[11]

1.9K 315 2
                                    

မိမိ၏ အိမ်မက်ထဲမှ လူကို အပြင်တွင်  အရှင်လတ်လတ်ကြီးတွေ့လိုက်ရသောအခါ အံ့သြမှုက ပြောမပြတတ်။ ထိုသူ၏ ပုံပန်းသွင်ပြင်သည်လည်း အိမ်မက်ထဲက အတိုင်းပင် ။ ဖြောင့်စင်းသော နှာတံ၊ ရှည်လျားသော အရပ်နှင့် ထွားကျိုင်းသော ပုံစံတို့သည် အိပ်မက်ထဲ  အမြဲမြင်နေရသော သူနှင့် ထပ်တူပင်။ မသိစိတ်ထဲမှ သေချာနေသောအရာမှာ သူသည် မိမိ အတွက် အရေးကြီးသူ ဖြစ်ကြောင်း သေချာနေမိသည်။ မိမိ၏ အမေ စိုးရိမ်နေသော ဟောကိန်းမှာ အမှန်တကယ်ပင် ဖြစ်လာမည့်ဟန် ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် မိမိမှာ ထိုသူတစ်ယောက်အတွက် ထူးဆန်းလှသော ခံစားချက်များ ၀င်ရောက်လာခြင်းကြောင့် ဖြစ်သည်။ အကြင်သူ၏ မျက်နှာချောချောအား စိုက်ကြည့်နေရင်း ထိုသူ၏ စကားသံများ၊ အမိန့်များ ရှိမလာသေးသည့်တိုင် သူ့အား အနည်းငယ်မျှပင်အထိအခိုက် မရှိရလေအောင် ကာကွယ်ချင်မိသည်။ စောင့်ရှောက်ချင်မိသည်။

အကြင်သူ၏ နှုတ်ခမ်းဖူးဖူးမှ ထွက်ကျလာမည့် စကားတို့အတွက် မိမိမှာရင်ဆိုင်ရမည့် အရာများမှာ ခက်ခဲမည်ကို သိသော်လည်း ပေးဆပ်နေချင်သည့် စိတ်ခံစားချက်များမှာ ထူးဆန်းလှသည်။ထိုသူအား လေကွယ်သော ကျောက်ဆောင်အနားထိ သယ်လာကာ ချထားလိုက်သည်။  ရေထဲတွင် မည်မျှကြာခဲ့သည် မသိ။ အသားအရည်များမှာ ပြာနှမ်းနေကာ သတိလည်းမရသေး ။အသက်ရှူအောင် ပြုလုပ်ရမည့် နည်းလမ်းများမှာ အများအပြားပင် ရှိနေသော်လည်း ရိုးရှင်းသည့်နည်းကိုသာသုံးလိုက်သည်။

" ဒီမှာ ဒီမှာ သတိထားဦးလေ "

မည်သို့ပင် ခေါ်စေကာမူ သတိမရသေး။ အသက်ရှူသည်မှာလည်း မမှန်တော့ ။ အဆုတ်ထဲရေ၀င်နေသည် ဖြစ်ရမည်။ကြံရာမရသည်နှင့် နောက်ဆုံးနည်းလမ်းကို သုံးလိုက်ရသည်။ နှာခေါင်းကို ပိတ်လိုက်ပြီး အောက်နှုတ်ခမ်းအား အနည်းငယ် ဟစေကာ လေမှုတ်သွင်းလိုက်သည်။ ထိုအချိန် သိလိုက်သည်က ထို နှုတ်ခမ်းများသည် အတော်ချိုကြောင်း သိလိုက်ရသည်။ စိတ်ထဲ ၀င်လာသော ပေါက်ကရ အတွေးများကို မောင်းထုတ်ကာ လေဆက်မှုတ်သွင်းနေလိုက်သည်။ သုံးလေးခါမျှ လုပ်ပေးပြီးသော အခါမှ ချောင်းဆိုးကာ ရေများ အန်ထုတ်လေသည်။တဖြည်းဖြည်း မျက်လုံးပွင့်လာကာ မိမိအား စူးစူးစိုက်စိုက်ပင် ကြည့်နေသည်။ အိပ်မက်ထဲကထက်ပင် အတော်ကျယ်ဝန်းကာ လှပေသော မျက်ဝန်းများပင် ဖြစ်လေသည်။သေချာသည့် အမှန်တရားသည်ကား  ထိုမျက်ဝန်းများထံ အလဲလဲ အပြိုပြို ကျဆုံးသွားခြင်းသာ ဖြစ်တော့သည်။

perfect soulmate   {Completed}Tempat cerita menjadi hidup. Temukan sekarang