Part - 11

15K 2.1K 33
                                    

Unicode

"ဟင်... နင်လည်းနေမကောင်းဘူးလား..."

တံခါးခေါက်ချိန်တွင် လာဖွင့်ပေးသည့် ရှိန်းစစ်မာန်၏ ပုံစံက တစ်ညလုံးကောင်းကောင်း မအိပ်ရသေး သည့် လူတစ်ယောက်၏ ပုံမျိုးဖြစ်နေသဖြင့် မြူနှင်းမိုးတအံ့တသြ မေးလေ၏။

"ကောင်းပါတယ်... ဒီတိုင်း ညက အိပ်မပျော်လို့ ဘာလို့လဲ?"

"တကယ်လို့ နင် နေမကောင်းရင် ငါတို့ တစ်ရက်ထပ်နားလိုက်မယ်လေ..."

ရှိန်းစစ်မာန် မျက်ခုံးပင့်၏။

ဒီမြူနှင်းမိုးက အလုပ်လာလုပ်တာလား။ အပန်းဖြေခရီးလာထွက်တာလား။

သူ့ကို မယုံသင်္ကာအကြည့်များဖြင့်ကြည့်လာသည်ကို ခံစားမိလိုက်ရသဖြင့် မြူနှင်းမိုးသည် အဟီးဟု ရယ်ပြီးနောက်...

"နေမကောင်းတာ မဟုတ်ရင်ပြီးရော... ရိုက်ကွင်းက ညကျမှဆိုတော့ နားလို့ရသေးတယ်... အိပ်လိုက် အိပ်လိုက်..."

ရှိန်းစစ်မာန်သည် ခေါင်းညိတ်ပြီးမှ 'နင်လည်း နေမကောင်းဘူးလား' ဆိုသည့်စကားကို သတိရသွားကာ မြူနှင်းမိုးကို ကြည့်၍...

"ခွန်းက နေမကောင်းလို့လား..."

"ဟင့်အင်း... နေမကောင်းတာတော့မဟုတ်ဘူး... သူလည်း နင့်လိုပဲ ညက အိပ်မပျော်တာနေမှာပေါ့ နင်တို့ကလည်း နေမကောင်းဘူးငြင်းတာတောင် အကြောင်းပြချက်တစ်ခုတည်းနဲ့..."

မြူနှင်းမိုးသည် သူမ၏ နှုတ်ခမ်းများပေါ်တွင် လက်ကိုမခို့တရို့တင်၍...

"ဟီးဟီး... အချစ်စမ်းပြီး ညအိပ်မပျော်ကြတာလား..."

ရှိန်းစစ်မာန်သည် မြူနှင်းမိုးကို မျက်နှာသေဖြင့်သာကြည့်သည်။ မြူနှင်းမိုးကတော့ ရှိန်းစစ်မာန်၏ ဟုတ်တယ်လည်းမပြော မဟုတ်ဘူးလည်းမပြောသည့် ဟန်ကိုကြည့်ကာ...

"တကယ်ကြိုက်လိုက်ပါလားဟာ..."

"ကျွန်တော် နားတော့မယ်..."

တံခါးပြန်ပိတ်သွားသည့် ရှိန်းစစ်မာန်ကြောင့် မြူနှင်းမိုးတစ်ယောက် နှုတ်ခမ်းဆူကာ ကျန်ခဲ့တော့သည်။

I love you First! [Own Creation]Where stories live. Discover now