အပိုင်း လေးဆယ့်သုံး

747 35 0
                                        


Unicode

"ကိုကို အဲ့တာဘာပင်လဲ။"

"ဝတုံပင်လေ။"

"ဈေးထဲမှာရောင်းတဲ့ ဟိုတို့ဟူးလိုဟာကို‌ပြောတာမလား။"

"ဟုတ်တယ်။အဲ့တာကို အရည်ကျိုပြီးအအေးခံထားတာလေ ။"

"ကိုကို "

"ဟင်.."

"ရှုခင်းတွေကလှတယ်နော်။"

"ကိုကို့မောင်မောင်ကိုမမှီပါဘူးကွာ။"

"ကျွန်တော်ကလှတာလား။"

"မဟုတ်ဘူး။ခံ့ညားချောမောတာ။"

အလျှောက်ကောင်းတော့အထောင်းသက်သာသွားရသည်။

ခုနကသစ်ပင်အောက်ထိုင်ရင်း ကလေးပေါက်စက ကျွန်တော့်ရင်ခွင်ထဲ တစ်ကိုယ်လုံးပစ်မှီကာထိုင်ပြီး မျက်လုံးထဲတွေ့ရာလက်ညှိုးထိုးလို့ လိုက္မေးနေခြင်းဖြစ်သည်။

"ကိုကို အဲ့ယင်းတွေရေချိုးတာကအဆန်းနော်။"

ကျွန်တော်တို့နဲ့ အတော်လှမ်းလှမ်းနေရာမှာရေချိုးနေကြတဲ့ယင်းအန်တီကြီးတွေကို လက်ညှိုးထိုးလို့‌ပြောလာတာ‌ကြောင့် သေချာကြည့်မိသည်။

"မမိုက်ဘူးလား။အဝတ်အစားအပိုရေမစိုတော့ဘူးပေါ့။"

"ကိုကိုရောအဲ့လိုချိုးပါ့လား။"

"မောင်မောင်က ခွင့်ပြုတယ်ပေါ့။"

ရင်ခွင်ထဲကနေ ခေါင်းမော့လာပြီးမေးတဲ့ကလေးပေါက်စရဲ့အမေးကို နားသပ်စပ်လေးကိုတစ်ချက်လှမ်နမ်းပြီး ပြန်မေးတော့ ခေါင်းကိုတွင်တွင်ခါရမ်းကာ ‌ပြောလာသည်က

"မပြုဘူး။မပြုဘူး။လုံးဝမပြုတာမလို့ အိုက်ရင်တောင် အဝတ်မချွတ်ရဘူး။"

ကလေးပေါက်စဤကဲ့သို့ အတင်းကာရောကာ ကန့်ကွက်ပါသော ယင်းရေချိုးနည်းဆိုသည်မှာကဤကဲ့သို့ပင်။

ယင်းမများက သူတို့ရဲ့ရိုးရာဝတ်စုံမှလုံချည်ကို ရင်လျားကြပြီး ရေထဲသို့ တစ်လှမ်းဆင်းသည်နှင့် လုံချည်ကိုတစ်ခါလိပ်တင်သည်။

နောက်ဆုံးရေ ရင်ခေါင်းလောက်ထိရောက်ပြီဆိုတဲ့အခါကျ သူတို့ရဲ့လုံချည်ကိုခေါင်းကနေချွတ်ကာ ခေါင်းမှာပေါင်းထားလိုက်ကြပြီး သူတို့ရေချိုးလို့ပြီးခါမှ ထိုလုံချည်ကိုအလာကအတိုင်းတစ်ရစ်ချင်းအောက်ကိုဖြေချပြီးမှ ကမ်းပေါ်တက်လာတာပင်။

💙ကျွန်တော့် ပီအိုက်♥️Where stories live. Discover now