21

1.6K 104 19
                                    

Baby  သွားရအောင်လေ
အင်း လာပြီ sehun အတွက်  ပျားရည်ဖျော်ပေးနေလို့
ကိုယ်ကားထဲကစောင့်နေမယ်နော်
အင်း အင်း

ကျွတ် ကျွတ် ခေါင်းမူးလိုက်တာ အင်းးး
ငါညက သောက်တာ များသွားတယ်ထင်တယ်
ဘယ်သူအိမ်လည်း အာ baekhyun တို့အိမ်ပဲ 
sehun လည်း မျက်နှာသစ်ပြီးအောက်ထက်ဆင်းလာတော့
ဘယ်သူမှမတွေ့  ရေသောက်ဖို့ ထမင်းစားခန်းထဲ ၀င်တော့
ရေခဲသေတ္တာမှာ ကပ်ထားတဲ့ note paper လေး
   " Sehun မင်းနိုးလာရင်သောက်ဖို့ ပျားရည်ဖျော်ထားတယ်
ငါမိဘတွေအိမ်သွားတယ်  မင်းပြန်ရင် မိန်းချခဲ့လိုက်နော်
ပြီးတော့ luhan ကို သွားကြိုပြီးချော့လိုက်အုံး ညက ငိုနေတာ မင်းဖုန်းကိုဆက်တာ မင်းအိပ်ပျော်နေတယ်လို့ ပြောလိုက်မှ ဖုန်းမဆက်တော့တာ "
  sehun  နာရီကြည့်တော့  ၁၂ နာရီတောင်ထိုးနေပြီ  baekhyun ဖျော်ခဲ့တဲ့ ပျားရ်ာသောက်ပြီး အိမ်ပြန်ခဲ့တော့တယ်

မေမေ ရေ သားတို့ ပြန်တော့မယ်နော် 
အေးပါ နောက်လည်းလာခဲ့ မေမေ ဟင်းတွေချက်ထားမယ်
သားတို့စားဖို့ယူသွားအုံး
ဟုတ်မေမေ
ကျွန်တော်လိုက်ယူမယ် အန်တီ
အေး သားchanyeol ပဲလိုက်ယူတော့ ဟိုမျောက်လောင်းလက်ထဲဆို မစားရပဲ ဖြစ်သွားမှာ လာ  လာ
ဟဲ့ yura နင်လည်း တက္ကသိုလ်တတ်တယ်ဆိုပြီးလျှောက်မသွားနဲ့အုံး အချိန်နဲ့ပြန်ကြားလား  စာသေချာလုပ်
အင်းပါ  သိပါတယ် ဆရာကြီးသိပ်လုပ်တာပဲ
လုပ်မှာပဲ ငါက နင်အကို  ဆရာမလုပ်ချင်ရင် ငါထက်စောပြီး
လူဖြစ် အခုတော့ ငါက နင်ထက် အရင်ထမင်းစားခဲ့တာ
လျှာမရှည်နဲ့ ဒါပဲ
ဟွန့် ကိုကြီး  chanyeol မို့ ယူတယ်   သမီးသာဆို ဝေးဝေးရှောင်တယ် ဒီလိုလူမျိုးကို   ကန်တော့ပါသေးရဲ့ပဲ
ဟဲ့ ကိုယ်အကိုကို ပြောစရာလား နင်တော့
တယ် ဒီကလေးတွေ ကတော့ အခုထိ ရန်ဖြစ်တုံး
သားchanyeolရေ သားတော့ ဒီကောင်လေးကို တော်တော်ထိန်းရမှာ သားမြင်တဲ့အတိုင်းပဲ
ဟုတ်ကဲ့ပါ  baek က ကျွန်တော်အပေါ်မဆိုးပါဘူး လိမ္မာပါတယ် အန်တီ
အေးပါ အေးပါ
baekhyun တစ်ယောက်ကတော့ စပ်ဖြီးဖြီးနဲ့ yuraကို
အေးဆေးပဲ တွေ့လား ပုစံနဲ့ မျက်ခုံးပင့်ပြီး လျှာထုတ်ပြနေလျှက်
သွားတော့ နောက်ကျနေပြီ   
ဟုတ် သားတို့ သွားပြီ
အေး အေး ကားဖြေးဖြေးမောင်းသွားကြ ကလေးတွေ

My Husband (Z&U) CompleteWhere stories live. Discover now