5 Zawgyi

155 19 0
                                    

နယ်မြို့လေးမို့ သိပ်ဖွံ့ဖြိုးမရှိတဲ့အပြင် လူနာကလည်း သိပ်တော့မများလှ။ မြို့ပေါ်နေလူထုနဲ့ နယ်ဘက်နေလူထုတွေက တော်ရုံတန်ရုံနဲ့ ဆေးရုံကိုလာမပြတတ်။ ဖျားသည်နာသည်ဆိုလျှင် ငှက်ဖျားပျောက်ဆေးဆိုသည့် အင်္ဂလိပ်ဆေးအပြင်းစားတွေကို အပြင်ဆေးဆိုင်မှာ ဝယ်သောက်ကြသည်။

တောင်ပေါ်မြို့ဖြစ်သည့်အပြင် နယ်မြေကြမ်းတာမို့ အမ်းမြို့က ငှက်ဖျားထူသည့်မြို့တစ်မြို့ဖြစ်၏။

ဘယ်နေရာကြည့်ကြည့် စိမ်းစိုကာ မှိုင်းညှို့နေသော တောင်တန်းတွေကိုမြင်ရသည်။ ဟိုးဝေးဝေးမှာဆိုလျင် ရခိုင်ပြည်နယ်၏ လွှာတွန့်တောင်တန်းများကိုမြင်ရသည်။

ထိုတောင်တန်းရဲ့ တစ်ဖက်က မကွေးတိုင်းဖြစ်လိမ့်မည်။ တောင်တန်းတွေက ပင်လယ်ရေမျက်နှာပြင်အထက် မည်မျြှမင့်သလဲ သူလည်းမသိပါ။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ မုန်တိုင်းတွေဝင်ရင် ကပ်လျက်ဖြစ်တဲ့မကွေးတိုင်းကို မဝင်တာကတော့ ဒီတောင်တန်းကြီးတွေရဲ့ ကျေးဇူးကြောင့်ဖြစ်လိမ့်မည်။

ယခုဆို သူအလုပ်ဝင်တာ တစ်လဖြစ်နေပြီ။ ဆေးရုံလေးမှာ ဝန်ထမ်းဉီးရေက မများပေမဲ့ ကုတင်၁၀၀ ဆေးရုံအနေအထားအရဆိုလျင်တော့ လုံလောက်သည်ဟု ဆိုရမည်။ ဒါပေမဲ့ အခြေအနေလွန်မှရောက်လာတတ်သော လူနာများကြောင့် သူတို့မှာ အတတ်နိုင်ဆုံးကုသပေးရုံမှလွဲ၍။

တစ်လလောက်အလုပ်လုပ်နေတာမို့ သူလည်း ဒီမြို့က အထာတော်တော်တော့ နပ်နေပါပြီ။

ဖျားချင်နာချင်ဖြစ်နေလျင် ဆေးဆိုင်ကဆေးဝယ်သောက်မည်။ မနိုင်မှ ဆေးရုံကိုလာမည်။ ဆရာမတွေက ဂရုဏာဒေါသနဲ့ အော်မိတော့ ဆရာမတွေအပေါက်ဆိုးတယ် ဖြစ်ရသည်။ ဆေးရုံကိုလာမည်။ တစ်ညလောက်နေပြီး အတင်းတွေ ပြန်ဆင်းပြေးသည်။

ဘာလို့ပြန်ဆင်းပြေးသလဲဆိုတော့ အဓိက ပြဿနာက ပိုက်ဆံမရှိလို့။ မြို့နေလူထုထဲက ပိုက်ဆံရှိမိသားစုများကျပြန်တော့ ဆေးရုံတွင်ဆေးမကုကြပါ။ တောင်တန်းတွေရဲ့တစ်ဖက် မင်းဘူးမြို့နဲ့မကွေးမြို့ဆီ ဆေးသွားကုကြသည်။ ကြံကြံဖန်ဖန်ပါပဲ။

ချစ်သမျှ - ခ်စ္သမ်ွ (Completed)Onde as histórias ganham vida. Descobre agora