TBWY (24)

9.4K 697 6
                                    

Part (24) U

"Diper နဲ့ Baby Wet Tissue လေးတွေ ဝယ်ခဲ့ပေး…ကိုကြီး…
ပုစိလေးတွေက ပေါင်ဒါတော့ ရှိသေးတယ်…Shower Cream လေးပါ ဝယ်ခဲ့နော်…"

"ဘာကျန်သေးလဲ…စဉ်းစားဦး…လင်းယန်ရော"

"မေးခွန်းဟောင်း စာအုပ် အကိုရိဖန်…
အကိုလုဟန်ကို ရေးပေးထားတယ်…"

အထက်တန်းနောက်ဆုံးနှစ် ဖြေရမည့် လင်းယန်က စာအုပ်မှာနေတုန်း ရိပေါ်လေးက မှာစရာကို သတိရသွားဟန်နှင့် ပါးမို့လေးတွေ ဖောင်းတက်လာအောင် ပြုံးကာ…

"ပြီးတော့လေ Lego လေးတွေ ဝယ်ခဲ့ပေးဦး…"

"ကလေးအဖေပဲ ဖြစ်နေပြီ…အရုပ်က ဆက်ဦးမလို့လား…အမွှာနှစ်ယောက်နဲ့ ပတ်ချာလည်နေတာ…ဘယ်အချိန် ဆက်မှာလဲ…"

"ကလေးအဖေဆို  lego မဆက်ရဘူး လို့ ဘယ်သူက ပြောလဲ…မရဘူး ဆက်မှာပဲ…ဝယ်ခဲ့ပေးနော်…ကိုကြီးလု"

"အင်းပါ…ဝယ်ခဲ့မယ်…အဲ့ဒီအစား ပုစိလေးတွေကို သေချာကြည့်ထားနော်…ရိပေါ်လေး…"

နှုတ်ခမ်းလေးစူကာ  လုဟန်ကို စစ်ကူတောင်းရင်း တစ်ခုခုကို ထပ်သတိရဟန်ဖြင့်…

"ဟိုတစ်ခါ ဝယ်လာတဲ့ အင်္ကျီမျိုးလေး ထပ်ဝယ်ပေးပါဦး…ကိုကြီး…ဝတ်လို့ အရမ်းကောင်းလို့…"

"ဘယ်ဟာလဲ…ငယ်လေးရဲ့"

"ဂျာစီလေးတွေလေ…အမွှာလေးတွေ မမွေးခင်တုန်းက  အဝတ်တွေက အခု အရမ်းပွနေလို့ အဲ့လိုဝတ်လို့ကောင်းတာလေး တွေ့ရင်…ဝယ်ပေးခဲ့ဦး လို့…"

သေပြီ…ဆရာပဲ…

ရိဖန်နှင့်လုဟန် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဆွံ့အမိ…

အဲ့ဒါ သူတို့ဝယ်ပေးတာမှ မဟုတ်ပဲ…
ရွှေယောက်ဖက သူတို့နာမည်ခံပြီး တိတ်တိတ်လေး ပို့နေခဲ့တာတွေလေ…ငယ်လေးအတွက်ရော အမွှာတွေအတွက်ပါ ပို့နေတာ…

အစက ကလေးပုစိတစ်ယောက်စာပဲ မှာရင်းက အမွှာဖြစ်နေလို့ နောက်တစ်ယောက်ပါ ထပ်မှာပြီး ပို့တာတွေ…

ပြီးတော့ ရှန်ဟိုင်းကနေ မှာပေးတာတွေ…
တစ်ချို့ဆို US ကတောင် ပါသေးတာ…
ဘွဲ့လွန်အတူတက်ခဲ့တဲ့ သူ့ သူငယ်ချင်းတွေကို လှမ်းမှာပေးတာတွေ…

To Be With You_Season (1) Completed [ Z&U ]Donde viven las historias. Descúbrelo ahora