ချစ်ခြင်းအစ လွမ်းခြင်းက

1 0 0
                                    

အပိုင်း(၂ )

ရုပ်ရှင်ရုံလမ်းကြားဘက်ကနေဖြတ်သွားတဲ့ အရိပ်ကလေးတစ်ခု။လေးနှစ်ကျော်ကြာလွမ်းနေခဲ့ရတဲ့ ကောင်လေးရဲ့ကျောပြင်။ဘယ်လိုပဲအချိန်တွေဘယ်လောက်ကြာကြာ ထိုပုတုတု လူကောင်သေးသေးနဲ့ ကောင်လေးကို ကောင်‌ကင်ပြာတစ်ရက်မှမေ့မရခဲ့ဖူးပါ။

လွန်ခဲ့သော၁၃နှစ်ဆီက

သတိ
အတန်းခေါင်းဆောင်ရဲ့ အသံကအခန်းတစ်ခုလုံးကိုလွမ်းခြုံအောင် အော်လိုက်တော့ ကောင်ကင်ပြာတို့အတန်းတစ်ခုလုံး တိတ်ဆိတ်ခြင်းဆီသို့ကူးပြောင်းသွားကြသည်။ထို့အတူ ကိုယ့်နေရာကို ဝင်ထိုင်ကာအတန်းပိုင်ဆရာမကို နှုတ်ဆက်ကြသည်။
"Good morning tr."
"Good morning children"

ကောင်ကင်ပြာတက်နေတဲ့ကျောင်းက လူကုံထံတစ်ချို့သာတက်ရောက်နိုင်တဲ့
အင်တာနေရှင်နယ် ကျောင်းပါ။ဒီကျောင်းမှာတက်ကြတဲ့ ကလေးအများစုကလည်း သူဌေးသားသမီးတွေပင်။ထို့အတူ သူ့ထင်ငါအပြိုင်အဆိုင်များလှတဲ့ ထိုကျောင်းကြီးထဲမှာ ကောင်းကင်ပြာတို့အဖွဲ့ က နာမည်ဆိုးနဲ့ကျော်ကြားလှသည်။ လူကသာ ငါးတန်း(junior-secondary first year)၊ခန္ဓာကိုယ်တွေကအလွန်ထွားတာကြောင့် ဘယ်သူမဆို အထက်တန်းကျောင်းသားလို့ထင်ကြတာ များသည်။
ချိန်းပွဲ၊ရိုက်ပွဲတွေတိုင်းမှာ ကောင်းကင်ပြာတို့ကမပါမဖြစ်၊အဖွဲ့နဲ့စုပြီးသောင်းကျန်းကြသလို one by oneလဲလက်ခံတာပဲ။
ဘယ်နေရာမှာ ရန်ပွဲတဲ့ဟေ့ဆိုရင် သွားမကြည့်နဲ့ ကောင်းကင်ပြာတိုအုပ်စုကထိပ်ဆုံးကပါနေသည်။
ဆရာလည်းမနိုင် ကျောင်းအုပ်လည်းမနိုင်ပေ။
ကောင်းကင်ပြာရဲ့အဖေ ဦးရဲမာန်ဟာ ကျောင်းရဲ့ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်လေတော့
ကောင်ကင်ပြာတို့အတွက် ကြောက်စရာလူမရှိသလိုမျိုးပင်။

အတန်းထဲက ကောင်လေးအများစုကတော့ရှိန်းကြသလို ကောင်မလေးအများစုကတော့
သူတို့အဖွဲ့နှင့်ရင်းနှီးလိုကြသည်။အထူးသဖြင့်စီနီယာမမတွေကအဆိုးဆုံး။
သူတို့ကြောင့်ပင် အမြဲကောင်ကင်ပြာနှင့် အထက်တန်းက အကိုကြီးများ ရန်ပွဲဖြစ်ကြရသည်။
သို့ပေမယ့်လည်း ကောင်းကင်ပြာတျောက် ဆိုးမြဲပင်။ထိန်းမနိုင်လို့အိမ်ခေါ်တိုင်လည်း
အဖေ့အတွင်းရေမှူးက လာရှင်းသွားတာပဲ။
ကောင်းကင်ပြာတို့ဘဝမှာ ငွေရှိရင်ဘာမဆိုဖြစ်တယ်။

