ဝမ်ကောက်ညင်းထုပ် လှလှထုပ်

3.4K 313 13
                                    

25 June, 2020
Happy DragonBoat Festival ပါ.. ❤️💚

တိုတိုကတော့ တိတိလေးကို ဖက်ထဲထည့်ထုပ်ပီး ဆော့နေပါတယ်.. ကလေးလေး အန္တရာယ်ကင်းအောင် အဆောင်အိတ်ကလေးလဲ ပေးကိုင်ထားပါတယ်.. ((တိုရီးကျန့်ပဲ အန္တရာယ်ရှိနေတာ..😆😆)) ဝမ်ဖက်ထုပ်လေးကို ကယ်တင်ပေးလိုက်ကြပါအုံး..😂😂
((DragonBoat Festival ကောက်ညင်းထုပ်ပွဲတော်ရဲ့ ရိုးရာဓလေ့ထုံးစံတွေနဲ့ ပုံထဲထည့်ဆွဲထားတဲ့ Features လေးတွေအကြောင်းအောက်မှာ ရှင်းပြထားပါတယ်.. စိတ်ဝင်စားရင် ဖတ်ကြည့်ကြပါ 😊😊))

DragonBoat Festival ကောက်ညင်းထုပ်ပွဲတော် ဆိုတာ တရုတ်ရိုးရာပြက္ခဒိန်ရဲ့ ငါးလပိုင်း ငါးရက်နေ့မှာ ကျင်းပလေ့ရှိတာပါ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

DragonBoat Festival ကောက်ညင်းထုပ်ပွဲတော် ဆိုတာ တရုတ်ရိုးရာပြက္ခဒိန်ရဲ့ ငါးလပိုင်း ငါးရက်နေ့မှာ ကျင်းပလေ့ရှိတာပါ..
သမိုင်းကြောင်းအစက BC 300 ကျော်လောက်က ချူနိုင်ငံရဲ့ နိုင်ငံတည်ထောင်သူ ထိပ်တန်းအကြံပေးအမတ်ကြီးလဲဖြစ်  ထင်ရှားတဲ့ကဗျာဆရာကြီးတစ်ဦးလဲ ဖြစ်တဲ့ Qu Yuan (ချူးယွမ်) ဟာ ချင်နိုင်ငံရဲ့လက်အောက်ကို ချူနိုင်ငံကျရောက်သွားတာကြောင့် ယူကြုံးမရ ဖြစ်ပြီး ငါးလပိုင်း ငါးရက်နေ့မှာ မိမိကိုယ်ကို မြစ်ထဲမှာ အဆုံးစီရင်သွားခဲ့ပါတယ်..
((ပုံထဲမှာ တိုတိုနောက်က ပန်းချီကားထဲက ချူးယွမ်ပုံပါ.. တရုတ်ပန်းချီကားတစ်ခုထဲက ကူးဆွဲထားတာပါ.. တရုတ်စာလဲ မရေးတတ်ပေမယ့် ကဗျာစာလုံးလေးတွေပါ သေချာ ကူးရေးထားတာပါ 😅😅)) 

လူတွေက ချူးယွမ်ကို ချစ်ကြတော့ သူ့အလောင်းကို ငါးတွေစားမှာ စိုးလို့ဆိုပြီး ကောက်ညင်းတွေကို ကျည်တောက်နဲ့ထည့်.. ရေထဲ ပစ်ချကြပီး ငါးစာကျွေးကြပါတယ်.. နောက်ပိုင်းကျတော့ ဒီ custom အစား ငှက်ပျောဖက်နဲ့ ထုပ်တဲ့ ကောက်ညင်းထုပ်အမျိုးမျိုးကို မိသားစု စုစုဝေးဝေး လုပ်စားကြခြင်းနဲ့ အစားထိုးလာပါတယ်.. မိသားစု ဆုံကြတဲ့ ပွဲတော်စာတစ်မျိုး ဖြစ်လာပါတယ်..
((ကောက်ညင်းထုပ်ပွဲတော်ဆိုတော့ မပါမဖြစ် ကောက်ညင်းထုပ်လေးတွေ ထုပ်ပေးထားပါတယ်.. ဒါပေမယ့်လဲ တိုရီးကျန့်က တိတိလေးကိုမှ ထုပ်စားချင်တာတော့ VD လဲ မတတ်နိုင်ပု.. 😜😜))
နဂါးလှေပြိုင်ပွဲရယ်လို့ အမည်တွင်တာကျတော့လဲ ခုနက ချူးယွမ် အလောင်းကို သူ့ထက်ငါဦးအောင် လှေတွေနဲ့ မြစ်ထဲရှာဖွေကြရာက လှေပြိုင်ပွဲတွေ ဖြစ်လာတယ် လို့ သိရပါတယ်.. နဂါးလှေထွင်းတဲ့ ပညာကလဲ ဘိုးစဉ်ဘေညင်ဆက်အမွေလိုဖြစ်လာပါတယ်.. ဒီမှာ တောင်ကြီး မီးပုံးပျံ ချိုးတဲ့ ပညာလိုမျိုးပေါ့..
((နဂါးလှေပုံလေးလဲ နောက်မှာ ထည့်ဆွဲပေးထားပါတယ်.. နဂါးက ပြောင်စပ်စပ်ဖြစ်သွားတာတော့ ခွင့်လွှတ် 🤣🤣))

တိုတို ❤️ တိတိWhere stories live. Discover now