(၂)

4.3K 317 21
                                    

Unicode

သက်တံ့ငယ်သည် ဓနဂုဏ်ရှိန်အား နှုတ်ဆက်လိုက်ပြီးသည့်နောက်တွင် လေးဖင့်သော ခြေလှမ်းများဖြင့် အိမ်သို့ ပြန်လာမိသည်။ ကန်တော်ကြီး အရှေ့ဘက်ပတ်လမ်းသည် 'ဓာတုကလျာလမ်း' ဖြစ်၏။ ထိုလမ်းကလေးသည် မည်သူတစ်ဦးတစ်ယောက်ကမှ ပြုပြုင်ထိန်းသိမ်းပေးခြင်းမရှိ၍ အနည်းငယ်ပျက်စီးစပင် ပြုနေပါ၏။ လမ်း၏ ဘေးဝဲယာတစ်လျှောက်တွင်မူ ကုက္ကိုပင်ကြီးများ စီတန်း‌၍ ရှိသည်။ ကုက္ကိုရွက်များသည် လေထဲတွင် ဝေ့ဝဲ၍နေသည်။ သက်တံ့ငယ်သည် ထိုရွက်ကြွေများအား ငေးမောကြည့်နေမိသည်။

အကယ်၍ သူသာ သစ်ရွက်ကလေးတစ်ရွက်အဖြစ်မွေးဖွားလာခဲ့လျှင် မည်မျှကောင်းလိုက်မည်နည်း။ ဒီလိုသာဖြစ်ခဲ့လျှင်တော့ စောစီးစွာ ကြွေလွင့်သွားပစ်လိုက်မည်။ ပြီးလျှင် လူမသိ သူမသိ တိတ်တိတ်ကလေး ပျောက်ကွယ်သွားပစ်လိုက်မည်။ တိတ်တိတ်ကလေးကြွေလွင့်သွားရမတဲ့လား။ ဒီလိုတော့လည်း သူ့ဘဝဟာ သိပ်သနားစရာကောင်းနေသည် မဟုတ်ပါလား။တစ်ယောက်ကိုတော့ သူ ကြွေလွင့်သွားသည့်အကြောင်း သိစေချင်သေးသည်။

အဲ့ဒီလိုမှမဟုတ်လျှင်လည်း ထိုလူ၏ ပခုံးစွန်းလေးဆီ ကြွေကျပစ်လိုက်မည်။ ထိုသူက တယုတယ ထွေးပွေ့ထားချင်လည်း ထားမည်။ ရွက်ကြွေမို့ လုံးချေကာ စွန့်ပစ်လိုက်ချင်လည်း စွန့်ပစ်မည်။ သူ ကြွေလွင့်ပျောက်ကွယ်သွားသည့်အကြောင်း ထိုလူသား သိရှိသွားလျှင် ကျေနပ်ပါပြီ။ ထွေးပွေ့ထားသည်ဖြစ်စေ၊လုံးချေ၍ လွှင့်ပစ်လိုက်သည်ဖြစ်စေ မည်သည်ကမှ သိပ်အရေးမပါတော့။ သူသည် သစ်ရွက်တစ်ရွက်သာ ဖြစ်ခဲ့လျှင်ပေါ့လေ။အခုတော့ သူဟာ လူသားတစ်ယောက်သာ ဖြစ်နေပါသည်။ နာကျင်ခံစားလွယ်သည့် လူသားတစ်ယောက်မျှသာ။

'ဓာတုကလျာလမ်း' အဆုံးတွင် သက်တံ့ငယ်၏ အိမ်ကလေးရှိပါ၏။ အိမ်ကလေးမှာလည်း ကြီးမားလှသည်လည်း မဟုတ်ရပါ။ သို့ရာတွင် လူသုံးယောက်မျှ ချောင်ချောင်ချိချိနေနိုင်သည့် ကျယ်ပြီး မိုးလုံလေလုံကလေးဖြစ်၏။ ခြုံ၍ကြည့်လိုက်လျှင်တော့ မချမ်းသာမှန်း၊ ဆင်းရဲသည့်အိမ်မှန်း ချက်ချင်း သိနိုင်သည့်အနေအထားဖြစ်ပါ၏။

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Apr 05 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

ရုန်း၍မလွတ်မြောက်နိုင်သောOpowieści tętniące życiem. Odkryj je teraz