ဒီလိုအတွေးအခေါ်တွေကိုလုံးဝဖျောက်ဖျက်ပေးမဲ့ ကောင်လေးတျောက်သူဘဝထဲကို အဲ့နေ့ကဝင်လာလိမ့်မယ်လို့ သူမသိခဲ့ရိုးအမှန်ပါ။

"လာ သားဝင်ခဲ့"
"ကဲ ကလေးတွေ ဒီနေ့ ကျောင်းသားအသစ်တျောက်ထပ်ရောက်တယ် သူငယ်ချင်းကို ကောင်းကောင်းဆက်ဆံရမယ်နော်"
ဆရာမက ကလေးတွေကို တဖန်ပြောပီး
ထိုကလေးဘက်ကို ကြည့်လိုက်ရာ
အသားဖြူဖြူ အရပ်ပုပု မျက်မှန်ဝိုင်းဝိုင်းလေးနက် ကျောင်းဝတ်စုံသပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ ကောင်လေး။
"သား နာမည်လေးပြောပြပါအုံး"
"ဟုတ် သားနာမည် မိုးထက်ယံပါခင်ဗျ"

"ချစ်စရာလေး ဟဲ့ချစ်ဖို့ကောင်းလိုက်တာ'"
ကောင်ကင်ပြာ ထိုကောင်လေးကိုဂရုမစိုက်လို့မှ စာအုပ်ပေါ်ကို ပုံတွေလျှောက်ခြစ်နေပါတယ်ဆိုမှ တစ်ခန်းလုံးကကောင်မလေးတွေရဲ့အသံက ကောင်းကင်ပြာကို ထိုကောင်လေးအားကြည့်ရန် ဖိအားဖြစ်ခဲ့သည်။
"သားလေး ဟိုနောက်နား က အာကာ့ဘေးသွားထိုင် ကလေး"
"သားအာကာ သူငယ်ချင်းကို ခေါ်အုံး"
"ဟူတ် တီချယ်"
ကောင်ကင်ပြာရဲ့ဘေးနားကဖြတ်သွားတဲ့ထိုကောင်လေး။
ထိုကောင်လေးဆီကရတဲ့ အနံ့သင်းသင်းလေး။လိုးရှင်းအနံ့လား ရေမွှေးအနံ့သိပ်မသိပေမဲ့ ထိုအနံ့သင်းသင်းလေးက ကောင်‌ကင်ပြာရဲ့ အနောက်တည့်တည့်ခုံမှာ အတန်းချိန်တစ်ချိန်လုံးမွှေးပျံ‌့နေတယ်။

ဆရာမကနေရာချပေးပီးနောက် ကောင်းကင်တို့စာသင်နေရပေမဲ့ ကောင်းကင်ကတော့ သူ့အနောက်တည့်တည့်က ပိုးလုံးလေးရဲ့ အနံ့သင်းသင်းလေးကိုသာ ရှူရှိုက်နေမိတယ်

တကယ်ပါ အဲ့ဒီအနံ့သင်းသင်းလေးက ဆယ်နှစ်သားအရွယ် ကောင်းကင်ပြာအဖို့ နူးညံ့စွာ
ယစ်မူးအောင် ဆွဲဆောင်နေခဲ့တယ်။စိတ်ဝင်စားစရာကောင်းတဲ့အရုပ်ကလေးလိုမျိုး ပိုးလုံးလေးက ကောင်းကင်ပြာအတွက်စိတ်ဝင်စားဖို့အရမ်းကောင်းနေခဲ့တယ်........

#the_spring

Unicode VersionTempat cerita menjadi hidup. Temukan sekarang