✨5✨

2.3K 266 59
                                    

မနက်စာဝိုင်းက အရင်လိုအကဲပို ဂရုစိုက်တာတွေမရှိတော့ပေမဲ့ ထယ်ယောင်းတို့ မိသားစုကြောင့်ခြောက်ကပ်မနေခဲ့ပါ။

"အကွတ် ဂျီမင်က သူတို့ကလေးလား ကိုကိုတို့ကလေးလား"

ထယ်ယောင်း တစ်ယောက် ဂျီမင်ကိုလက်ကမချတမ်း ချီထားရင်း မုန့်တွေခွံကျွေးနေတဲ့ ရှောင်းကျန့်ကိုကြည့်ရင်းဆိုလေသည်။

" ကိုကိုကလည်း ထားလိုက်ပါ သူခေါ်ထားတော့ ကိုကို
သက်သာတာပေါ့ အကွတ်တို့ လွတ်လွတ်လပ်လပ် ချစ်လို့ရတယ်လေ မဟုတ်ရင် အဲ့ပုလုံးက လိုက်နှောက်ယှက်နေတာ "

ဂျောင်ကွတ်တစ်ယောက်ကတော့အကျေနပ်ကြီးကျေနပ်နေလေရဲ့ ။ ညကလည်း ဂျီမင်းကို ခေါ်အိပ်ချင်တယ်ဟုဆိုကာ ခေါ်သွားတာမလို့ သူ ထယ်ယောင်းနား ကပ်ခွင့်ရလေသည်။

ဂျီမင်နဲ့ ရှောင်းကျန့်ကဘာသာစကားမတူပေမဲ့ အင်မတန်အပေါက်အလမ်းတည့်ကြသည်။ ဟိုအသေးစားလေးကလည်း ချီခိုင်းပြီးရင် လိုချင်တာကို လက်ညှိုးထိုးရင်း ရှောင်းကျန့်ကို ကပ်ချွဲနေလေသည်။ ကလေးချစ်တတ်သူကြီးကလည်း ပြုံးလို့ရွှင်လို့။ သူ့ကိုယ်သူလည်းပြောသေးတာ ပါးပါးတဲ့လေ။

"ကလေးကို အဲ့လိုမခေါ်နဲ့ဆိုကွာ အကွတ်နော်"

နှစ်ယောက်သား တိုးတိုး တိုးတိုးနဲ့ တွတ်ထိုးနေတဲ့ လင်ခင်ပွန်းနှစ်ယောက်ရယ်၊ တအားကိုချစ်ပြနေတဲ့ မတော်ရတဲ့ သားအဖနှစ်ယောက်ရယ်ကြား ရိပေါ်လေးခင်ဗျာ အဖော်မဲ့နေလေရဲ့။

"ဝမ်ရိပေါ် မင်းငါ့အိမ်မှာနေတာ ဒီတိုင်းတော့မရဘူး
အိမ်ရှင်မလုပ်ရမဲ့အလုပ်တွေအကုန်လုပ်ရမယ်၊ အရင်က
မခိုင်းဘူးဆိုတာ ရိနန်ထင်လို့ အခုလုပ်ရမယ်"

ရှောင်းကျန့်ကပြက်သားစွာ အမိန့်ထုတ်လာတာမလို့ ရိပေါ်ငြင်းလို့မရ။ စိတ်ထဲမှာတော့ ကျိန်ဆဲပြစ်လိုက်သည်။

"အင်း "

မဖြေချင် ဖြေချင်လုပ်နေတဲ့ ရိပေါ်ဆီကနေမျက်စိလွှဲလိုက်တော့ သူများအိမ်ပေါ်တတ်ပြီး အားမနာလျှာမကျိုး မုန့်ခွံ့ကျွေးလိုက် ပါးစပ်သုတ်ပေးလိုက်တာ အလုပ်ရှုတ်နေတဲ့ နှစ်ယောက်ကိုတွေ့ရလေသည်။

The Boy who is My Wife (Completed)Where stories live. Discover now