Part5

8.3K 789 17
                                    

စာသင်ချိန်မှာဦးကအိပေါ်လေးကိုခုံပေါ်မှာထိုင်ရင်ဖင်နာမှာစိုးလို့ဆိုပြီးပေါင်ပေါ်တင်ထားတယ်။အိပေါ်အကြိုက်ဘဲပေါ့။ အိပေါ်လေးရဲ့ဂုတ်ကနေဦးရဲ့ လေအရှူအထုတ်ကိုခံစားနေရတာနှလုံးသားလေးကတလပ်လပ်နဲ့။

ဦးကစာတွေရှင်းပြနေတယ် ဒါမဲ့အိပေါ်လေးရဲ့စိတ်ကဦးရဲ့မှဲ့နက်လေးမှာဘဲဝင်စားနေတယ်။အိပေါ်လေးဦးရဲ့ပေါင်ပေါ်မှာထိုင်နေတဲ့အိပေါ်လေးကတွေးမိတယ်။ဖလက်တင်းလုပ်တာတောင်မကြာသေးဘူးဦးရဲ့ရင်ခွင်ထဲထည့်ပြီးစာသင်နေရပြီ။

ညနေ၆နာရီစာသင်လို့ပြီးတော့ဦးကစာကျက်ဖို့တဖွဖွမှာတယ်။မသိတာရှိရင်လဲမေးဖို့ ဘယ်အချိန်ဖြစ်ဖြစ်ဖုန်းဆက်ဖို့ပြောတယ်။ မနက်ဖြန်စာမေးပွဲမှာလဲကောင်းကောင်းဖြေခဲ့တဲ့။အိပေါ်ကလိမ်မာတဲ့ဦးရဲ့ကလေးလေး ဦးစကားဆိုအကုန်နားထောင်မှာ။

*******************************

နောက်တစ်နေ့စာမေးပွဲဖြေပြီးပြီ။ပထမဘာသာပြီးလို့အိပေါ်လေးကကျောင်းထဲကခုန်ဆွခုန်ဆွနဲ့ထွက်လာတယ်။အဲ့အချိန်ပုခုံးလှမ်းဖက်လာတဲ့ဟောက်ရွှမ်း

"ဟေ့ကောင် ဖြေနိုင်လား ခက်တယ်နော်"

"ဟုတ်လား ခက်တာလား"

အိပေါ်ရဲ့အဖြေကြောင့်ဟောက်ရွှမ်းမှာကြောင်သွားတယ်။

"မင်း....ဘာလဲအရမ်းလွယ်နေလို့လာ"

"အင်းလွယ်တယ် တစ်ပုဒ်မကျန်အကုန်ဖြေခဲ့တာ"

"WTF....မင်းဝမ်ရိပေါ်မှဟုတ်ရဲ့လာ....ငါ့ကိုတစ်ချက်လောက်ရိုက်ကြည့်ပါလား အိပ်မက်မက်နေတာလာလို့"

ဘုန်း

အိပေါ်လေးကသူငယ်ချင်းလေးတောင်းဆိုတဲ့အတိုင်းကျောကုန်းကိုတစ်ချက်ထုပေးလိုက်တယ်။အိပေါ်မှာ အရမ်းတော်အရမ်းချောတဲ့ guideဆရာရှိနေတာ ဘာလို့မဖြေနိုင်ရမှာလဲ။

အိပေါ်လေးဟောက်ရွှမ်းနဲ့သတ်လိုက်ပူတ်လ်ုက်ကျောင်းပြင်ထွက်လာချိန်ကျောင်းရှေ့မှာမိန်းကလေးတရုံးရုံးဖြစ်နေတာကိုတွေ့လိုက်တယ်။စပ်စုသူပီပီ ဟောက်ရွှမ်းကိုခေါ်ပြီးသွားချောင်းလိုက်တယ်။

I'm officially flirting Mr.XiaoWhere stories live. Discover now