[29]

1.4K 251 24
                                    

ယနေ့နံနက်တွင်တော့ နေရောင်က တောက်ပစွာ လင်းလက်နေလေသည်။

မိမိတို့လည်းဝူဆော့ အိမ်မှ ထွက်ခွာရန် အသင့်ပြင်နေကြချိန် ဖြစ်သည်။

အထုပ်အပိုးများ ပြင်ဆင်ကာ မြင်းများပေါ် သယ်ပိုး နေခိုက်တွင် အနားသို့ရောက်လာသည်က အပြာရောင်နတ်သား တစ်ပါးပင် ဖြစ်သည်။

မိမိ၏ ချစ်ရသူ ဖြစ်သည်မို့ ပိုကာပြောသည်မဟုတ်။ အခြားအရောင်များထက် အပြာရောင်ကို ယောလ် ၀တ်ဆင်လိုက်လျှင် မည်သို့ပြောပြရမှန်း မသိအောင်ပင် ကြည့်ကောင်းသွားသည်။

တောက်ပသည်။ လင်းလက်သည်။ ချောမောသည်။ ငြိမ်းချမ်းသည် ခန့်ငြားသည် စသည့် ခံစားချက်များ ပေးစွမ်းနိုင်သည်အထိ အတော်ပင် ဆွဲဆောင်အား ပိုလှသည်။

မိမိ အနေဖြင့် ယောလ်အား အပြာရောင်ပင် မ၀တ်စေချင်တော့ပေ။ အခြားအရောင်များ ၀တ်ဆင်ထားသည့်တိုင် ချောမောသော မိမိ ချစ်ရသူအား ချစ်ခင်သူတွေ များလှသည်မို့ မိမိမှာ စိတ်မချဖြစ်ရသည်။

သို့သော်လည်း မိမိမှာ ပြောခွင့်ရှိသည့် အနေအထားမဟုတ်ခဲ့ပါ။ ယောလ်၏ တပ်မက်မှုတို့က မိမိထံတွင် မရှိတော့ပြီမို့ စိတ်မချသည့် ခံစားချက်များကို ထုတ်ပြောသော်လည်း အပိုသာ ဖြစ်လာတော့မည် ဖြစ်သည်။

မနေ့ညက ကိစ္စကို ထောက်ချင့်လိုက်မည်ဆိုလျှင် ယောလ်၏ တပ်မက်မှုတို့က မိမိထံတွင် မရှိတော့။

မိမိအနေဖြင့် အချစ်ဆိုသည်မှာလည်း တပ်မက်မှု အနည်းငယ်ပါသော အရာဟုသာ မြင်မိသည်။

လူတစ်ယောက်အပေါ် ချစ်သည်မှာ အချစ်ကြောင့် မြတ်နိုးခြင်းကြောင့် ဖြစ်လာနိုင်သော်လည်း တပ်မက်မှုတို့တွင် အသိစိတ်ကား မပါလာချေ။

မည်သူနှင့်ပင် ဖြစ်စေကာမူ တပ်မက်မှုက ဖြစ်ပေါ်လာနိုင်သော်လည်း မည်သူနှင့်မဆို အချစ်သည်ကား ဖြစ်မလာနိုင်ချေ။

ထို့ကြောင့် ယောလ်နှင့် မိမိကြားတွင် အချစ်သာ ရှိမနေပါက ပေါင်းစပ်ရနိုင်မည့် အချစ်မျိုးမဟုတ်သည်ကို နားလည်ခဲ့ပြီး ဖြစ်သည်။

perfect soulmate   {Completed}Where stories live. Discover now