Part(21)

5K 475 6
                                    

Zawgyi

"ကိုကို ဟိုမှာ ဟိုမှာ''

ပြာရိပြာယာနဲ့ရိပေါ်ကရှောင်းကျန့်ကိုခြုံထဲဆွဲချတယ်
လေသံတိုးတိုးနဲ့အတင်းလက်ညိုးထိုးပြနေတာ
မျက်လုံးတွေတောင်အပြူး

"ယုန်လေးတွေ''

တောအစပ်ကလေးကဝါးရုံအောက်ဟိုဟိုသည်သည်
နဲ့အစုလိုက်

"ချစ်ဖို့ကောင်းလိုက်တာ''

ရှောင်းကျန့်ခြေလှမ်းခပ်ဖွဖွနင်းရင်း အနီးကပ်သွား
တော့ လူယဉ်နေတာလား မကြောက်တတ်တာလား
တော့မသိ သူ့နားဝိုင်းအုံလာတဲ့ဖြူဖြူလုံးလုံးလေးတွေ

"မျက်လုံးပြူးပြူးလေးတွေနော့''

ကောက်ချီနေတဲ့ရိပေါ်လက်ထဲ ယုန်မဲလေးက
ယက်ကန်ယက်ကန်နဲ့ မချီတတ်လို့ထင်ပါရဲ့
အကောင်လေးကအတင်းရုန်းကန်နေတာ

"ယုန်မဲလေး''

ခုန်ဆွခုန်ဆွနဲ့ ရိပေါ်ဆီလာနေတဲ့ယုန်ဖြူလေးရယ်
နာတရူတ်ရူတ်နဲ့ ရန်လုပ်နေတဲ့ပုံ

"သူရန်လိုနေတာဘဲ''

နောက်ချေကိုတဘုတ်ဘုတ်နဲ့အဆက်မပြတ်ရိုက်နေ
တဲ့ယုန်လေးက ရိပေါ်လက်ထဲကယုန်မဲလေးကို
ဘဲကြည့်နေတယ်

"ရိပေါ် သူ့ကိုအောက်ချပေးလိုက်''

ရိပေါ်လက်ထဲကနေလွတ်တာနဲ့ယုန်မဲလေးဆီ
အပြေးသွားတဲ့ယုန်ဖြူလေး
နာတရူတ်ရူတ်လုပ်နေပုံက ခနလေးခွဲရတဲ့အချိန်
အတွင်းဘယ်လောက်လွမ်းရကြောင်းပြောနေပုံ

"အဲနစ်ကောင်က အတွဲတွေဖြစ်မယ်
ကိုကို သူတို့ကအရမ်းချစ်ကြတာဘဲနော်''

တအံ့တသြဖြစ်နေပုံရတဲ့ ရိပေါ်ကအထူးအဆန်း
တွေ့လိုက်လို့ပျော်နေတဲ့ကလေးလိုမျိုး
မျက်လုံးလေးတွေကတောက်တောက်ပပ

"ကဲပါ လာ သွားစို့''

ရှောင်းကျန့်ထရပ်ရင်း လက်ကမ်းပေးတော့
ရိပေါ်ကငေးကြည့်ရင်းပြုံးလို့
သူ့လက်ဖဝါးကိုဆုတ်ကိုင်တယ်
ထိတွေ့မူ့ဆီကအနွေးဓာတ်လေး နလုံးသားဆီ
တိုက်ရိုက်စီးဆင်းတယ် အသက်ဓာတ်ကလေး

"ကိုကို noဆိုတဲ့စကားထက်ပိုကြောက်ဖို့ကောင်းတဲ့
စကားကိုသိလား''

W.I.T.H...Y.O.U(Complete) Where stories live. Discover now