1

31.4K 847 45
                                    

Zawgyi
________

မိုးရေထဲမှာ Hoodies အနက်ကြီးကို ဝတ်ပြီး
ခေါင်းစွပ်စွပ်ကာ အကာအရံမပါလျှောက်သွားနေတဲ့ လူတစ်ယောက်....

လမ်းချိုးလေးတစ်ကွေ့ကို ဖြတ်ဝင်သွားကာ
လမ်းရဲ့ထောင့်တနေရာမှာ စောင့်နေတဲ့ လူတစ်စုဆီက
ပစ္စည်းတခုဝယ်နေတယ်။

အဆင်ပြေပြေဝယ်ပြီး ပြန်ထွက်လာကာ
လမ်းမပေါ် တုန်တုန်ယင်ယင်လျှောက်လာတုန်း လမ်းကွေ့ကို အကွေ့

^ ကျွီ ^

ကားတစ်စီးနဲ့ ပွတ်တိုက်မိပြီး lice တစ်ယောက် လဲကျသွားခဲ့တယ်။ ကျသွားတဲ့ ပစ္စည်းအမြန်ကောက်ကာ အိတ်ထဲအမြန်ထည့်လိုက်ပြီး
ထဖို့အလုပ် ကားပေါ်ကဆင်းလာတဲ့ ကောင်မလေးတစ်ယောက် အသားက ဖြူ ဆွတ်လွန်းကာ ရွှေဝါရောင်ဆံပင်လေးကိုစည်းထားတဲ့ မိန်းကလေး.....။ ပါးဖောင်းဖောင်းလေးနဲ့မိန်းကလေးဟာ နတ်သက်များကြွေလာလေသလား။

G - ရှင်အဆင်ပြေရဲ့လားရှင့်

နတ်သမီးလေး ကို ကိုယ်တိုင်မြင်ဖူးသွားသလို...။
နတ်သမီး အသံလေးကို ကိုယ်တိုင်ကြားဖူးသွားသလို....။

ငေးကြည့်မိနေတုန်း......

G - ဒီမှာရှင့်....။ ထနိုင်ရဲ့လား၊ အဆင်ပြေရဲ့လားလို့ မေးတာကြားရဲ့လား၊ ဒီမှာရှင့်။

ပခုံးကို သူ့လက်နဲ့ ကိုင်ကာ လှုပ်နေတာမို့
Lice ဓာတ်လိုက်သွားသလို ကျဉ်တက်သွားပြီး
အစဉ်ငြိမ်သက်နေတဲ့ ရေပြင်ထဲ ခဲလာပစ်ချသွားသလို၊
နှလုံးသားဟာ ကျဉ်စက်နဲ့ထိသွားသလို.....

^ ဒုတ် ဒုတ် ^

ရင်ခုန်သံတွေ မြန်လာခဲ့တယ်။ မိုးရေထဲက
ဖူးစာဆိုတာဒါလားမသိ။ စိတ်တို့ဟာ ထိန်းနေပေမယ့်လဲ သူ့ပါးဖောင်းဖောင်းလေး အနားကပ်လာလေ မခံနိုင်လေ ဖြစ်လာတာမို့

😘ရွှတ်

ဖြတ်ခနဲ နမ်းလိုက်မိပါတယ်။ မြန်ပေမယ့် ငြင်သာနေတာတော့ ဘာကြောင့်ရယ်အဖြေရှာမရခဲ့ပါ။

ထိုမိန်းကလေးကတော့ ကြောင်သွားပုံပဲ။ သူ့ပါးသူကိုင်ပြီး တွေတွေလေးငေးနေလေရဲ့။
သိပ်မကြာလိုက်ပါဖူး Lice ပါးပေါ်ကျရောက်လာတဲ့ လက်ဖဝါးနုနုလေး။

Stay In My Mind ( Zawgyi + Unicode) Where stories live. Discover now