♡. 12 [ZAWGYI]

2K 236 6
                                    


* ချွင်...  *

ဆိုင်တံခါးဝက ခေါင်းလောင်းသံလေး...

ရိပေါ် ကောင်တာမှာ ထိုင်နေရင်းကနေ ထပြီး ခေါင်းလေးထွက်ကြည့်လိုက်တော့

မျှော်နေတဲ့ သူ မဟုတ်...

ဒါနဲ့ပဲ ကောင်တာမှာ ပြန်ထိုင်ရင်း လုပ်လက်စ မှာဖို့ပစ္စည်းကို အာရုံစိုက်နေတုန်း  ..

ကောင်တာပေါ်ကို ဘုတ်ခနဲ လာပုတ်တဲ့ လက်ကြောင့် မကျေမနပ် မော့ကြည့်လိုက်မိတယ်...

' ဝမ်ရိပေါ်... နင် ငါ ဝင်လာတာ မတွေ့ဘူးလား... '

' တွေ့တယ်လေ... '

မျက်လုံးကြီး လှန်ကြည့်ပြီး ပြန်ဖြေတဲ့ ရိပေါ့်ကို ကြည့်ပြီး မေ့လင်းက အံတကြိတ်ကြိတ်...

' တွေ့ရင် စကားပြောလေ... '

' မပြောချင်ဘူး... '

' ဒီဖေ ..... '

' စတာ... စတာ... မေ့လင်းလေး... သူငယ်ချင်းလေး... ဘာစားမလဲ... '

ဆဲသံတွေ ပလုံစီလာတော့မယ့် အဖြစ်ကို ကြိုသိတာမို့  ကောင်တာကနေ ထွက်လာရင်း လွတ်နေတဲ့ ဝိုင်းဆီ တွန်းပို့ရတယ်....

' ထုံးစံ အတိုင်းပဲ... '

ပြောပြီး ဝိုင်းမှာ သွားထိုင်နေတဲ့ မေ့လင်းဆီ မှာထားတာတွေ သွားပို့ရင်း ဧည့်သည်ပါးနေတာမို့ မေ့လင်း ရှိတဲ့ ဝိုင်းမှာပဲ ထိုင်နေလိုက်တယ်....

ဒီနေ့ ကျောင်း မတက်တဲ့ မေ့လင်းက ဆိုင်ကိုတော့ ရောက်ချလာပြီး ကျောင်းမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ လာစပ်စုပါသတဲ့....

ဘာမှ မဖြစ်ကြောင်းပြောတော့ အော် လို့ပဲ ပြောပြီး ချပေးထားတဲ့ မုန့်ကို တဖြဲ နှဖြဲ စားနေလေရဲ့....

အဲ့ဒီ့ အချိန် ဆိုင်တံခါး ခေါင်းလောင်းသံ နဲ့ အတူ ဝင်လာတဲ့ ဧည့်သည်ကြောင့် ရိပေါ် ကြောင်အ သွားတယ်....

အင်း... ဧည့်သည်တော့ ဧည့်သည်ပါပဲ ..  အဲ့ဒါက မေ့အော် နဲ့ ရှားအော် ဖြစ်နေတာလေး တစ်ခုပဲ ...

ကြောင်နေတဲ့ ရိပေါ်ကို သတိထားမိသွားတဲ့ မေ့လင်းက နောက်ကို လှည့်ကြည့်ရင်း

21st Century Cinderella StoryWhere stories live. Discover now