✨13✨

1.8K 158 22
                                    

တစ်ရက်နောက်ကျသွားတယ်😁။ အဆုံးက A/Nကို ဖတ်ပေးစေချင်ပါတယ်နော်။

***

အရင်လို စိုစိုပြေပြေဖြစ်လာတဲ့ ထမင်းဝိုင်းလေးက စနောက်သံ ရီသံများဖြင့် ပြည့်စုံလာသည်။

"ဒါနဲ့ မင်လေးက အခုတလော ဟိုဘက်အိမ်ကို လှမ်းလှမ်းကြည့်နေတာ တွေ့တယ် ဘာလို့လဲ"

ရှောင်းကျန့်က စားနေရင်းမှ အင်္ဂလိပ်လို လှမ်းမေးလေသည်။သူတို့အဆင်ပြေလာကတည်းက လေးယောက်လုံး အဆင်ပြေမဲ့ ဘာသာစကားသာသုံးကြတော့သည်။

"အော် ..အဲ့ဘက်ကို လူသစ်တွေပြောင်းလာတယ်လေ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်တို့အသိတွေဖြစ်နေတယ် အဲ့အိမ်က ကလေးနဲ့ စကားလှမ်းပြောနေတာ ပြတင်းပေါက်ကနေ"

ဂျောင်ကွတ်က သူ့ကလေးလေးကို ခွံကျွေးရင်းမှပြောလာသည်။ ကလေးဆိုသည်မှာလည်း မင်လေးတော့မဟုတ် ထယ်ယောင်းပင်။ မင်လေးကတော့ လိမ္မာစွာ သူ့ဘာသာစားနေလေရဲ့။

"ကိုရီးယားတွေပဲလား"

ရိပေါ်က ကြားထဲက ဝင်မေးတော့ ထယ်ယောင်းက ပါးစပ်ထဲက မုန့်ကို ဝါးနေရင်းမှ ဝင်ဖြေလေသည်။

"အင်း ဟုတ်တယ် မင်းတောင်တစ်ခါဆုံဖူးမယ်ထင်တယ် အကို့စီနီယာတွေလေ အကိုနမ်ဂျွန်းနဲ့အကိုဆော့ဂျင်းသိတယ်မလား"

"အာ..သိတယ် ဘဝင်မြင့်လွန်နေတဲ့ တစ်ယောက်နဲ့ ကျွန်တော့် စကိတ်ကို တတ်နင်းလိုက်တဲ့ တစ်ယောက်"

တစ်ခါပဲဆုံဖူးသော်လည်း ကြီးမားလွန်းတဲ့ အမှတ်တရတွေကြောင့် ရိပေါ်တစ်ယောက် မေ့မရပေ။

"ဟား ဟား မင်းမှတ်မိသားပဲ သူတို့လည်း သားလေးမွေးစားထားတာ ကလေးက အကိုနမ်ဂျွန်းရဲ့တူလေ သူမိဘတွေက မရှိကြတော့လို့ မွေးစားဖြစ်သွားတာ"

"ဟုတ်လား အသက်ဘယ်လောက်ရှိပြီလဲ သနားပါတယ်"

ရှောင်းကျန့်က ဂရုဏာသက်သော မျက်လုံးများနှင့်လှမ်းမေးလေသည်။ ကလေးချစ်တတ်တဲ့ အကျင့်လေးကတော့ ထယ်ယောင်းနဲ့ ရှောင်းကျန့်ကတူကြသည်။ ကလေးတင်မက ခွေးပါမကျန် လိုက်သဝန်တိုနေတာတော့ ရိပေါ်နဲ့ ဂျောင်ကွတ်တို့ အကျင့်ပင်။

The Boy who is My Wife (Completed)Tahanan ng mga kuwento. Tumuklas ngayon