Part - 18

19K 1.9K 211
                                    

Unicode

1 နာရီနဲ့ ၅ မိနစ်လောက် လေယာဉ်စီးပြီးတဲ့နောက် မှာ JeJu သို့ရောက်သည်။ ဒီရောက်တော့ company ကအဖွဲ့တွေကဘဲလာကြိုကြသည်။ တည်းရမည့်နေရာရောက်တော့ Tae Hyung တယောက်အတော်လေးပင်အူမြူးနေပြီ။ အဖြူရောင် ဘန်ဂလိုလေးတွေ ရှိတဲ့ဒီနေရာကို မလာခင်တည်းကနေ Jung Kook ကိုရအောင်ငှားခိုင်းထားခြင်းဖြစ်သည်။

အခန်းထဲ အထုတ်ပိုးတွေ ချပြီးပြီးချင်း အပြင်ထွက်ဖို့လုပ်နေတဲ့ Jung Kook ကို မြင်တော့ Tae Hyung က အဝတ်တွေထုတ်နေရင်းလှမ်းပြောသည်။

" Jeon ဘယ်သွားမလို့လဲ "

" ကိုယ် site ထဲခဏသွားမလို့ ခဏဘဲ ပြန်လာမှာမလို့နေခဲ့နော် "

" ဟာ ဘာလို့လူကိုထားခဲ့တာလဲ "

" ဟော အခုဘဲရောက်တယ်လေ မင်းပင်ပန်းမှာစိုးလို့ပြောတာလေကွာ "

" ပြီးရောလေ "

အပြင်သွားခါနီးမှ လုပ်နေတဲ့ပုံစံကြောင့် Jung Kook မှာရယ်ချင်လာရသည်။ ထိုင်နေတဲ့ဘေးကို ဝင်ထိုင်ပြီး ခါးလေးကို ဆွဲဖက်တော့ သိပ်ကျေနပ်ချင်ပုံမပေါ်။

" ပြော ဘာဖြစ်နေတာလဲ "

" ဘာဖြစ်တယ်ရယ်လို့တော့မဟုတ်ပါဘူး ရောက်ရောက်ချင်းကြီးကို "

" ကိုယ်ကလူကြီးလေကွာ ပြစ်ထားလို့မှမရတာ "

" အင်းပါ သွားပါ ဒီကလည်းဘာမှမပြောပါဘူး "

ပါးလေးကိုနမ်းတော့ နှုတ်ခမ်းလေးက ဆူပုတ်ပုတ်။ ထော်နေတဲ့ နှုတ်ခမ်းလေးကိုပါ ထပ်နမ်းတော့ မျက်စောင်းလေးကပါ ပါလာပြီ။ အသဲယားလွန်းလို့ညစ်ပြစ်လျင်လည်း ဒါလေးတစစီဖြစ်ရုံအပြင်မရှိ။

" အလုပ်လုပ်စရာရှိတာသွားပါ "

အမယ် အခုကျတော့အသံက မပျော့တပျော့လေး။ တတ်လည်းတတ်နိုင်တဲ့ကောင်လေး။

" ဟုတ်ပြီ ကိုယ်သွားပြီးပြန်လာခဲ့မယ် "

" အင်းပါ "

နှဖူးပေါ်ကို အနမ်းလေးတချက်ပေးပြီး Jeon ကထွက်သွားသည်။ ထုတ်လက်စ အင်္ကျီ တွေကို ကုတင်ပေါ်ပြစ်ချလိုက်သည်။ ဝတ်ထားသမျှအတုအယောင်တွေကိုလည်း အကုန်ဆွဲချွတ်လိုက်သည်။ အခုမှနေရတာ ပေါ့ပါးသွားသလို။ ဘာမှလည်းစားချင်စိတ်ကမရှိ။ ခဏနေညနေစောင်းပြီ ညမှဘဲထွက်စားတော့မယ်။ ပင်လည်းပင်ပန်းနေတာကြောင့် အဝတ်စားလဲပြီး အရင်ဆုံးတရေးအိပ်ဖို့စိတ်ကူးလိုက်သည်။ အိစက်စက်မွေ့ယာရဲ့အထိအတွေ့ကြောင့် ညောင်းညာနေသမျှပြေလျော့သွားရသလို။ ထို့နောက်အိပ်စက်ခြင်းတွေဆီကိုဦးတည်ခဲ့သည်။
.
.
ခဏလေးလို့ပြောသွားပေမယ့် ပြန်ရောက်တော့ ၆ နာရီတောင်ထိုးတော့မယ်။ ကောက်ကွေးလေး ကောက်တော့မှာကိုတွေးရင်း တံခါးအဖွင့် မြင်လိုက်ရတဲ့မြင်ကွင်းက မြတ်နိုးဖွယ်လေးအတိ။ စိတ်ကောက်ပြီး ပြသနာရှာမယ်ထင်ထားတာ ဒီရောက်တော့ အိပ်နေတာသိုးလို့။ အင်္ကျီ ဘောင်းဘီတိုတိုလေးနဲ့ ဖက်လုံးလေးကို ခွအိပ်နေတာကြောင့် တင်ပါးလုံးလုံးလေးက ပိုတင်းတင်း။

MY LITTLE BRIDEGROOM [ Completed ]Where stories live. Discover now