Part (34) U
ကားလမ်းဆုံးမြို့ကလေးမို့ အတန်ငယ် စည်ကားသည့်တိုင် အနီးနားရွာလေးတွေမှသည် တောင်ပေါ်ရွာလေးတွေကတော့ ဖွံ့ဖြိုးမှု နောက်ကျနေသေးသည်ပင်။
အသိပညာနောက်ကောက်ကျမှု၏ နောက်ကွယ်တွင် ကျန်းမာရေးချို့တဲ့ခြင်းကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေကြောင်း ကောင်းကောင်းကြီး သိခဲ့ရတာ ဒီမြို့လေးကိုရောက်ကာစ ရွာတွေထိ ကွင်းဆင်းပညာပေးတည်းကပင်။
တစ်ကိုယ်ရည်သန့်ရှင်းမှုမှသည် ယင်လုံအိမ်သာ မဖြစ်မနေဆောက်ဖို့အဆုံး ပြောလည်းပြော ကုလည်းကုသကာ စည်းရုံးရေးဆင်းရတာ။
အထူးသဖြင့် သတိထားရတာက ငှက်ဖျား။
တောင်ပေါ်ဒေသမို့ အအေးကကဲကဲ ငှက်ဖျားက တသဲသဲ ဖြစ်စဉ်တွေ။ဒီနေ့လည်း မရောက်ဖြစ်တာကြာသည့် တောင်ပေါ်ရွာလေးတွေထိ ကွင်းဆင်းကာ ထုံးစံအတိုင်း စည်းရုံးရေးဆင်းရင်း အခြေအနေတိုးဆက်မှု ရှိမရှိ စစ်ဆေးရတာပင်။
ယုချန်ကတော့ ယောက္ခမဆုံးသွားလို့ ရွှမ်လုတို့မြိုု့ကိုပြန်ရ ပြန်လာတော့လည်း ရွှမ်လုက တငိုငိုတရယ်ရယ် ဖြစ်နေတာကြောင့် ပြန်ပို့ရနှင့် ဆေးရုံမှာလည်း မလစ်ဟင်းစေရတာမို့ စာနာစိတ်နှင့် သူနာပြုတွေပင် မခေါ်ပဲ ထွက်လာခဲ့လိုက်တာ။
တစ်နေကုန်ပင်ပန်းထားတာရယ် ချောင်းရေချိုးမိတာရယ်ရောပြီး ဖျားချင်သလို ဖြစ်လာတာမို့ အိမ်ပြန်ရောက်တာနှင့် ထမင်းတောင်မစားတော့ပဲ Overtine တစ်ခွက်သောက်ပြီး ဆေးသောက်ကာ အိပ်ပစ်လိုက်တော့တာ။
တစ်ရေးနိုးတော့ ခေါင်းထဲက တဆစ်ဆစ် ထိုးကိုက်နေမှုနှင့်အတူ အချမ်းဒဏ်က မခံမရပ်နိုင်အောင် အေးစိမ့်လို့နေသည်။
မထူချင်သော ခေါင်းကိုအတင်းထကာ တံခါးဆီသို့ မနည်းရောက်အောင် လျှောက်ကာ...
"လော့လော့..."
"ဗျာ...ဆရာ...နိုးပြီလား...အမ်...ဆရာ့မျက်နှာတွေရဲနေတာပဲ...
ဖျားပြီလား မသိဘူး...""ငါ ငှက်ဖျား ပြန်ထပြီထင်တယ်..."
"ဆရာယုချန်ကို ဆက်ပေးရမလား...ဆရာ"
YOU ARE READING
To Be With You_Season (1) Completed [ Z&U ]