part 2 z&u

1.2K 126 37
                                    

Zawgyi

ဒီနေ့Offနဲ့Gunတို့ ကျောင်းပြန်ဖွင့်တဲ့နေ့~။
Offက Grade 10တက်ရပြီး Gunကတော့KG
စတက်မယ့်နေ့ပင်~~~။

Offသက်ပြင်းချမိသည်~~~။ဒီရွပိုးထိုးကောင်လေးနဲ့
အိမ်ကဘေးချင်းကပ်ရက်မလို့ ကျောင်းတက်ချိန်လေးဘဲ မတွေ့ရတာပါဆို~။အခုတော့ ဒီနှစ်ကစပြီး ဒီကောင်လေးက တစ်နေ့လုံး စတင်လိုက်ရှုပ်တော့မည်ဖြစ်သည်~။

"Papii~~ကယ်ပါဦး~~~Papiiရေ!!"

ဟော အခုလေးတင် သူ့အကြောင်းတွေးရင်း
Breakfastစားရုံရှိသေးသည်။ခြံရှေ့ကနေ ကယ်ပါဦး~~တဲ့။ဘာဖြစ်ရပြန်တုန်း မသိ~~။Off ပေါင်မုန့်ကို ပစ်ချကာခြံပြင်သို့ အမြန်ပြေးထွက်ကြည့်ရတော့သည်။

Maeနုတစ်ယောက်ကတော့ တပြုံးပြုံးဖြင့်~~။
သူ့သားက ပါးစပ်ကသာ အပေါက်ဆိုးတာ အလုပ်က
တော့တစ်ခြားစီပင်။ပြစ်ထားနိုင်တာလဲ မဟုတ်။

ဟိုနေ့ကလဲ "Gunလေးနဲ့တူတူ ကျောင်းမတက်ချင်ဘူး
ဘာညာ"အမေကို ကပ်ပြီးတော့ကို ဂျီကျသည်။

Gunလေးက အိမ်ကိုလာလည်ရင်း ကြားသွားသော
ငိုပြီးအိမ်ပြန်သွားသည်။နောက်ဆုံးတော့ သူဘဲ
မနေနိုင်မထိုင်နိုင် လမ်းထိပ်ကာမုန့်တွေပြေးဝယ်ပြီး
Gunလေးအိမ်ကို သွားချော့သည်~~~။

Gunလေးက ကလေးဆိုတော့ မုန့်ကျွေးလိုက်တော့
စိတ်ဆိုးပြေသွားသည်။အင်း~~မုန့်ကျွေးလို့လို့
ပြောလို့ရပါမလား?~~။သူမသားကချော့လို့လို့ ပြောရင်
ပိုမှန်ပေလိမ့်မည်။

သူမသားကိုဆို ကြာကြာစိတ်မဆိုးတတ်တာကို သတိထား
မိသည်~~။ဟိုတစ်ခါ သူ့အမေကို စိတ်ဆိုးပြီး တစ်ပတ်လောက်ကြာအောင် အိမ်မှာလာနေဖူးတာကြောင့်ဖြစ်သည်။

Gunလေးမိဘတွေကလည်း သူတို့အလုပ်တွေနဲ့
သူတို့ ရှုပ်နေကြတဲ့လူတွေဖြစ်တော့ Gunလေးကို
အချိန်မပေးနိုင်ပေ~~~။ဒါ့ကြောင့် Gunလေးက သူ့မိဘတွေထက်ပင် သူမသားကို ပိုခင်တွယ်လာလေသည်။

အတွေးလွန်တာနဲ့ပင် အိမ်ရှေ့က ဆူညံသံတွေကြားမှ
သတိဝင်လာတော့သည်~~။ဘာတွေဖြစ်ကြပြန်တာတုန်း~~~။
------------------------------
Offခြံထဲပြေးထွက်ကြည့်တော့ ခြဲထဲမှာ ခွေးပေါက်လေးတစ်ကောင်လိုက်လို့ ပတ်ပြေးနေတဲ့Gunရယ်ပါ။ခွေးကလဲ
အသေလိုက်နေသည်။ဘာသွားလုပ်လိုက်လို့
ဒီလောက်တောင်လိုက်နေလဲမသိ~~~။

MEANING OF FIRST LOVE...(Z/U)Where stories live. Discover now