part 21 z&u

905 107 29
                                    

Zawgyi

1ပတ်ရှိပြီ~~။ဘေးနားကစကားသံတီတီတာတာလေးတွေ
မကြားရတာတစ်ပတ်ရှိပြီ။Papiiလို့ခေါ်သံလေးတွေ တိတ်ဆဲသွားတာ တစ်ပတ်ရှိပြီ~~။အမြဲတမ်းပြုံးဖြီနေသော
မျက်နှာလေးမမြင်ရတာ တစ်ပတ်ရှိပြီ~~။

ဒါပမယ့် တကယ်ကိုနေသားမကျသေးပါ~။

လက်ထဲကစာရွက်လေးကို ကျစ်ကျစ်ဆုပ်အောင်
ကိုင်ထားမိပြန်သည်။

📝Papiiသိလား?မနေ့ကPapii Gunကို
အော်တာ အရမ်းဝမ်းနည်းတာဘဲ!?အရင်တုန်းက
အော်တာတွေခံဖူးပမယ့် အခုတစ်ခေါက်က မိန်းကလေး
တစ်ယောက်အတွက် အော်တယ်ဆိုတော့ပိုစိတ်မကောင်းဖြစ်မိတယ်~အဆိုးဆုံးက Papii~Gunကို
မယုံတာဘဲ!!

အရင်ကလိုဆို~ခုချိန် နှုတ်ခမ်းလေးထော်ပြီး စိတ်ဆိုးနေဦးမလား?~~။မုန့်ထုပ်တွေအများကြီးဝယ်ကျွေးပြီး ချော့ချင်ပမယ့်
ချော့ရမယ့်လူကမရှိ~~~~။

📝ဟွန့်~~ဒါပမယ့် စိတ်မပူပါနဲ့နော်~Gunကစိတ်ပိစိလေးဘဲကောက်တာ Papiiကိုချစ်တာမလို့ အပြစ်မယူရက်ဘူး
သိလား~ပြီးတော့အမြဲလဲခွင့်လွှတ်တယ်~~

ခုချိန်~~Off~လက်သေးသေးလေးတွေနဲ့ ထိုးရိုက်နှက်ခံရတာဖြင့် ပို၍နေသာဦးမည်~~~။

📝အဟမ်း~~စိတ်ပိစိလေးပြေဖို့ အပေးအယူတော့ရှိ
တာပေါ့~ပြန်လာရင်~မုန့်နဲ့ချော့ဖို့သာပြင်ထား~~

Offရီမိပြန်သည်~~။တကယ်ပါဘဲ~ဒီကလေးဟာလေ
ခံစားချက်မျိုးစုံဖြစ်အောင်လုပ်နိုင်လွန်းတယ်။

📝ပြန်လာမယ်ဆိုတဲ့စကားကြောင့် ဒီ"အရှုပ်ထုတ်"ကပြန်လာဦးမှာလားဆိုပြီး လန့်မနေနဲ့ဦး~အဟမ်း သိတယ်နော်~
မပူပါနဲ့~အဖြူရောင်ခံစားချက်တွေနဲ့ပြန်လာခဲ့မှာမလို့ စိတ်မပူပါနဲ့

ထင်ချင်ရာတွေစွပ်ရေးထားသောကောင်လေးကို ပြန်လာရင်
အပြစ်ပေးရဦးမည်။ဘာတဲ့"အဖြူရောင်ခံစားချက်"။ထားပါတော့သူ(Gun)ဖြူစင်မှာ။ကိုယ်ဖြူစင်မှာမှ မဟုတ်တာ။

📝အရင်လိုမွှေမယ့် အမွှေစိန်မရှိတော့ အဆင်ပြေနေမယ်ဆိုတာ သိပါတယ်~ ပြေထားပါ~ဒီညီလေးက ပြန်လာရင် ပြန်မွှေမှာမလို့ အနားပေးထားတာ~ဟားဟား

MEANING OF FIRST LOVE...(Z/U)Where stories live. Discover now