နှင်းတွေထူထပ်နေတဲ့ ဆောင်းရာသီရဲ့ December လရဲ့ နေ့ရက်တစ်ရက်မှာ Jung မိသားစုဟာ သူတို့ရဲ့သားငယ်လေး Jung Hoseok ရဲ့ 6 နှစ်မြောက်မွေး နေ့အတွက် မိဘမဲ့ ကျောင်း က ကလေးတွေကို မုန့်တွေဝေပေးဖို့ဆိုပြီး အိမ်မှထွက်လာခဲ့ကြလေတယ်
"ဒီမုန့်လေးတွေကို ကလေးတွေကိုဝေပေးလိုက်ပါနော် မာသာကြီး ဒီနေ့က ကျမသားလေး Jung Hoseok ရဲ့ 6 နှစ်မြောက်မွေးနေ့ဆိုတော့ ဒီကကလေးလေးတွေကိုလဲ ကျွေးမွေးချင်လို့ပါ"
Mrs.Jung ရဲ့ မျက်နှာဟာ ရွှင်လန်းပြီးအပြုံးတွေ
ဝေဆာလို့နေတယ်
ဒီကကလေးသူငယ်တွေကို ကုသိုလ်ပြုရမှာ သူအတော် စိတ်ချမ်းမြေ့နေတဲ့ပုံ"ဟုတ်ကဲ့ပါ အခုလိုလာရောက်လှူပေးလို့ Mrs.Jung ကိုလည်းအရမ်းကျေးဇူးတင်ပါတယ်နော်"
"ဟုတ်ကဲ့ပါ ရပါတယ်"
Mrs.Jungနဲ့ မာသာကြီး တို့စကားပြောနေတုန်း Hoseok တစ်ယောက် မုန့်တွေဝေပေးနေတဲ့
အဆောင်ငယ်လေးထဲကထွက်မည်အလုပ် Namjoon မြင်လိုက်၍"Seokလေးဘယ်သွားမလို့လဲ"
"အကိုJoon ကျတော် ဟိုးသစ်ပင်နားက နှင်းလေးတွေသွားယူချင်လို့ပါ"
သူ့ညီလေးညွှန်ပြတဲ့နေရာကို ကြည့်လိုက်တော့
အဆောင်ရဲ့ မျက်နှာချင်းဆိုင် မလှမ်းမကမ်းမှာရှိနေတဲ့ နှင်းခဲတွေပြွတ်သိပ်နေတဲ့ ခပ်ကြီးကြီးအပင်တစ်ခု
ထိုအပင်ကြီးရဲ့အောက်ခြေနဲ့ဘေးပတ်လည်မှာလည်း
အခြားနေရာများထက်ပို၍ နှင်းခဲများနှင့်ဖွေးဖွေးလှုပ်လျက်"ဟာ Seok လေးကလည်း ဒီမှာ မွေးနေ့အတွက် မုန့်တွေဝေပေးနေရတယ်လေ ... အကို နဲ့ တူတူလာဝေပေး"
"အကို Joon ရယ် ခဏလေးပါ တန်းပြန်လာခဲ့မယ်နော် လုပ်ပါ လုပ်ပါ .... "
အအေးဒဏ်၏ရိုက်ခတ်မှုကြောင့် နီရဲနေသော နှာခေါင်းထိပ်လေးနှင့်အတူ မျက်လုံးလေးကိုမှိတ်ကာ
လက်ဖဝါးလေးနှစ်ဖက်ကို ခပ်မြန်မြန်ပွတ်ပြီး အကူအညီတောင်းခံနေသော ညီလေးဖြစ်သူ ကို
Namjoon မလွှတ်ချင်လွှတ်ချင်နှင့် ခွင့်ပြုပေးလိုက်သည်"အင်းအင်း ဒါဆိုလည်း နှင်းတွေယူပြီးရင်တန်းပြန်လာခဲ့ အကို မုန့်ဝေရင်းစောင့်နေမယ်"
YOU ARE READING
𝘖𝘯𝘭𝘺 𝘠𝘰𝘶𝘳 𝘌𝘹𝘪𝘴𝘵𝘦𝘯𝘤𝘦 •𝑽𝑶𝑷𝑬 •
Fanfiction- 1𝗌𝗍 𝖵𝖮𝖯𝖤 𝖥𝖺𝗇𝖿𝗂𝖼𝗍𝗂𝗈𝗇 ငါ့ အတွက်မဟုတ်တဲ့ ဒီ ရှင်သန်မှူတွေဟာ မင်းအတွက်တော့ ရှုပ်ထွေးစွာ အထမြောက်ကောင်းပါရဲ့