Part - 10

19.7K 2K 104
                                    

#Unicode

" uncle  တောင်းပန်ပါတယ် တကယ်ကို အနူးအညွှတ်တောင်းပန်ပါတယ် "

" ဒါက တောင်းပန်လိုက်ရုံနဲ့အကုန်အဆင်ပြေသွားရောလား Mr.Kim ... ခင်ဗျားတို့မွှေးလိုက်တဲ့မီးစကဘယ်လောက်ထိကြီးထွားသွားနိုင်လည်းဆိုတာ ခင်ဗျားမသိလို့အခုလိုလုပ်ခဲ့တာလား။ ဒါမှမဟုတ်သိသိရက်နဲ့ ကျုပ်ကိုဒုက္ခပေးချင်လို့လုပ်ခဲ့တာလား "

အရှေ့မှာထိုင်နေသော သားမက်ဖြစ်သူရဲ့ မျက်နှာကိုကြည့်ကာ သူ့တကိုယ်လုံးအငွေ့ပျံသွားချင်လောက်အောင်ကြောက်လန့်နေသည်။ဒီအခြေအနေရောက်မှသူ့မှာတောင်းပန်ရုံကလွဲလျင်ဘာများတတ်နိုင်ဦးမည်နည်း။ ဒါပေမယ့်လည်း သူတို့လုပ်ခဲ့သည့်ကိစ္စကတောင်းပန်ရုံနဲ့ ပြေလည်သွားမည့်ကိစ္စမျိုးမဟုတ်ခဲ့။

" uncle မှာတောင်းပန်ပါတယ်ကလွဲလို့ပြောစရာစကားမရှိတော့ပါဘူး"

" ဘယ်ရှိမလဲ လုပ်ခဲ့တဲ့ကိစ္စက သေးသေးမွှားမွှားမို့လို့လား။  အပ်ကျသံကြားရင်တောင် စိတ်ဝင်စားနေတဲ့ media တွေက ဒီကိစ္စကိုသာသိသွားခဲ့ရင် ။ သွားပြီအဲ့ကျရင် ကျုပ်သိက္ခာတွေကဆယ်လို့တောင်ရမှာမဟုတ်တော့ဘူး။ လုပ်ငန်းမှာစေ့စပ်သေချာသလောက် ယူတဲ့မိန်းမက ယောက်ျားမှန်းမသိ မိန်းမမှန်းမသိတဲ့ငပေါကောင်ဆိုပြီး ကျုပ်ကိုဝိုင်းဟားကြမှာ ။ ခင်ဗျားတို့မွှေးတဲ့မီးက ကျုပ်ကို အရင်ဆုံးလောင်မှာ "

" uncle ဘာလုပ်ပေးရမလဲပြောပါ။ uncle ဘာဘဲလုပ်ပေးရလုပ်ပေးရပြန်ပေးဆပ်ပါ့မယ်။ uncleသားလေးကိုတော့ ခွင့်လွှတ်ပေးပါဗျာ ။ သူကမိဘခိုင်းလို့သာလုပ်ခဲ့ရတာပါ။ ဘာမှအပြစ်မရှိတဲ့ကလေးပါဗျာ "

"ဟက် ခင်ဗျားတို့အချင်းချင်းကျတော့စိတ်ပူတတ်သားဘဲ ။ ဒီမှာအဲ့ကောင်က ကျုပ်အိမ်မှာကောင်းကောင်းစားကောင်းကောင်းအိပ်နေတယ် စိတ်မပူနဲ့။ ခင်ဗျားတို့ဗျာ ...."

တင်းကားနေသောမေးရိုးတွေ နီရဲနေသောမျက်ဝန်း တွေကဒေါသတွေကိုမည်မျှထိန်းချုပ်ထားကြောင်းဖော်ပြနေသယောင်။ ခဏတာပြသနာဆိုသည်ထက် မိမိတို့၏စီးပွားရေးအခြေအနေကြောင့်မတတ်သာလို့လုပ်ခဲ့သည်ဆိုလျင်ပိုမှန်ပါလိမ့်မည်။ သူ့ရဲ့အကြံအစည်တွေကြားမှာ သားလေးကမြေစာပင်လိုဖြစ်ရသည်။ သားမက်ဖြစ်သူရဲ့ သိက္ခာ တွေလည်းဆယ်လို့မရမည့်ဖြစ်ခြင်း။ နောင်တဆိုသည်မှာ နောင်မှရဆိုတဲ့အတိုင်း အခုအချိန်မှအချိန်တွေနောက်ပြန်လှည့်လို့လည်းမရတော့ပေ။

MY LITTLE BRIDEGROOM [ Completed ]Where stories live. Discover now