ကြီးမှာ အရာအားလုံးနေသားကျနေပီလို့ ထင်ခဲ့တယ်။
ဒါပေမယ့်လဲ နောက်ဆုံးတော့ ဒါတွေအားလုံးကအချည်းနှီးပဲ။
သူ့ကို ကောင်မလေးတျောက်နဲ့တွဲတွေ့လိုက်တိုင်း ရင်ဘက်ထဲကမွန်းကြပ်လာတယ်။
ခုချိန်ထိပဲ အချိန်တွေဒီလောက်ထိကြာခဲ့ပေမယ့်လည်း သူ့ကိုမေ့လို့မရနိုင်ခဲ့ဘူး။

"ငယ်....."
"ဟမ်........"
"ဟာကွာ ကိုယ်ကဟုတ်ပါ့မလားဆိုပီးသေချာလှမ်းခေါ်နေတာ"လို့ပြောလဲပြော ကောင်းကင်ရဲ့လက်အစုံဟာ မိုးထက်ယံရဲ့ခန္ဓာကိုယ်ကို ဖက်ထားလိုက်သည်။
ရင်ဘက်ချင်းနီးကပ်နေတဲ့အလျောက်ရင်ခုန်သံတွေ မြန်နေပေမယ့် နားနားကပ်ပီးသူပြောလိုက်တဲ့စကားတစ်ခွန်းက နှလုံးခုန်သံကို ရပ်တန့်သွားစေတယ်။
"လွမ်းနေခဲ့တာ ငယ်"
______________________________________ဖြတ်ခဲ့ပီ😘😘😘😘
Starလေးတွေ ပေး‌ခဲ့ကြအူး😘😘
#the spring

Unicode VersionWhere stories live. Discover now