OOL (10)

10.3K 732 15
                                    

Part (10) U

"တော့ပုကီစပ်စပ်လေးများ တယ်အရသာရှိ"

ဟော့ပေါ့တစ်အိုးလုံးနီးပါး တစ်ယောက်တည်းစားပြီး တော့ပုကီလေး စားဦးမယ်ဆိုကာ ရေခဲမုန့်နှင့် လက်စသတ်နေသော အစားပုတ်လေး။

ဗိုက်လေးအသာပွတ်ကာ ဆိုလေတော့ နှုတ်ခမ်းထောင့်စွန်းမှာ ပေနေသော ရေခဲမုန့်တွေကို အသာဖိသုတ်ပေးရင်း...

"ဖြည်းဖြည်းစားပါ ကလေးရာ...မသိရင် ကိုကိုက အငတ်ထားတယ် ထင်နေကြဦးမယ်"

"ထင်ထင်ပေါ့...ကိုယ့်ဘာသာ စားနိုင်လို့စားတာ ဘယ်သူ့ဂရုစိုက်ရမှာလဲ...ဘာလဲ...ကိုကိုက မကျွေးချင်တော့ဘူးလား..."

"မဟုတ်တာ ကလေးရယ်...အစာမကြေမှာစိုးလို့ ပြောရင်းနဲ့ ကိုကိုက စလိုက်မိတာ...စားနော်...ကလေးလေး"

အိခနဲရစ်ဝိုင်းလာသော မျက်ရည်စများနှင့် နီရဲလာသော နှာဖျားလေး။

"သိပါတယ်...ကျန့်ကျန့်ကပဲ စချစ်ခဲ့တာ...ကိုကိုက မဖြစ်သာလို့ ယူခဲ့ရတာမလား... စိတ်မရှည်တော့ဘူး မဟုတ်လား...အလိုမလိုက်ချင်တော့ဘူး မဟုတ်လားလို့..."

ခွေးပေါက်လေးလို တအီအီပြောနေသော ကလေးကြောင့် အူလည်လည် ဖြစ်သွားရသော သူ။

ဒါလေး ပြောမိတာကို...

"တွေ့လား...ချော့လည်းမချော့တော့ဘူး...ကိုကို စိတ်ကုန်နေပြီမလား...ပြောပါ ပြောလိုက်ပါ ကိုကိုရဲ့...အစ်...ဟစ်...ဟီး"

ပြောရင်းက ထငိုပြန်သောကလေးကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ မျက်ရည်တွေကို ဖွဖွသုတ်ပေးရင်း ရင်ခွင်ထဲထည့်မိတော့ ရင်ဘတ်မှာမျက်နှာအပ်ကာ ရှိုက်နေပြန်သည်။

ဒုက္ခပဲ...
ကလေးကို မုန့်ပေးကြိုက်ရတာလည်း လွယ်ကူမနေဘူး...
အမယ်...ငိုသာ ငိုနေတာ လက်ထဲက အာလူးကြော်ထုပ်ကိုတော့ မချဘူး...
မုန့်စားရင်းတန်းလန်းကို ငိုကြောရှည်နေတာဗျား...

"ရွှတ်...ဖပ်"

"........."

မျက်ရည်တွေရောနှာရည်တွေရော ပွတ်ဆွဲရင်း သူ့ရှပ်အင်္ကျီရင်ဘတ်ကို လာသုတ်သော လက်ကလေး။

Order Of Love_Completed [ Z&U ]Where stories live. Discover now