♡. 18 [ZAWGYI]

1.8K 182 6
                                    


ရှောင်းကျန့်  .. ရိပေါ် ကို စိတ်ဆိုးနေတယ်...

မှားဖတ်တာ မဟုတ်ဘူး... အတည်ကြီး စိတ်ဆိုးနေတာ....

အမှန်တော့ ဒီနေ့က ရှောင်းကျန့် မွေးနေ့ ...

ရှောင်းကျန့် သဘော အတိုင်း ဆိုရင်တော့ ပေကျင်းမှာ ရိပေါ် နဲ့ အတူ ဖြတ်သန်းချင်တဲ့ မွေးနေ့လေးပေါ့. 

ဒါပေမယ့်လည်း လက်ခံထားမိတဲ့  Movie တစ်ခုကြောင့် ရှန်ဟိုင်းမှာပဲ ခြေချုပ်မိနေရတယ်.....

ဒီ အထိကတော့ စိတ်ဆိုးစရာ မဟုတ်သေး...

ဘာက စိတ်ဆိုးစရာလဲ ဆိုရင်  ရှောင်းကျန့် အတွက် မွေးနေ့ဆုတောင်း တစ်ခုတောင် ရိပေါ့်ဆီက ရောက်မလာတာပဲ....

မေ့နေတယ်ထင်လို့ ဖုန်းဆက်ပြီး အစ်အောက် ကြည့်ပေမယ့် ကောင်ဆိုးကလေးက အလုပ်များနေတယ်လို့တောင် ပြောပြီး ဖုန်းချသွားသေးတယ်....

ပြောနေကြ ချစ်တယ်ဆိုတဲ့ စကားလေးတောင် ပြောမသွားတာမို့ ရှောင်းကျန့် ပိုပြီး နှာကစ်ရတာပဲ...

ကိုယ့်မှာ သူ့ မွေးနေ့ဆုတောင်းလေးကို ပထမ ဖြစ်စေချင်တာမို့ Fan တွေ ဆုတောင်း ပေးထားတာတွေတောင် Weibo မှာ မကြည့်ရသေးဘူး...

မနက်ကတည်းက အကိုဟိုက်ခွမ်း ပြောမလို့ လုပ်နေတာကိုလည်း အတင်းတားရသေးတယ်.....

အခုတော့ ... ရှောင်းကျန့်က ပလစ်ခံလူသား ဖြစ်နေရတယ် ...
.
.

နေရင်းထိုင်ရင်း မျက်မှောင်ကြီးတွေ ကုပ်လာတဲ့ ရှောင်းကျန့်ကို ကြည့်ရင်း ဘေးက ဟိုက်ခွမ်းက ခေါင်းခါတယ် ..

နောက်ဆို အတွဲတွေကြား ဝင်မပါပါရစေနဲ့ လို့လည်း ဆုတောင်းနေသေးတယ်....

သူတို့ အချစ်စမ်းကြတာက အရေးမကြီးဘူး...

ဒီနေ့ တစ်နေ့လုံး အလုပ်လုပ်တာ အပေါက်အလမ်း မတည့်တဲ့ ဒီညီ တစ်ယောက်ကြောင့် အခြားသူတွေကို အားနာပါနာနဲ့ လိုက်တောင်းပန်နေရတာ ခါးကျိုးပြီး ထိပ်ပါပြောင်တော့မှာကိုး... .

' ရော့.... '

' ဘာလဲ... '

' လေယာဉ်လက်မှတ် .... ပေကျင်းကို ... '

21st Century Cinderella StoryWhere stories live. Discover now