OOL (4)

10.4K 895 18
                                    

Part (4) U

မြင့်လိုက်တဲ့ စာအုပ်စင်...
ဒီစာအုပ်ကို မဖြစ်မနေဖတ်ရမှာမို့သာ...
ဟိုနှစ်ကောင်ကလည်း အရေးဆို မရှိဘူး...

ဟုတ်ပြီ...ခြေဖျားလေးနည်းနည်းထောက်လိုက်..မှီတော့မယ်...မှီတော့မယ်...

"အမလေး"

သင်းဖျော့ဖျော့ရနံ့လေးနဲ့အတူ ကိုယ့်နောက်ကျောမှာ နွေးကနဲ...

မြင့်မားလှတဲ့အရပ်က စီးမိုးနေပြီး ကိုယ့်မျက်နှာက သူ့ရင်ခွင်နဲ့တစ်တန်းတည်း...
သူ့လက်တွေက ကိုယ့်ခါးကို ပွေ့လျက်သား...

မရဲတရဲမော့ကြည့်မိတော့ မထူမပါး တိတိပပနှုတ်ခမ်းလေးတွေက စေ့ပိတ်လျက်..
သေသပ်တိကျသော မေးရိုးသွယ်သွယ်နှင့် ပေါ်လွင်ထင်ရှားသော လည်မြိုထင်းထင်းလေးက ခပ်သာသာ လှုပ်ရှားသွားသယောင်...

သေသပ်တိကျသော မေးရိုးသွယ်သွယ်နှင့် ပေါ်လွင်ထင်ရှားသော လည်မြိုထင်းထင်းလေးက ခပ်သာသာ လှုပ်ရှားသွားသယောင်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ဒါက ဘယ်လိုအခြေအနေကြီးလဲ...

"မင်း...ဖယ်တော့"

"ဟမ်"

မအေးစက်သော်လည်း မနူးညံ့သည့်အသံကြားမှ ရှောင်းကျန့် သတိဝင်လာသည်။

အလန့်တကြား သူ့လည်ပင်းကို တွဲခိုဆုပ်ကိုင်ထားမိသော ကိုယ့်လက်တွေကို အမြန်ဖယ်လိုက်ပြီး ကဆုန်ပေါက်နေသော ရင်ခုန်သံကိုထိန်းကာ...

"ကျေး...ကျေးဇူးတင်ပါတယ်..."

အနည်းငယ် တွန့်ချိုးသွားသော မျက်ခုံးများ...

ဒင်းကလေးက အမြဲဗရုတ်သုတ်ခပါလား...

ဒီနေ့တော့ သူ့သူငယ်ချင်းတွေ မတွေ့။

သူ သူ ငါ့ကို စိုက်ကြည့်နေတာပါလား...
အေးလေ...ငါက ဒီလောက် ချောမောချစ်စရာကောင်းနေတာကို...

Order Of Love_Completed [ Z&U ]Where stories live. Discover now